အခန်း(၅၈၆)

874 81 22
                                        

အခန်း(၅၈၆)

ပေါ့ပါး လွတ်လပ်နေခြင်း။






Chu Yunyi အတွက် ဧကရီ Xue အား စစ်သူကြီးချူ၏လက်သို့ ပို့ဆောင်ကာ သူမအား သူတို့၏ ဆွေးနွေးညှိနှိုင်းမှုအတွင်း ချူမျိုးနွယ်၏ နယ်ရုပ်အဖြစ် အသုံးချရန် ပိုအရေးကြီးသည်။ သူပုန်စစ်တပ်မှ သူတို့၏ဧကရီအား ပြန်ပေးဆွဲသွားခြင်းမှာ အနောက်ကျိုးအတွက်  အကြီးကျယ်ဆုံးဟာသနှင့် အနက်ရှိုင်းဆုံး အရှက်ကွဲမှုဟု ဆိုရလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ဧကရာဇ် Kang Cheng မှာ ချူမျိုးနွယ်၏ အင်အားအား  စစ်ဆေးရန်နှင့် တပ်များအား လျှော့ချရန် အလွဲသုံးစားလုပ်မှုမှ အခွင့်အရေးအား ဆုပ်ကိုင်လိုက်နိုင်သည်။ မဟုတ်လျှင် သူတို့က အနောက်ကျိုးအား လက်တစ်ဖက်တည်းနှင့် ဖျက်ဆီးနိုင်လိမ့်မယ်။

ချူမျိုးနွယ် တပ်ဖွဲ့များမှာ ယခုအခါ အနောက်ကျိုးတွင် ပရမ်းပတာဖြစ်စေခဲ့သော်လည်း ဧကရာဇ် Kang Cheng ၏ ပေါင်းစပ်တပ်များနှင့် မယှဉ်နိုင်ကြသေးပေ။ ချူမျိုးနွယ်မှာ သူတို့၏တပ်များအား ဤနေရာတွင် ဖြုန်းတီးရန် မတတ်နိုင်ပေ။ သူတို့၏ အကြံအစည်များမှာ အနောက်လျန် တွင် အင်အားစုစည်းရန် အာရုံစိုက်ကာ အနောက်ကျိူး ၏ အရှေ့စွန်းရှိ နယ်စပ်မြို့လေးမြို့အား သိမ်းပိုက်ရန်ပင်။ ထို့နောက် Tianning ရှိ အင်အားနှင့် သူတို့၏တပ်များအား စုစည်းလိုက်လျှင် အနောက်ကျိုး၏စစ်သားများအား နှိမ်နင်းနိုင်လောက်ပြီး ဖြစ်နိုင်ချေရှိသောစစ်ပွဲအား အဆုံးသတ်နိုင်လိမ့်မည်။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေဖြင့် Chu Yunyi မှာ အာဏာပိုင်တစ်ဦး၏ ကန့်သတ်ချက်များနှင့် လုပ်ပိုင်ခွင့်များကို သိနေလေသည်။ ဧကရာဇ် Kang Cheng မှာ တိုင်းပြည်တစ်ပြည်၏ အကြွင်းမဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်နိုင်သော်လည်း သူ့တွင် အကန့်အသတ်များရှိနေဆဲဖြစ်သည်။ အကယ်၍ နောက်ထပ်သုံးလအတွင်း သူ၏ စစ်သားများမှာ ဧကရီအား ကယ်တင်နိုင်ခြင်းမရှိဆိုလျှင် ဝန်ကြီးများနှင့် အရာရှိများမှာ တိုင်းပြည်အကျိုးအတွက် သူမအား ပစ်ပယ်ရန် တိုက်တွန်းတော့မည်မှာ သေချာနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now