Zawgyi
တစ်ကိုယ်ကောင်း ဆန်သော
လူများက ခေါင်းတွေမော့လိုက်ကြပြီး ရွှေရောင်မီးတောက်များဖြင့် ဝန်းရံနေသော လင်းဖန်ကို ကြည့်လိုက်၏။
“ ငါတို့ လင်းဖန်ကို လျော့တွက်မိခဲ့တဲ့ပုံပဲ ”
လူများတွေးနေမိကြသည်။ လင်းဖန်၏ လက်သီးချက်က ကျန်းပိလော်ကို နောက်ဆုတ်သွားစေရုံမျှမက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များဖြင့် လွှမ်းခြုံသွားစေသည်။ လင်းဖန်က အစွမ်းနိမ့်ကျမနေဘဲ သူတို့တွေးထင်ထားသည်ထက် များစွာအစွမ်းထက်နေ၏။
သူတို့ထဲမှာ အများစုမှာ လင်းဖန်က ကျန်းပိလော်ကို မယှဉ်နိုင်ကြောင်း တွေးထင်နေခဲ့ကြသော်လည်း သူတို့အမြင်မှားကြောင်း ဤဖြစ်ရပ်က သက်သေပြသွားခဲ့သည်။ လင်းဖန်က ကျန်းပိလော်ကဲ့သို့ တူညီသောအစွမ်းတစ်ခု ရှိတာဖြစ်ရမည်။
သို့ရာတွင် ဤကဲ့သို့ဖြစ်သွားခြင်းက ပိုမိုကောင်းမွန်သော တိုက်ပွဲတစ်ခုကြည့်လာရနိုင်ရာ လူအုပ်ကြီးမှာ ယခင်ထက်များစွာ စိတ်လှုပ်ရှားလာ၏။ ဤကဲ့သို့တိုက်ပွဲက တစ်နေ့လုံးကြာသွားနိုင်အောင် ပြောစမှတ်တွင်လာနိုင်သည်။
“ မဆိုးဘူး။ အနည်းဆုံး ဒီတိုက်ပွဲက ပျင်းစရာမကောင်းတော့ဘူး။ တကယ်လို့ မင်းက အစွမ်းနိမ့်လွန်းနေရင် တိုက်ခိုက်ရတာ အဓိပ္ပာယ်မရှိဖြစ်သွားလိမ့်မယ် ”
ကျန်းပိလော်က ပြောလိုက်၏။ သူ့ကိုကြည့်ရသည်မှာ မည်းမှောင်နေခြင်းမရှိတော့ဘဲ သူ့မျက်နှာတွင် အေးစက်စက်အပြုံးတစ်စ ထွက်ပေါ်လာ၏။ အတိုက်အခိုက်စွမ်းအင်အချို့ကို ထုတ်လွှတ်နေပြီး စိတ်လှုပ်ရှားနေပုံလည်း ရသည်။
လင်းဖန်က အစွမ်းထက်လာလေ၊ တိုက်ပွဲက ပို၍စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်။ ကျန်းပိလော်သည် လင်းဖန်ကို သူခန့်မှန်းထားသည်ထက် များစွာသန်မာလာစေရန် မျှော်လင့်နေ၏။
“ တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ကောင် ”
ကျန်းပိလော်၏ အားတင်းပြုံးထားရသည်ကို လင်းဖန်မြင်သောအခါ သရော်စကားဆိုလိုက်သည်။ ကျန်းပိလော်၏စရိုက်အရ လင်းဖန်ကို သူ့အစွမ်းကုန်ထုတ်ပြရန် တစ်ချက်တည်းဖြင့် အဆုံးသတ်ချင်နေပြီး ထိုသို့လုပ်မှသာ သူ့ကိုဂုဏ်တက်စေလိမ့်မည်။ သို့ရာတွင် လင်းဖန်ထက်များစွာ အစွမ်းထက်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရန် ပြောလိုက်ခြင်းက လွန်စွာတစ်ကိုယ်ကောင်းဆန်နေ၏။
