အခန်း(၅၉၆)

958 100 17
                                        

အခန်း(၅၉၆)

နန်းမွေခံက ရှိနေသေးတယ်။






Chu Yunyi  မှာ အဖြူရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်နှင့် ရောက်လာချိန်တွင် Nang Cheng  မှာ စိတ်ရှည်မှု ကုန်ဆုံးကာ ပြန်သွားရန် အသင့်ဖြစ်နေသည်။ Nang Cheng  မှာ  Gu Beiyue အား ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်ကာ မည်သို့သော အထင်အမြင်မှမရှိချေ။ သူ၏ ထောင်လွှားသော အကြည့်မှာ ထိုအမျိုးသားအား ခေါင်းအစခြေအဆုံး စစ်ဆေးနေပြီး ပုခုံးနှင့် ခြေထောက်ရှိ ဒဏ်ရာအား များစွာ စဥ်းစားမိခြင်း မရှိပေ။

သူတို့က သူ့ကို ဖမ်းတုန်းက ပစ်ခဲ့တာ ဖြစ်ရမယ်။

Gu Beiyue  မှာ ခေါင်းငုံ့ထားပြီး ပုံရိပ်တစ်ခုလုံးမှာ အသက်မဲ့နေသကဲ့သို့ပင်။ သူက စိတ်မပါလက်မပါ ရပ်နေပြီး အချိန်မရွေးလဲကျတော့မည်ကဲ့သို့ အားနည်းနေဟန်ရှိသည်။

“နာမည်ကျော် သမားတော်လား။” Nang Cheng  မှာ အထင်အမြင်သေးစွာ မေးမြန်းလိုက်သည်။ Han Yunxi  မှာ ထိုကဲ့သို့ လူတစ်ယောက်နှင့် မည်သည့်အတွက်ကြောင့် ဆက်ဆံရေးကောင်း ရှိနေကြောင်း သူက အဖြေမထုတ်နိုင်ပေ။ သူမက Long Feiye ၏ မျက်လုံးအား ဖမ်းစားနိုင်သည်အထိ ထူးခြားနေလျှင် သူမ၏ မိတ်ဆွေများမှာလည်း ထူးခြားနေသင့်သည် မဟုတ်လော။ သို့တိုင် ထို Gu Beiyue  မှာ သမားတတစ်ယောက်နှင့် မတူပဲ ပျော့ညံသော စာပေသမားတစ်ယောက်ဖြင့်သာ ဆင်တူလေသည်။

“ဒါ မင်းလိုချင်တဲ့လူပဲ။"  Chu Yunyi  မှာ မည်သည့်အရာမှ ဖော်ထုတ်ခြင်း မပြုပဲ ရိုးရှင်းစွာ ပြောလိုက်သည်။

Nang Cheng  မှာ ထိုစကားများ နောက်ကွယ်ရှိ ဆိုလိုရင်းအား နားလည်နေသည်။ သူကလည်း သူ၏ ဇစ်မြစ်အား အလွယ်တကူ ဖော်ထုတ်မည် မဟုတ်ပေ။ ခေါင်းငြိမ့်ကာ သူက Gu Beiyue  အား ကော်လံမှဆွဲကာ ခေါ်သွားရန် ပြင်လိုက်စဥ် Gu Beiyue  မှာ ရုတ်တရက် သူ၏ လက်အား တွန်းထုတ်လိုက်သည်။

“ကျွန်တော်က ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တယ်။” သူက ပြောလိုက်သည်။ သူ၏ အသံမှာ အလွန်တိုးညင်းလှကာ စိတ်ဓါတ်ကျနေဟန်ရှိနေပြီး ပုံမှန် နွေးထွေးတည်ငြိမ်မှုများ ပျောက်ဆုံးနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now