အခန်း(၄၁၀)
ချင်ဝမ်၏ မာနတရား
အလောင်းအစားလုပ်မယ်။ လောင်းကြေးတွေက ဘာလဲ။
အရင်တစ်ကြိမ် သူတို့က မှောင်ခိုဈေးတွင် Han Yunxi မှာ အပေးအယူအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ Long Feiye မှာ သူမအား ကောင်းမွန်စွာ ဆုပေးမည်ဟု ကတိပေးခဲ့ရာ သူမက သူ၏ အရာအားလုံးအား လိုချင်သည်ဟု ပြောခဲ့သည်။ သူမက သေချာပြီလားဟု သူက မေးခဲ့လျှင် သူမက စေ့စပ်စွာ စဥ်းစားဦးမည်ဟု ပြောခဲ့သည်။
၎င်းမှာ စနောက်နေသည်နှင့် တူသော်လည်း သူမက ကိစ္စတစ်ရပ်လုံးအား အလေးအနက်ထားခဲ့ခြင်း ဖြစ်သည်။ အကြွေးဆိုတာမျိုးက ညီမျှသွားအောင် ပြန်ဆပ်ရမယ်။
“ဝမ်ရယ် လောင်းကြေးက ဘာလဲ။” သူမက စိတ်ဝင်တစား မေးလိုက်သည်။
Han Yunxi မှာ သူ၏ အရာအားလုံးအား လိုချင်သည်ဟု မပြောခင် ဂရုတစိုက် စဥ်းစားခဲ့ခြင်းဖြစ်သည်။ ထိုစကားမှာ အလွန်ကျယ်ပြန့်ကာ သူ၏ အရာအားလုံးဖြင့် သူမအား ဖုံးကွယ်လိုက်နိုင်သည် မဟုတ်လော။ ဤတစ်ကြိမ်တွင် သူမက သိသာသော တစ်စုံတစ်ရာအား ရည်မှန်းသင့်သည်ဟု ခံစားမိသောကြောင့် လက်မအား ကိုက်ကာ အတွေးများနေသည်။
Long Feiye မှာ သူမအား ကြည့်လိုက်ပြီး ထိုအမျိုးသမီးမှာ သူနှင့် အလောင်းအစားလုပ်ရန် မည်သည့်နေရာမှ ယုံကြည်ချက်ရလာကြောင်း စဥ်းစားနေမိသည်။ အချိန်ခဏကြာပြီးနောက် Han Yunxi မှာ ပြောလိုက်သည်။ “ဝမ်ရယ် တကယ်လို ကျွန်မနိုင်ရင် ကောင်းကင်ယံတောင်ဓါးဂိုဏ်းကို ခေါ်သွားပေးပါ။"
Long Feiye နှင့် Duanmu Yao တို့မှာ စွမ်းရည်ရှိသော ကိုယ်ခံပညာရှင်များဖြစ်ကာ ကောင်းကင်ယံတောင်ဓါးဂိုဏ်း ဂိုဏ်းချုပ်၏ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။ သူတို့၏ ဆရာဖြစ်သူမှာ မည်ကဲ့သို့ လူမျိုးဖြစ်နေသဖြင့် Duanmu Yao အား အလွန် နှစ်သက်ကာ Long Feiye အား ၁၈နှစ်ပြည့်သည်အထိ ကာကွယ်စေမှန်း သူမက မစဥ်းစားနိုင်ပေ။ တကယ်လို့ သူက ဂိုဏ်းချုပ်ဆိုရင် Duanmu Yao ရဲ့ အကျင့်ကို တစ်ချက်တည်း မြင်ရမှာ မဟုတ်ဘူးလား။
“တကယ်လို့ မင်းရှုံးရင်ကော။" Long Feiye မှာ ပြန်မေးလိုက်သည်။
“ဒါဆိုရင် အရှင်က စည်းမျဉ်းတွေကို ဆုံးဖြတ်ပါ။" Han Yunxi မှာ အလေးအနက် ပြောလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficção Histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
