အခန်း(၅၆၈)

970 92 23
                                        

အခန်း(၅၆၈)

လျှို့ဝှက်ချက်၊တစ်လောကလုံးသိနေတယ်။


Tang Li ရဲ့  သတို့သမီးလောင်း နောက်ခံက ဘယ်လိုလဲ။

Tang Li မှာ  ရယ်မော၍ နေလေသည်။ “ငါ… မသိဘူး။”

သူက နောက်နေသည်ဟုသာ Han Yunxibမှ  ထင်နေလေသည်။ “ရှင် ကျွန်မကို လျှို့ဝှက်ပြီး ပြောပြလို့ရတယ်။ ကျွန်မ ရှင့်ကို မရောင်းထုတ်ဘူး။"

Tang  Li  မှာ ဆက်လက်၌ ရယ်မောနေသည်။ “ငါ တကယ်မသိဘူး။ တကယ်လို့ မင်း သိရင်လည်း ငါ့ကို  မပြောပြနဲ့။ ငါမသိချင်ဘူး။"

ထိုအမျိုးသမီးမှာ သူက မဟုတ်ပဲ ဖခင်ဖြစ်သူမှ ရွေးချယ်ခဲ့သောကြောင့် သူမအား လက်ထပ်မည့်အစား ဘဝတစ်လျှောက်လုံး တစ်ကိုယ်တည်းနေလိုက်မည်။ 
လက်ရှိတွင် Han  Yunxi  မှာ Long Feiye နှင့် မြင်းတစ်စီးတည်း ဝေမျှကာ သူ၏ရင်ခွင်ထဲတွင် မှီထားသည်။ သူမက Long Feiye အား သံသယများဖြင့် မော့ကြည့်ကာ မေးလိုက်သည်။ "ရှင်သိတယ်ဟုတ်လား။"

Long Feiye ၏ တုံ့ပြန်မှုကြောင့် သူမက ပို၍ပင် စကားမဆိုနိုင်တော့ပေ။ "မင်းရဲ့ အရှင်က စူးစမ်းဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားဘူး။"

Tang  Li ရဲ့ အမျိုးသမီးမိသားစု နောက်ခံသမိုင်းကို စစ်ဆေးဖို့ အနှောက်အယှက်အဖြစ်မခံပဲ သူ့ကို မင်္ဂလာပွဲက လွတ်နေအောင် တစ်နှစ်ကျော် ကူညီပေးခဲ့တာလား။ အဆုံးတွင် Han  Yunxi  မှာလည်း ရယ်မောရင်း အဆုံးသတ်သွားတော့သည် ။

“ကျွန်မတို့နောက်ကို လိုက်နေတဲ့ သူတွေအားလုံးက ကိုယ်ခံပညာ ကျွမ်းကျင်သူတွေချည်းပဲ။ သူတို့ရဲ့ မူလဇစ်မြစ်က လုံးဝ မရိုးရှင်းဘူးလို့ ထင်တယ်။”

ထန်လီမှာ သူမ၏စကားကြောင့် ထိတ်လန့်သွားတော့သည်။ “အဲဒီတုန်းက ဒီသခင်လေးကို ဝိုင်းဖို့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ၅၀ ကျော်တောင် သူတို့က လွှတ်လိုက်တယ်။ ငါသူတို့ကို သစ်တော်ပန်းမိုးဖွဲအပ်သာ  မသုံးခဲ့ဘူးဆိုရင်  နောက်ဆက်တွဲ  ဆိုးကျိုးတွေက မတွေးဝံ့စရာပဲ။”

“သူတို့က ကြေးစားမြို့တွေထဲက တစ်ခုဖြစ်နိုင်လား။သမီးတော်များမြို့လိုလေ။" Han Yunxi မှမေးလိုက်သည်။ သူမ၏ စူးစမ်းလိုစိတ်မှာ တုန်လှုပ်စရာပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now