ဘယ်သူက သစ္စာဖောက်လဲ….???
မြေပြင်ကား အဆက်မပြတ်တုန်ခါနေလေ၏။ သွေးနီမြင်းတပ်များ ကဆုန်စိုင်းစီးလာရာ လူများစွာတို့က အဝေးသို့ ပြေးကြဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးက ရုန့်ရင်းဆန်ခတ်ဖြစ်နေကြလေသည်။ များမကြာမီ ရွှီယွဲ့တပ်သားများက ကားစင်ကို ဝန်းရံခြင်းမပြုနိုင်တော့ဘဲ သူတို့နေရာမှာ သွေးနီတပ်က အစားထိုးဝင်ရောက်သွားလေသည်။ ရွှီယွဲ့တပ်ကား အဝေးသို့ ဆုတ်ခွာပေးလိုက်ရ၏။
တချိန်တည်းမှာပင် ရွှီယွဲ့တပ်အုပ်စုကြီးက စင်နောက်မှ တိုက်ခိုက်ရန်လာနေပေသည်။
သို့သော် သွေးနီတပ်သားအားလုံးက ရုတ်တရက် ရပ်တန့်လိုက်ကြပြီး လျန်ချန်းလန်၏ရင်ခွင်ထဲတွင်ရှိနေသော လူကို ကြည့်လိုက်ကြ၏။ ယခင်တုန်းက ထိုလူသည် သူတို့၏ခေါင်းဆောင်ဖြစ်ပြီး ယခုအခါမှာတော့ အသတ်ခံလိုက်ရလေပြီ။
“ ဝှစ်…”
သွေးနီတပ်သားများ၏လှံတွေက လေကိုဖြတ်သန်းသွားလေသည်။ လူအားလုံး၏နှလုံးခုန်နှုန်းတွေ မြန်ဆန်သွားရ၏။ သွေးနီတပ်သားများက သူတို့၏ဗိုလ်ချုပ်အတွက် အင်ပါယာမြို့တော်ကို ဝန်းရံထားခဲ့သလို သူတို့၏ခေါင်းဆောင်အတွက်လည်း ရွှီယွဲ့တပ်သားများကိ တိုက်ခိုက်လေသည်။
နေရာတစ်ခုလုံးက ပရမ်းပတာ ဖြစ်သွားခဲ့ရသည်မှာ မည်သည့်အတွက်ကြောင့်ပါလဲ။
လင်းဖန်က ခပ်မဆိတ်သာနေလေ၏။ ကျန်းချီရွှဲ့က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ကြီးကျယ်သောလူတစ်ယောက် ဖြစ်ပေသည်။
လင်းဖန်၏ဓားက လေထဲမှာကခုန်လျက် လျန်ချန်းလန်၏ကိုယ်တွင်ပတ်ထားသော သံကြိုးများကို ဖြတ်တောက်သွားလေသည်။ သို့သော် ကျန်းချီရွှဲ့သည်ကား လျန်ချန်းလန်၏ရင်ခွင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေလေဆဲ…
“ လင်းဖန်…မင်းက အင်ပါယာမြို့တော်ကို သစ္စာဖောက်တပ်သားတွေနဲ့အတူ ဝင်ရောက်လာပြီး ရာဇဝတ်ကောင် လျန်ချန်းလန်ကို ကယ်လိုက်တယ်။ မင်းအတွက် သေဒဏ်နဲ့ ထိုက်တန်တယ် ”
သွမ့်တျန်းလန်က ရေခဲတမျှအေးစက်သည့် လေသံဖြင့် လင်းဖန်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ သစ္စာဖောက်တပ်သားတွေလား?”
လင်းဖန်က သွမ့်တျန်းလန်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ သူ့အသံသည်လည်း အေးစက်နေလေ၏။
“ သေစမ်းကွာ!”
သွေးနီတပ်သားများထဲမှ တစ်ယောက်၏အော်သံထွက်ပေါ်လာသည်။
“ သေစမ်းကွာ!”
ထိုအသံက လွန်စွာကျယ်လောင်လှပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အဖျက်အဆီးချီစွမ်းအင်များ ပျံ့နှံ့လာ၏။ သွေးနီတပ်သားက သူ၏ရှည်လျားလှသော လှံကို မြှောက်ထားလေသည်။
“ ရပ်လိုက် ”
လင်းဖန်က ချာခနဲလှည့်ကာ အော်ပြောလိုက်၏။ လျှပ်တပြက်အတွင်း လူအားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြပြီး လင်းဖန်ကို စိုက်ကြည့်လာလေ၏။ မည်သည့်အတွက်ကြောင့် လင်းဖန်က ရပ်ခိုင်းရလဲဆိုတာကို သူတို့အားလုံး နားမလည်နိုင်အောင် ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
“ မင်းတို့ကို ငါက တိုက်လို့်အမိန့်မပေးပဲနဲ့ တိုက်ခိုက်ရင် မင်းတို့ကို ငါကိုယ်တိုင် သတ်ပစ်မယ်!”
လင်းဖန်က အေးစက်စွာပြောလိုက်၏။ သွေးနီတပ်သားများ၏နှလုံးများမှာ တဒိန်းဒိန်းခုန်သွားရသည်။ သို့သော် လင်းဖန်၏တင်းမာပြတ်သားသည့် အသွင်အပြင်ကို မြင်သောအခါ သူတို့အားလုံး တိတ်ဆိတ်သွားသည်။
“ စင်ကို ဝိုင်းထားလိုက် ”
လင်းဖန်က အေးစက်စွာ ပြောလိုက်လေ၏။ သွေးနီတပ်သားများက သူ့အမိန့်ကို နာခံကာ မြင်းကိုမောင်းလိုက်သည်။ လျှပ်တပြက်အတွင်း သွေးနီတပ်သားများက ကားစင်ကို ဝန်းရံထားပြီးသွားပြီဖြစ်၏။ ရေတစ်စက်မျှပင် သူတို့ကြားထဲမှ ဖြတ်ကျော်သွားနိုင်လိမ့်မည်မဟုတ်ချေ။
ယခုအခါ လင်းဖန်က ဤတပ်သားများအတွက် ဦးဆောင်သူတစ်ယောက်ဖြစ်လာ၏။ သူက သူတို့၏တရားဝင်ခေါင်းဆောင် မဟုတ်တာတောင်မှ လူအားလုံးက သူ့အမိန့်ကို နာခံကြလေသည်။
“ မင်းသေရမယ် ”
သွမ့်တျန်းလန်၏ဘေးတွင်ရှိနေသော သွမ့်ဟန်၏မျက်လုံးများကျဉ်းမြောင်းသွားပြီး လင်းဖန်ကို စိုက်ကြည့်လိုက်လေ၏။ လင်းဖန်က သစ္စာဖောက်တပ်ကို ဦးဆောင်လာခဲ့သည်။ လင်းဖန်က ရွှီယွဲ့နိုင်ငံမှာ သူရဲကောင်းတစ်ယောက်ဖြစ်နေမည်ဆိုလျှင်သော်မှ ရာဇဝတ်မှုကို ကျူးလွန်သည့်အတွက် သူပေးဆပ်ရပေလိမ့်မည်။
လင်းဖန်က သွမ့်ဟန်ကို အေးစက်စွာ တချက်ကြည့်လိုက်၏။ သွမ့်ဟန်၏နှလုံးသားမှာ တုန်ခါသွားကာ သူပါးစပ်ပိတ်လိုက်လေ၏။ ထို့နောက် လင်းဖန်က သူ့ကို ပိုးမွှားတစ်ကောပမာ ဂရုမစိုက်ဘဲ လျစ်လျူရှုထားတော့သည်။ သူက ကားစင်၏ရှေ့သို့ လျှောက်သွားပြီး