အခန်း(၄၂၃)
သူမက သဘောမကျသော အခြေအနေများ။
Long Feiye မှ ပေါ်လာသည်နှင့် Zhaoမားမားမှာ ဂျင်ဆင်းကြက်စွပ်ပြုတ်အား ကုတင်ဘေးရှိ စားပွဲတွင် ပါးနပ်စွာ တင်ထားခဲ့ကာ တိတ်ဆိတ်စွာ ထွက်သွားတော့သည်။ Han Yunxi မှာ မူလက Long Feiye အား အလွန်လျင်မြန်စွာ နောက်တစ်ကြိမ် တွေ့ရမည်ဟု မထင်မှတ်ထားပေ။ သူက အနည်းဆုံးတော့ တစ်ရက်တစ်ညလောက် ပြန်လည်အနားယူသင့်သော်လည်း နောက်တစ်ကြိမ် ရောက်လာနေပြန်သည်။
Han Yunxi မှာ Long Feiye အား သူ၏ ကျန်းမာရေးအတွက် ဂျင်ဆင်းကြက်စွပ်ပြုတ်အား သောက်စေချင်သော်လည်း သူ၏ အကြည့်များမှ စွပ်ပြုတ်ပန်းကန်လုံးထံသို့ ရောက်သွားသည်အား မြင်လျှင် လျင်မြန်စွာကောက်ယူလိုက်သည်။ တုံ့ဆိုင်းမနေတော့ပဲ သူမက တစ်ပန်းကန်လုံး ကုန်စင်အောင် မော့သောက်လိုက်သည်။ ယခင်တစ်ကြိမ်မှ သူက သူမအား အခွင့်အရေးယူသွားခြင်းအား စိတ်ထဲတွင် လေးလံနေဆဲပင်။
အသေးလေးမှာ မျက်နှာကြက်ထုတ်တန်းတွင် ကွေးကာ တစ်နေ့လုံး ရှိနေသည်။ တစ်ခုတည်းသော အကြောင်းအရင်းမှာ အခန်းတွင်း၌ အရသာရှိသော အရာများ ပြည့်နှက်နေသောကြောင့်ပင်။ တကယ်လို့ သူက သောက်လို့မရရင်တောင်မှ အနံ့ရှူရလည်း ကောင်းနေတုန်းပဲ!! သူက မနေနိုင်ပဲ အောက်ငုံ့ကာ မေမေယွင်ရှီး၏ တုံ့ပြန်မှုအား ကြည့်လိုက်ပြန်သည်။
မေမေယွင်ရှီးက ပါးပါးလုံကို စကားနဲ့ရော နှလုံးသားနဲ့ပါ သဘောကျပေမယ့် အပြုအမူမပြဘူး။ သူမက ကြောက်တတ်တဲ့ ကြောင်ကလေးပဲ။ ပါးပါးလုံက မေမေယွင်ရှီးကို သဘောကျတယ်လို ပြောတာမရှိပဲ သူ့ရဲ့ အတွင်းစိတ်ကလည်း ထောက်ပြဖို့ ခက်တယ်။ ဒါပေမယ့် သူ့ရဲ့ အပြုအမူတိုင်းက မေမေယွင်ရှီးကို ဘယ်လောက် သဘောကျလဲဆိုတာ ရှင်းနေတာပဲ။
အသေးလေးမှာ အပြုအမူဖြင့် ဖော်ပြသော ချစ်ခြင်းမေတ္တာမှာ အချစ်စစ်ဟု ခိုင်မာစွာ ယုံကြည်ထားလေသည်။
Long Feiye မှာ Han Yunxi ၏ တုံ့ပြန်မှုအား လေ့လာနေပြီး နှုတ်ခမ်းများမှာ အပြုံးတစ်ပွင့်အဖြစ် ကွေးညွှတ်သွားတော့သည်။ သူက သူမကုတင်၏ အစွန်းတွင် ထိုင်လိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
