အခန်း(၄၄၀)
မြင့်မြတ်သော မိသားစုများမှ မျိုးဆက်များ။
Jun Yixie မှာ Bai Yuqiao အား ကြည့်ပင် မကြည့်တော့ပဲ ပုခုံးရှိ အပ်များအား ကြမ်းတမ်းစွာ ဆွဲနုတ်လိုက်သည်။
“ဆရာက ဘယ်မှာလဲ။”
Bai Yuqiao မှာ သူ့အား လှည့်ပတ်ကာ ရှေ့တွင် ရပ်ကာ ပြုံးလိုက်သည်။ “ဒီကိုလာပြီး တောင်းပန်။ တောင်းပန်ရင် ပြောပြမယ်။”
Jun Yixie မှာ ယခုနောက်ပိုင်းတွင် စိတ်အခြေအနေဆိုးရွားနေကာ သူမ၏ စကားများကြောင့် လက်သီးဖြင့် ရွယ်လိုက်တော့သည်။ Bai Yuqiao မှာ သူမ၏ ဆရာတူအစ်ကိုအား အလွန်ကောင်းမွန်စွာ နားလည်ထားပြီး ရှောင်တိမ်းလိုက်သည်။ “ဆရာက ဆိပ်ကမ်းမှာ စောင့်နေတယ်။"
Jun Yixie မှာ သူမအား သတိပေးသကဲ့သို့ ကြည့်လိုက်ပြီး ပင်လယ်သို့ လှည့်ကြည့်လိုက်သည်။ သူက ခရီးတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး ထိုညတွင် သူတို့၏ လှေမှာ ကမ်းခြေသို့ရောက်သွားလေသည်။ သူက ကမ်းခြေသို့ ရောက်လာသည်နှင့် ပထမဆုံး ပြုလုပ်သည်မှာ ဆရာဖြစ်သူအား ရှာဖွေခြင်း မဟုတ်ပဲ လက်အောက်ငယ်သားများအား ကိစ္စသုံးခု ခိုင်းစေလိုက်ခြင်းဖြစ်သည်။
ပထမ --- မြောက်ပိုင်းလီ Kang မြို့စားမှာ ပိုင်လီရေတပ်၏ အစောင့်အကြပ်အား ဖြတ်ကျော်ကာ ငါးဖမ်းကျွန်းမှ ထွက်လာပြီ ဖြစ်ကြောင်း သတင်းဖြန့်ရန် ဖြစ်သည်။
ဒုတိယ ---- သမီးတော်များမြို့တော်နှင့် ကြောင့်ကြမဲ့မြို့တော်သို့ ရွှေဖြင့် လူများ စေလွှတ်ကာ ကြေးစားအဖွဲ့ကြီးများ ငှားရမ်း၍ Gu Qishao အား လိုက်လံ သတ်ဖြတ်ရန် ဖြစ်သည်။
တတိယ ---- မြောက်ပိုင်းလီမှ Ouyang Ningruo ၏ စီးပွားရေးများအား သိမ်းဆည်းကာ နယ်စပ်ရှိ ထျန်းနင်နှင့် အရောင်းအဝယ်များအားလုံး ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။
သူက အသက်ရှင်လျက် ငါးဖမ်းကျွန်းမှ ထွက်လာနိုင်ပြီ ဖြစ်သဖြင့် သူ့အား အရှက်ခွဲခဲ့သည့် မည်သူမဆို တန်ဖိုးအား ပေးဆပ်ရမည်။ သူက ထိုကိစ္စများ ပြီးဆုံးသွားသည်နှင့် သန့်ရှင်းရေးလုပ်ကာ Bai Yangqing အား တွေ့ဆုံရန် Bai Yuqiao အား လိုက်ပို့ ခိုင်းလိုက်သည်။ သူတို့က ဆရာဖြစ်သူနှင့် တွေ့ရန် သွားနေစဥ် နောက်ဆုံး၌ Jun Yixie မှာ သူ၏ ဆရာတူညီမနှင့် စကားစလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
