အခန်း(၅၁၀)

726 85 6
                                    

အခန်း(၅၁၀)

လမ်းတစ်လျှောက် အရှုပ်အထွေးများ။






Gu Qishao ၏ အရိပ်အယောင်မရှိသော်လည်း Han Yunxi မှာ လူအုပ်ကြားတွင် ရင်းနှီးသောမျက်နှာတစ်ခုအား မြင်လိုက်ရသည်။ သူက နူးညံ့သိမ်မွေ့သော အပြုံးဖြင့် လူများအလယ်တွင် ရပ်နေပြီး သူ၏ ချောမောသော အသွင်အပြင်အပေါ်တွင် နေရောင်မှ ဖြာကျနေကာ လောကတစ်ခွင်အား  အလင်းပေးနေသကဲ့သို့ပင်။ Han Yunxi မှာ သူ၏ အကြည့်တွင် ဖော်ညွှန်း၍ မရနိုင်စွာ ပြုံးလိုက်တော့သည်။ ထိုကဲ့သို့သော ငြိမ်သက်မှု၊ အေးချမ်းမှုနှင့် နွေးထွေးမှုမှာ သူ့အား စည်ကားနေသော လူများနှင့် ကင်းကွာစေကာ ဆူညံသံများနှင့်လည်း သူမအား ခွဲထားပေးပုံရသည်။ အေးမြသောဆောင်းနေ့တွင် ဧပြီနွေဦး​၏ လေနုအေး သို့မဟုတ် ပူနွေးသောနေရောင်ခြည်မှ သူမ၏မျက်နှာအား ပွတ်သက်ဖြတ်ကျော်သွားသကဲ့သို့ ခံစားလိုက်ရသည်။

Gu Beiyue မတွေ့တာကြာပြီ။

ပုန်ကန်တပ်များမှာ ထျန်းနင်၏နန်းတော်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဧကရာဇ် Tianhui မှာ မြို့ပြင်သို့ ညတွင်းချင်း ထွက်ပြေးခဲ့သည်။ Han Yunxi မှာ ထိုသူမှ Gu Beiyue အား သူနဲ့အတူ ခေါ်သွားခဲ့မည်ဟု မူလက ယူဆထားခဲ့သော်လည်း ယခုတွင် သမားတော်မှာ ဤနေရာသို့ ရောက်နေသည်။ Gu Beiyue မှာ လူအုပ်ထဲမှ ထွက်လာလျှင် ခုနစ်ယောက်မြောက်မဒမ်နှင့်  Baili Mingxiang မှာ နောက်ဆုံးတွင် သူ့အား သတိထားမိသွားကြသည်။အသေအချာပင် Long Feiye မှာ သူ့အား လူအုပ်ထဲတွင် သတိပြုမိထားသည်မှာ ကြာပြီဖြစ်သည်။ Gu Beiyue မှာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဟု မဆိုနိုင်သော်လည်း လူတိုင်းနှင့် အလွန်သင့်မြတ်သည်ဟု ဆိုရမည်။ ဟန်မိသားစုမှာ သဘာဝကျစွာပင် သူ့အား အလွန် သဘောကျကာ Baili Mingxiang နှင့် Su Xiaoyu မှာလည်း အလားတူပင်။ လူတိုင်းမှာ သူ့အား နှုတ်ဆက်ရန် လာလိုက်ကြသော်လည်း Gu Beiyue မှာ ရုတ်တရက် လက်ဆုတ်ကာ တံခါးသို ဦးညွှတ်ပြလိုက်လေသည်။ ထို့နောက် သူက Han Yunxi  အား မေးလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး ဒီမြင့်မြတ်တဲ့ ဆေးပေးခန်းမှာ ထိုင်ဖို့ သမားတော်လိုအပ်မလားဆိုတာ ရဲတင်းပြီး မေးပါရစေ။ ဒီလူက တာဝန် ထမ်းရွက်ဖို့ ဆန္ဒရှိပါတယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now