အပိုင်း ( ၃၀၀ )

1.3K 164 0
                                        

လော်ရှားကျောင်းတော်၏ အိပ်မက်ဆိုး

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သည့်ချီလဲ။ လော်ရှားကျောင်းတော်၏လူများသည် လင်းဖန်၏ဘေးသို့ ရောက်ရှိလာသော လူသုံးယောက်ကိုကြည့်ကာ ခေါင်းမှခြေဖျားသို့တိုင် တုန်ခါသွားရသည်။

လင်းဖန်၏ဘေးမှာ ရှိနေသော အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်အကြောင်း သူတို့ကြားဖူးခဲ့၏။ ထိုနှစ်ယောက်မှာ သခင်ဟောင်နှင့် နူးညံ့ပျော့ပြောင်းသော ပုံစံရှိပြီး မျက်နှာကို ဇာပါဝါလွှမ်းခြုံထားသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သို့ရာတွင် ယခုအချိန်မှာ သခင်ချီဆိုသော လူတစ်ယောက်ပိုလာ၏။ ထိုလူ၏အစွမ်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

“ သခင်ချီ၊ သခင်ဟောင်၊ သူတို့အားလုံးကို သတ်လိုက်ပါ ”

လင်းဖန်၏ချီများက ပို၍ပင် ပြင်းထန်နေသည်။ သခင်ချီနှင့် သခင်ဟောင်က ခေါင်းကိုအနည်းငယ်ညိတ်ပြလိုက်၏။ သူတို့နှစ်ယောက်ထံမှ ပြင်းထန်သော ချီများ ထွက်ပေါ်လာနေပြီး အထူးသဖြင့် သခင်ချီထံမှ ထွက်ပေါ်လာသော အစွမ်းက ပို၍ ပြင်းထန်နေသည်။ သူ၏အစွမ်းက ရွှမ်ချီအဆင့်သုံးအစွမ်းထက်ပင် ပိုနေ၏။

“ ရွှမ်ချီအဆင့်လေး ”
လော်ရှားကျောင်းတော်၏အကြီးအကဲများမှာ ချက်ချင်းပင် စိတ်မသက်သာသည့်အလား ခံစားလိုက်ရသည်။ သူတို့ဒေါသထွက်သွားကြ၏။ လင်းဖန်၏ဘေးတွင် သခင်ဟောင်နှင့် မိန်းကလေးအပြင် ရွှမ်ချီအဆင့်လေးသို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်ပါ ရှိနေသည်။

ရွှမ်ချီအဆင့်တွင် အဆင့်တစ်ဆင့်ကွာခြားချက်က လွန်စွာကြီးမား၏။

“ ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ ”
ထိုလူများ၏မျက်နှာများမှာ အရုပ်ဆိုးသွားကြ၏။ သူတို့က လင်းဖန်ကို သတ်ချင်သည်တဲ့လား။ ယခုအချိန်မှာ အန္တရာယ်နှင့်တွေ့ကြုံရသူများက သူတို့ဖြစ်နေသည်။

“ လင်းဖန်…မင်းလက်ထဲက ကလေးမ အသက်ရှူနေသေးတယ်။ ဆေးလုံးတစ်လုံး ငါတိုက်လိုက်မယ်။ ထူးဆန်းတာတွေ ဖြစ်လာနိုင်ပါသေးတယ် ”
သခင်ဟောင်က ယွမ်ရှီ၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်ရင်း ပြောလိုက်၏။ ချက်ချင်းပင် သန့်စင်သော ချီအစွမ်းက သူမ၏ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားပြီး သူမ၏မျက်ခုံးမွှေးနှစ်ခုကြားကို သူ၏လက်ချောင်းဖြင့် နှိပ်ပေးလိုက်သည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora