အပိုင်း ( ၃၆၄ )

354 38 0
                                        

Zawgyi

လက်ရှိအခြေအနေကို ရင်ဆိုင်ခြင်း

“ မင်းသား။ ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ ”
လင်းတျန်က သွမ့်ဝူရကို မေးလိုက်သည်။ သွမ့်ရှင်းရဲ့က ရည်မွန်ကြော့ရှင်းပြီး ဣနြေ္ဒရှိသော မိန်းမပျိုတစ်ယောက်ဖြစ်သည့်အတွက် ဘယ်သူလဲဆိုတာ သူသိချင်နေ၏။ ထို့ပြင် လင်းဖန်က သူ့ကို အလွန်တရာ အေးစက်တင်းမာစွာ ကြည့်နေပြီး သတ်ဖြတ်ချင်သည့်အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။ သူဘယ်သူဆိုတာကိုလည်း လင်းတျန်သိချင်နေ၏။

“ မိန်းကလေးက ငါ့နှမတော် သွမ့်ရှင်းရဲ့ ”
သွမ့်ဝူရက ပြောလိုက်ရာ လင်းတျန်အံ့အားသင့်သွားသည်။ သူမ၏ပုံစံက နူးညံ့ပြီး လှပနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

“ မင်းသမီးက အရမ်းလှပတယ်လို့ ကြားခဲ့ဖူးပေမယ့် ကျွန်တော်ထင်ထားတာထက် ပိုနေတယ်။ မင်းသမီးက အံ့မခန်းလှတာပဲ ”
လင်းတျန်က သူ့စိတ်ထဲရှိအတွေးများကို ထုတ်ဖော်ပြောကြားလိုက်၏။ သွမ့်ရှင်းရဲ့၏အလှက ထူးခြားစွာသူ့ကို ဆွဲဆောင်နေသည်။

“ အဲ့ဒါနဲ့…. မင်းသမီးနဲ့ ရှိနေတဲ့လူက ဘယ်သူလဲ။ သူ့ကို ကျွန်တော်မသိဘူး ”
လင်းတျန်က သွမ့်ဝူရကိုကြည့်ကာ ပြောလိုက်၏။ လင်းဖန်နှင့်သွမ့်ရှင်းရဲ့တို့သည် တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်လျက် လမ်းလျောက်လာသည်မျာ သူတို့နှင့်တရွေ့ရွေ့နီးလာခဲ့သည်။ လင်းတျန်က လင်းဖန်ကိုတွေ့ခဲ့ဖူးသည်ဟုသော ခံစားချက်များ ပိုမိုကြီးထွားလာ၏။

လင်းဖန်ကို သူဘယ်တုန်းကမှ မမြင်ခဲ့ဖူးသော်လည်း အလွန်ရင်းနှီးသော ခံစားချက်တစ်ခု ရနေသည်။

“ ငါအထင်မှားနေတာလား ”
လင်းတျန်တွေးလိုက်၏။ သို့သော် ချက်ချင်းပင် ထိုအတွေးကို ငြင်းဆန်လိုက်သည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ့အာရုံများက အလွန်တိကျ၏။ အထူးသဖြင့် သူက ရွှမ်ချီအဆင့်သို့ ရောက်ရှိလာသောကြောင့် သူမမှားနိုင်ပေ။

“ သူက…..”
သွမ့်ဝူရက စကားစလိုက်စဉ်

“ ငါတို့တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့ဖူးတယ်လေ ”
အသံတစ်သံက သွမ့်ဝူရကို ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်၏။ လင်းဖန်က သူ့ကိုကြည့်နေတာကို လင်းတျန်တွေ့မြင်လိုက်သည်။ လင်းဖန်၏မျက်လုံးများက အေးစက်နေပြီး လင်းဖန်က လင်းတျန်နှင့်သွမ့်ဝူရပြောနေတာကို အတန်ငယ်ဝေးသောနေရာမှပင် ကြားနေရ၏။

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora