အခန်း(၅၆၆)
သဘောတူလား မတူဘူးလား။
Chu Yunyi ၏ ရုတ်တရက် မေးခွန်းအား ရင်ဆိုင်ရချိန်တွင်လည်း အဖြူဝတ်အမျိုးသားမှာ လှုပ်ရှားမှု မရှိသေးပေ။ “ဒီဂျူနီယာက စိတ်ကူးလိပ်ပြာအိပ်မက်အတွက် သွားခဲ့တာပဲ။ တကယ်လို့ Long Feiye နဲ့ Han Yunxi က အဆိပ်ဂိုဏ်းရဲ့ မြေအောက်ခန်းကို ရှာနိုင်တယ်ဆိုတာက လက်ထဲမှာ မရှိရင်တောင် အဆိပ်အကြောင်း သိရမယ်မလား။”
Chu Yunyi မှာ တိတ်ဆိတ်စွာဖြင့် သူ့အား လေ့လာနေသည်။
အဖြူဝတ်အမျိုးသားမှာ တည်ငြိမ်နေဆဲဖြစ်ကာ လက်ဖက်ရည်သောက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ “ ယို့မျိုးနွယ်ခေါင်းဆောင်… ဒီဂျူနီယာက ခလုတ်ကန်သင်းတွေနဲ့ ဘဝမှာ နေနေတာပါ။ ကျွန်တော်က ဘယ်လိုလုပ် မေ့နိုင်ရမှာလဲ။ စိတ်ကူးလိပ်ပြာအိပ်မက်ကို ပိုင်ထားတဲ့ သူက လောက ကို ပိုင်ရမယ်။ ဒီဂျူနီယာက အနောက်ချင်ရဲ့ ဂုဏ်သရေအတွက် အကောင်းဆုံး လုပ်ပေးနေတုန်းပါ။ ယို့မျိုးနွယ်က ဒီဂျူနီယာကို သံသယရှိနေတယ်ဆိုတာ အရိပ်မျိုးနွယ်ကို သံသယရှိနေတာလား။"
မြင့်မြတ်သောမိသားစုခုနစ်စုတွင် အရိပ်မျိုးနွယ်မှာ သစ္စာစောင့် အသိဆုံးဖြစ်သည်။ သူတို့က အသက်အား စွန့်လွှတ်ကာ နန်းသွေးအား ကာကွယ်ခဲ့ပြီး ကျန်သော မျိုးနွယ်ခြောက်ခုမှ ယှဉ်နိုင်သည့် အရာမဟုတ်ပေ။ အရိပ်မျိုးနွယ်မှာ မေးခွန်းထုတ်စရာ မလိုအောင် ယုံကြည်ရလေသည်။
Chu Yunyi မှာ သူ၏ စကားများအား လျင်မြန်စွာ ငြင်းဆန်လိုက်သည်။ “မဟုတ်ဘူး…. မဟုတ်ဘူး…. ဒီအဘိုးကြီးက ဒီအတိုင်း မှတ်ချက်ပေးရုံပါ။” သူက ထိုအကြောင်းအရာအား ပြောမိချိန်တွင် စဥ်းစားမိရုံသာ ဖြစ်သည်။ သူ၏ ရှေ့ရှိအမျိုးသားမှာ အမှန်တကယ်ပင် တစ်စုံတစ်ရာအား ရှာတွေ့ခဲ့လျှင် နန်းမွေခံအား ဖုံးကွယ်ထားရန် သတ္တိမရှိကြောင်း ယုံကြည်နေသည်။
Chu Yunyi မှာ ဤတစ်ကြိမ်တွင် အရိပ်မျိုးနွယ်မှ သူအား ကိုယ်တိုင်ရှာရခြင်းမှာ သံသယဝင်နေ၍ မဟုတ်ပဲ ထိုအစား Chu Tianyin အတွက် အကူအညီ လိုအပ်နေသောကြောင့် ဖြစ်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historyczne**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
