အခန်း(၅၈၈)

930 89 14
                                        

အခန်း(၅၈၈)

ဒီမျိုးနွယ်၏ သွေးရင်များ။





ထိုသတင်းမှာ  Chu Qingge ၏ အချိန်အစောမီးဖွားခြင်းထက် ပို၍အံ့သြစရာဖြစ်နေသည်။ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှာ  ချူမျိုးနွယ်အား ထောက်ခံကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပြီး သူတို့အား ရိက္ခာ နှင့် လက်နက် အမြောက်အမြား ထောက်ပံ့ပေးမည်ဟုပင် ကတိပြုခဲ့သည်။

"သူတို့ပဲဖြစ်ရမယ်.. ဒီမျိုးနွယ် က သူတို့ပဲ ဖြစ်ရမယ်။” Tang Li မှာ သတင်းကြောင့် သိသိသာသာ ထိခိုက်ခံလိုက်ရသည်။

"အတိအကျပဲ။ သခင်ကြီး...  Chu Tianyin က လိမ်နေတာပါ။ ချူမျိုးနွယ်က ဒီမျိုးနွယ်ကို ရှာတွေ့ပြီး သူတို့နဲ့ မိတ်ဖွဲ့ခဲ့တာ ကြာလောက်ပါပြီ။” Chu Xifeng မှာ  နှုတ်ချက်ပေးလာသည်။ အရှင့်သားချင်ဝမ်မှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းအား Ouyang Ning Nuo နှင့် Jun Yixie တို့မှ ငါးဖမ်းကျွန်းတွင် မပူးပေါင်းမီကပင် အချိန်အတော်ကြာ စုံစမ်းနေခဲ့သည်။ သူတို့၏ စုံစမ်းမှုများမှာ Long Feiye ၏ သံသယမှ ရလဒ်ကြောင့် ဖြစ်သည်။

တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှာ ငွေရှာရန်အတွက် နယ်စပ်တွင် ၎င်း၏စီးပွားရေးလုပ်ငန်းများအား မှီခိုခဲ့သော်လည်း နှစ်အနည်းငယ်အတွင်း နာမည်ကျော်ကြားမှုမှာ တစ်ရှိန်ထိုး တိုးမြင့်လာခဲ့ကာ ထျန်းနင် နှင့် အနောက်ကျိုး တစ်လျှောက်လုံးတွင် အိမ်ခြံမြေနှင့် စက်မှုလုပ်ငန်းများစွာ ရရှိခဲ့သည်။ သူတို့က မြောက်ပိုင်းလီသို့ပင် လမ်းကြောင်းဖောက်လုပ်နေကြသည်။ ထိုသို့သော အထောက်အပံ့များအတွက် လုံလောက်သော ရန်ပုံငွေမရှိလျှင် မည်သို့ဖြစ်လာနိုင်မည်နည်း။ ရင်းနှီးမြုပ်နှံမှုမရှိပဲ မည်သည့်လုပ်ငန်းမဆို ရုတ်ချည်း တိုးတက်လာနိုင်မည်နည်း။ 

ချင်ဝမ်မှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုအား ဒီမျိုးနွယ်မှ ထိန်းချုပ်ထားသည် သို့မဟုတ် ၎င်းမှာ ဒီမျိုးနွယ်၏  ရှေ့တန်းသရုပ်ဖြစ်သည်ဟု တစ်ချိန်က သံသယဝင် နေခဲ့သည်။ ယခုတွင် အမှန်တရားမှာ ထွက်ပေါ်လာလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now