အခန်း(၄၅၄)

1.3K 143 24
                                        

အခန်း(၄၅၄)

မင်းက မင်းရဲ့ အရှင်ရဲ့ ဝမ်ဖေးပဲ။





သူမ၏ သန့်စင်သော အဖြူရောင် ပိုးထည် အတွင်းဝတ် (dudou)မှာ သိမ်မွေ့ကာ လက်ရာမြောက်လှပြီး သူမအား ပို၍ သေးသွယ်ကာ ပြေပြစ်စေသည်။  Long Feiye မှာ သူမ၏ ပုံရိပ်အား တစ်ချက်သာ မြင်လိုက်သော်လည်း ၎င်းမှာ သူ၏ အာရုံခံစားမှုများအား ထိခိုက်စေသော မြင်ကွင်းတစ်ခုဖြစ်နေသည်။ Han Yunxi မှာ သူမ၏ အရာအားလုံးအား စောင်အောက်တွင် ဖုံးထားသော်လည်း သူ၏ အကြည့်များမှာ သူမ၏ ကိုယ်ပေါ်တွင်သာ ရစ်ဝဲနေသည်။

သူက ဘယ်တွေ ကြည့်နေတာလဲ။

Han Yunxi မှာ အံ့ကြိတ်ကာ ရှက်ရွံ့စွာဖြင့် ပြန်လည်၍ စိုက်ကြည့်လိုက်သည်။ Long Feiye မှာ မှင်သက်ကာ သူက ထို့သို့အတွေးများတွင် ပျောက်ဆုံးသွားသည်အား အံ့အားသင့်နေသည်။ အချိန်များစွာ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် သူမက အဝတ်အစား လုံးလုံးလျားလျား ဖယ်ရှားထားကာ နေရာတွင် လှဲလျောင်းနေခဲ့ခြင်း ဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ နှစ်ယောက်မှာ တိတ်ဆိတ်စွာ ထိုင်နေကြပြီး တစ်ယောက်၏ မျက်လုံးများထဲသို့ တစ်ယောက်မှ ကြည့်ရှုနေကြသည်။

မကြာခင် Long Feiye ၏ မျက်လုံးများမှာ ပို၍ ရဲတင်းလာကာ Han Yunxi ၏ မျက်လုံးများမှတစ်ဆင့် သူမခန္ဓာကိုယ်ပေါ် နိမ့်ဆင်းလာသည်။ ထိုသည်အား ခံစားမိလျှင် Han Yunxi မှာ ပို၍ မျက်ခုံးကျုံ့ကာ သူ့အား စူးစိုက်ကြည့်လိုက်သည်။ သူမအတွက် ကံမကောင်းသည်မှာ Long Feiye မှာ သတိမပြုမိပေ။ သူ၏ မှင်သက်နေမှုမှာ စက္ကန့်ပိုင်းသာ ကြာပြီးနောက် အကြည့်များမှာ သားရဲတစ်ကောင်မှ သားကောင်အား ဖမ်းဆီးမိသကဲ့သို့ စူးရှပြင်းထန်လာတော့သည်။

ခဏတာ အခန်းတွင်း၌ မရေရာသော လေထုမှာ ပြည့်နက်နေသည်။

သူ၏ စူးရှသော အကြည့်အောက်တွင် Han Yunxi ၏ နှလုံးသားမှာ ရင်ထဲတွင် ခုန်ပေါက်နေတော့သည်။ သူ၏ စူးစိုက်ကြည့်နေမှုကြောင့် သူမက ဖြည်းညင်းစွာဖြင့် မဝံ့မရဲ ဖြစ်လာကာ ခေါင်းငုံ့လိုက်တော့သည်။ သူမအား ဖုံးကွယ်ထားသော ပိုးထည်စောင်မှာ အေးမြသော်လည်း သူမ၏ တစ်ကိုယ်လုံးမှာ မီးလောင်နေသကဲ့သို့ ခံစားနေရသည်။ သူမက သူမကိုယ်သူမ လုံလောက်စွာ ထိန်းသိမ်းရန် လိမ္မာမှုရှိကာ အခြားသူများအား ထွင်းဖောက်မြင်နိုင်သော်လည်း ယခုအချိန်တွင် ထိုအရာများ ပျောက်ဆုံးသွားဟန်တူသည်။ သူမအား မျက်နှာရှေ့တွင် စူးစိုက်ကြည့်နေသည့် ပစ္စုပ္ပန်သာ ရှိနေပြီး အတိတ်နှင့် အနာဂါတ်မှာ အရေးမပါတော့ပေ။ သူမက ဘာလုပ်ရမည်မှန်း မသိတော့ပဲ မည်သည့်အရာ ဖြစ်လာနိုင်လဲ ဆိုခြင်းအားလည်း မစဥ်းစားဝံ့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now