အသက်သေခံရန်ကလွဲပြီး ရွေးချယ်စရာမရှိ....
“ ဗိုလ်ချုပ်နတ်မြားရှင် …ခင်ဗျားဟာ သွမ့်ရိန်မြို့ကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်ပေးခဲ့ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့စစ်ရေးအောင်မြင်မှု့ပါပဲ။ ခင်ဗျားဟာ ဒဏ္ဍာရီလာသူရဲကောင်းတစ်ယောက်ပါ။ ဘယ်သူမှ သွမ့်ရိန်နယ်နိမိတ်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး။ ကျွန်တော်မိုကျဲ..အဲ့ဒီအတွက် ခင်ဗျားကိုလေးစားပါတယ်။ ဒီနေ့မှာ ခင်ဗျားနဲ့တွေ့ရတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိပါတယ် ”
မိုကျဲက မြင်းထက်မှာ တည်ငြိမ်စွာထိုင်နေရင်းက သွမ့်တျန်းလန်ကိုကြည့်ကာ အနည်းငယ်ဦးညွတ်လိုက်ရင်း ပြောလိုက်သည်။ ရွှီယွဲ့ဗိုလ်ချုပ်ကြီးကို သူအလွန်လေးစားခဲ့ပေသည်။
“ အလဲလဲအပြိုပြို ရှုံးနိမ့်ခဲ့တဲ့ တပ်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က စစ်ရေးအောင်မြင်မှု့တွေကို မရနိုင်ပါဘူး ”
လျန်ချန်းလန်က ဝမ်းနည်းသည့်အသံဖြင့် ပြောဆိုလိုက်၏။ သူတို့မှာ တပ်သားတစ်သိန်းကျော်ဆုံးရှုံးခဲ့ရပြီး ထိုအခြင်းအရာက သူ၏အမှားတစ်ခုလည်း ဖြစ်သည်။ သူ၏နှလုံးသားက သူ့အမှားအတွက် ခွင့်မလွှတ်နိုင်အောင် ဖြစ်နေရ၏။
“ အခုဖြစ်ပျက်ခဲ့တာတွေက ခင်ဗျားရဲ့အမှားမဟုတ်ပါဘူး။ ခင်ဗျားသာ မိုယွဲ့နိုင်ငံတော်မှာခိုဝင်လာခဲ့ရင် ကျွန်တော်မိုကျဲက လှိုက်လှဲစွာကြိုဆိုပြီး ဗိုလ်ချုပ်ရာထူးကိုတောင်ပေးပါမယ် ”
မိုကျဲက အလွန်တရာ ယဉ်ကျေးသည့်အသံဖြင့်ပြောကြားလိုက်၏။ သူက မင်းသားတစ်ယောက်ဖြစ်သည့်အတွက် မြင့်မားသောပုံရိပ်ရှိနေတာတောင်မှ သူ့လေသံတွင် မောက်မာဝံ့ကြွားခြင်း အနည်းငယ်မျှမရှိချေ။ သူက လျန်ချန်းလန်ကို အရိုအသေပင် ပြုလိုက်သေး၏။ သူ့အတွက် ဤအရာက ကြီးကျယ်သောကိစ္စတစ်ခု မဟုတ်သည့်အလား…
“ နိုင်တာက နိုင်တာပါပဲ။ ရှုံးတာက ရှုံးတာပါပဲ…ပြောနေစရာမလိုပါတော့ပါဘူး ”
လျန်ချန်းလန်က ခေါင်းကို ခါယမ်းလိုက်ရင်း ဆက်လက်ပြောဆိုလိုက်သည်။
“ မင်းသားရဲ့ကြင်နာမှု့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ် ငြင်းပယ်ပါတယ် ”
“ ခင်ဗျားကို လူတစ်ယောက်ပြလိုက်ရင် နားလည်သွားပါလိမ့်မယ် ”
မိုကျဲက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်၏။ လူတစ်ယောက်က သူ့ဘေးသို့ရောက်ရှိလာပြီး လူအနည်းငယ်လည်း ထွက်ပေါ်လာသည်။ သူတို့ကြားထဲတွင် နွယ်ကြိုးများဖြင့် တုပ်နှောင်ခြင်းခံထားရသော လှပသည့် မိန်းမပျိုလေးတစ်ယောက် ရှိနေ၏။ သူမကို အခြားသူများရှေ့သို့ ခေါ်ထုတ်လာခြင်းဖြစ်သည်။
“ မင်းသမီး ”
လင်းဖန်နှင့် လျန်ချန်းလန်တို့မှာ လုံးဝအံ့အားသင့်သွားလေ၏။ အထူးသဖြင့် လင်းဖန်၊ သူ၏ဦးနှောက်ထဲတွင် အတွေးစများပြည့်နေသည်။ သူမက ဓားစာခံလား။
