အခန်း(၄၄၇)
သူက တကယ်ပဲ သူမကို ထပ်မလိုချင်တော့ဘူးလား။
Han Yunxi က အနောက်ချင်မင်းမျိုးနွယ်ရဲ့ နန်းမွေခံမဟုတ်ဘူး။
ထိုသတင်းမှာ Chu Tianyin အတွက် ထိုးနှက်ချက်ဖြစ်ရုံသာမက ချူမျိုးနွယ်တစ်ခုလုံးအတွက်လည်း ထိုးနှက်ချက်ဖြစ်သည်။ Chu Tianyin မှာ ဤဖြစ်နိုင်ချေအား စတင်ကာ စုံစမ်းခဲ့ချိန်တွင် သူ၏ ဖခင်ဖြစ်သူမှ တာဝန်ပြီးမြောက်ရန် သုံးနှစ်အချိန်ပေးခဲ့သည်။ ၎င်းမှာ နန်းမွေခံအား ရှာဖွေရန် အချိန် လုံလောက်သည်ထက်ပိုကာ ထျန်းနင်တွင် အင်အားဖြန့်ကျက်နိုင်လိမ့်မည်ဟု သူက ယူဆခဲ့သည်။
သို့သော် ယခုတွင် သဲလွန်စမှာ မှားယွင်းနေကာ သူက နောက်ထပ် သဲလွန်စအား မည်သည့်နေရာမှ ရှာဖွေရတော့မည်နည်း။
သူ၏ သခင်ဖြစ်သူမှ တိတ်ဆိတ်သွားသည်အား မြင်လျှင် ကင်းထောက်မှာ နောက်ဆုတ်သွားသင့်ပြီမှန်း သိနေသော်လည်း သူက မနေနိုင်ပဲ မဝံ့မရဲဖြင့် ပြောလိုက်သည်။ “သခင်လေး.. သူတို့က Yu’er လေးကို သစ်ပင်မှ ဆွဲထားပါတယ်…”
သူမက အလွန်မြင့်မားသော နေရာတွင် ရှိနေသဖြင့် သူမအား ဖမ်းဆီးထားသူများမှာ လာရောက်ကယ်ဆယ်မည့်သူများအား မြှားထုတ်နေမှန်း ထင်ရှားလှသည်။ ၎င်းမှာ သိသာလှသည့် ထောင်ချောက်ဖြစ်သော်လည်း Yu’er လေးမှာ သခင်ဖြစ်သူမှ ကိုယ်တိုင် ခေါ်ဆောင်လာသူ ဖြစ်သည်။ သူက သူမအား လေ့ကျင့်ပေးရန် အချိန်များတွင် ကုန်ဆုံးခဲ့ပြီး ယခုကဲ့သို့ ဆုံးရှုံးရခြင်းမှာ ဝမ်းနည်းနောင်တရစရာဖြစ်သည်။ သခင်လေးရဲ့ အမိန့်အောက်မှာ စွမ်းရည်ရှိတဲ့သူ အများကြီး ရှိပေမယ့် ဘယ်သူမှ Yu’er လေးလောက် တည်ငြိမ်ထက်မြက်ပြီး မပါးနပ်ကြဘူး။ ဒါ့အပြင် သူမက ပစ်မှတ်ဆီကနေ သံသယမရှိပဲ ကူညီပေးနိုင်တဲ့သူပဲ။
မည်သို့ပင်ဖြစ်စေ Chu Tianyin မှာ ဝမ်းနည်းဟန် အရိပ်အယောင်ပင် မပြပဲ အမိန့်ပေးလိုက်သည်။ “ငါတို့ လူတွေ အကုန်ပြန်ခေါ်ထားပြီး တာဝန်ကို ယာယီရပ်ထားလိုက်။" သူက ချင်ဝမ်အိမ်တော် ပတ်ဝန်းကျင်တွင် ကင်းထောက်များစွာ ထားရှိခဲ့ပြီး အစေခံများအား စုံစမ်းကာ လာဘ်ထိုးနိုင်ရန် ရည်ရွယ်ခဲ့သည်။ လူသစ်လွှတ်ခြင်းထက်စာလျှင် ယုံကြည်ရသော အတွင်းလူရှိနေခြင်းက ပိုကောင်းသည်။ သို့သော် ယခုအချိန်တွင် Su Xiaoyu မှာ သူလျှိုဖြစ်ကြောင်း ပေါ်သွားသဖြင့် သူက ချက်ချင်း နောက်ပြန်ဆုတ်ရမည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
