အပိုင်း ( ၂၉၃ )

1.3K 168 0
                                        

ဆေးအမြုတေအိုးအား စွန့်လွှတ်ခြင်း

လင်းဖန်က ခရမ်းရောင်နဂါးကြီး၏ ကျောပေါ်မှာ ရှိနေပြီး ယခင်အတိုင်း သူ့မျက်လုံးများကို မှိတ်ထား၏။ ခရမ်းရောင်နဂါးကြီးက အိပ်မက်စံအိမ်၏လူများထံသို့ ရွေ့လျားလာရာ သူတို့၏နှလုံးသားများ အရှိန်ပြင်းစွာ လှုပ်ခတ်သွားရသည်။

“ လုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း ”
ဒေါ်လေးယွမ်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူမက အလွန်တရာမောက်မာလှပြီး ယခုအချိန်မှာပင် အလွန်ခက်ထန်စွာ ပြုမူနေ၏။

“ ဘာလို့ ကျုပ်က မလုပ်ရဲရမှာလဲ ”
လင်းဖန်က ရေခဲတမျှ အေးစက်စက်လေသံဖြင့်
“ သခင်ဟောင်၊ မိန်ချင်း…ဒေါ်လေးယွမ်ကို ကြည့်ထားလိုက်ပါ ”

“ ကောင်းပြီ ”
သခင်ဟောင်က ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ပြောလိုက်၏။ ဒေါ်လေးယွမ်ကို သူစူးစိုက်ကြည့်လိုက်သည်။ မည်မျှမောက်မာလိုက်သည့် အမျိုးသမီးပေနည်း။ အဆင့်တူသော သူကဲ့သို့ အဘိုးကြီးကိုပင် အထင်သေးနေ၏။

ခရမ်းရောင်နဂါးကြီးက အိပ်မက်စံအိမ်၏လူများရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်သွားသည်။

ထိုစဉ် လူတစ်ယောက်က လင်းဖန်၏လမ်းကို ပိတ်ထားလာ၏။ ထိုလူမှာ လန်ကျောက်ဖြစ်သည်။

“ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ”
လန်ကျောက်က လင်းဖန်ရပ်တန့်သွားစေရန် မျှော်လင့်ချက်အနည်းငယ်ဖြင့် ခေါင်းလေးကို ခါယမ်းကာ ပြောလိုက်၏။

“ ကျေးဇူးပြုပြီး မလုပ်ပါနဲ့တဲ့လား ”
ခရမ်းရောင်နဂါးကြီးက ရေခဲတမျှ အေးစက်စက်အသံဖြင့်
“ အိပ်မက်စံအိမ်က မင်းရဲ့လူတွေဟာ ငါ့ကို သတ်ချင်ပေမယ့် ငါကတော့ သူတို့ကို မသတ်ရဘူးတဲ့လား။ ပြီးတော့ ငါ့ကိုသူတို့ သတ်ချင်နေတဲ့အချိန်တုန်းက မင်းဘာလို့သူတို့ကို မဟန့်တားခဲ့တာလဲ။ အခု သူတို့ကို ငါသတ်တော့မယ်ဆိုတော့မှ ဟန့်တားတာ မှန်တယ်လို့ မင်းထင်နေလား ”

လင်းဖန်၏စကားများကို ကြားသောအခါ လန်ကျောက်မှာ တုန်ခါသွားသည်။ ဟုတ်သည်….ထိုလူများ လင်းဖန်ကို သတ်ရန်ရောက်လာစဉ်အခါက သူမဟန့်တားရန် ကြိုးစားခြင်းမပြုခဲ့ဘဲ လင်းဖန်က ထိုသူများအား သတ်မည်ဆိုသောအခါမှ ဟန့်တားခြင်းက မည်ကဲ့သို့ တရားမျှတနိုင်ပါမည်နည်း။

“ ထွက်သွား ”
ခရမ်းရောင်နဂါးကြီးသည် ရှေ့သို့ ဆက်လက်သွားရာ လန်ကျောက်၏ခန္ဓာကိုယ်မှာ ဘေးသို့ လွင့်ပျံသွား၏။ ထို့နောက် အိပ်မက်စံအိမ်မှ လူများထက်သို့ ဆက်လက်ရွေ့လျားသွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နာကျင်စွာအော်သံများ ထွက်ပေါ်လာ၏။ အိပ်မက်စံအိမ်မှလူများမှာ လေထဲတွင် လွင့်ပျံနေတော့သည်။ အံ့မခန်းပြင်းထန်သောအစွမ်းတစ်ခုက သူတို့၏ကိုယ်တွင်းအဂါင်္များကို ဖျက်ဆီးပစ်နေသည်။

“ ရွှီးးးးးး……”
နဂါးကြီးက အိပ်မက်စံအိမ်မှလူများကို အကြင်နာတရားကင်းမဲ့စွာ သတ်ဖြတ်နေ၏။ ၎င်း၏ကြီးမားသော မျက်လုံးနှစ်လုံးက သနားကြင်နာသည့် အရိပ်အယောင်များ ထွက်ပေါ်ခြင်းမရှိဘဲ သတ်ဖြတ်ချင်သည့်အငွေ့အသက်များသာ ထွက်ပေါ်နေသည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя