အခန်း(၄၇၉)

1.1K 110 18
                                        

အခန်း(၄၇၉)

ချင်ဝမ်အိမ်တော်ကို ဘယ်သူပြောင်းလာလဲ။






“စာချုပ်ရေးထားတာ ဘာအသုံးဝင်တော့မှာလဲ။"
Ouyang Ningnuo  မှာ လက်ထဲရှိ စာရွက်အား စုတ်ဖြဲလိုက်တော့သည်။ သူက ဘဝတွင် အလွန်ဆိုးရွားစွာ ရှုံးနိမ့်ပြီးနောက် မှောင်ခိုဈေးမှ ထွက်လာစဖြစ်သည်။ သူက အဆုံးစွန်အထိ ရှုံးနိမ့်ခဲ့သည်။ သူက ပြောခဲ့သည့် သဘောတူညီချက်တွင် ဆေးနတ်ဆိုးဆေးပေးခန်းနှင့် ဆေးဝါးမြို့တော်မှ မည်သည့် စီးပွားရေးမဆို စွက်ဖက်ခြင်း ပြုမည် မဟုတ်ပဲ အတုံ့အလှည့်အနေဖြင့် Long Feiye  မှာ Zhangsun Zelin  ၏ အခြား စီးပွားရေးများအား မထိရပေ။ Long Feiye  မှ ကမ်းလှမ်းချက်အား အလွယ်တကူ သဘောတူညီခဲ့ချိန်တွင် Ouyang Ningnuo  မှာ ပဟေဌိ ဖြစ်နေခဲ့သော်လည်း သူတို့၏ သဘောတူညီချက်တွင် သူက ဟာကွက် ရှာမတွေ့ခဲ့ချေ။ သို့တိုင် Long Feiye  မှ မှောင်ခိုဈေးတစ်ခုလုံးအား ဖောက်ခွဲလိုက်မည်ဟု သူက မထင်မှတ်ထားပေ။

အဆုံးတွင် သူက ကောင်းကင်နယ်ပယ်မှောင်ခိုဈေး၏ အခြားခေါင်းဆောင်ဖြစ်နေသည်။

Zhangsun Zelin  မှ ချူမျိုးနွယ်နှင့် ပူးပေါင်းကာ ယမ်းမှုန့်များ လျှို့ဝှက်သိုလှောင်နေသည်အား သိရှိခဲ့ချိန်တွင် ကောင်းကင်နယ်ပယ်မှောင်ခိုဈေးအား တစ်ကိုယ်တည်း ဝါးမြိုနိုင်ရန်အတွက် ထိုအမျိုးသားအား အနိုင်ယူရန် နည်းလမ်း ရှာဖွေနေခဲ့သည်။ Gu Beiyue  မှ ဆေးနတ်ဆိုးဆေးပေးခန်းအကြောင်း ထုတ်ပြောလာချိန်အထိ သူက နည်းလမ်းရှာမတွေ့ခဲ့ပေ။ Long Feiye မှ  Zhangsun Zelin ၏ ဆောင်ရွက်မှုအား သိသွားသည်နှင့် ထိုသူမှာ အနည်းနှင့်အများ ပြီးဆုံးသွားပြီ ဖြစ်သည်။Ouyang Ningnuo  မှာ  Long Feiye  မှ လှုပ်ရှားကာ Zhangsun Zelin အား လမ်းဆုံးအထိ တွန်းပို့မည်အား စောင့်နေသည်။ ထို့နောက် သူက အကျိုးအမြတ်များအားလုံး သိမ်းယူကာ ကောင်းကင်နယ်ပယ်မှောင်ခိုဈေး၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်လာလိမ့်မည်။

သို့သော်……

သူ၏ လှပသော အိပ်မက်လေးမှာ Long Feiye ၏ မီးလျှံများမှ လောင်ကျွမ်းသွားလေသည်။ သူက Zhangsun Zelin ၏ စီးပွားရေး ဝေစုအား ရယူရန် အခွင့်အရေး ဆုံးရှုံးသွားရုံမက သူ၏ စီးပွားရေးပါ ဆုံးရှုံးသွားရသည်။ ထို့အပြင် Long Feiye ၏ အပြုအမူမှာ စာချုပ်ဖောက်ဖျက်နေခြင်းလည်း မရှိချေ။ သူက Zhangsun Zelin  ၏ စီးပွားရေးအား မထိရန် ကတိပေးထားသော်လည်း မဖျက်ဆီးဘူးဟု မည်သည့်အချိန်ကမှ ကတိမပေးထားချေ။ အကယ်၍ Ouyang Ningnuo  မှာ ခြေလှမ်း ၁၀,၀၀၀ လောက် ပြန်ဆုတ်၍ ထပ်မံငြင်းခုန်ကာ မီးလောင်တိုက်သွင်းလိုက်ခြင်းမှာ Zhangsun Zelin ၏ စီးပွားရေးအား ထိလာသည်ဟု ယူဆလျှင်တောင်မှ Long Feiye  မှာ သူက မီးရှို့သူဟု ဝန်ခံပါမည်လော။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now