အပိုင်း ( ၃၀၆ )

1.3K 155 0
                                    

အင်ပါယာ၏အရှိန်အဝါ

ထိုအလောင်းကို မြင်သောအခါ လူအုပ်ကြီးမှာ သက်ပြင်းကို ချလိုက်မိ၏။ ခေါင်းတလးအတွင်းရှိ ကျင့်ကြံသူက လင်းဖန်ကိုတိုက်ခိုက်ရာတွင် ဘာကြောင့် ချိန်းကြိုးကို အသုံးပြုခဲ့ရတာလဲ။ လင်းဖန်ကို မလှုပ်ရှားနိုင်အောင် သူမပြုလုပ်နိုင်ခဲ့ပေ။ အဆုံးသတ်မှာ ထိုအတွက်ကြောင့် သူ့အသက်ဆုံးရှုံးခဲ့ရသည်။ ယခုအချိန်မှာ သူ့နှလုံးသားတွင် နောင်တရခြင်းများဖြင့် ပြည့်လာ၏။ လင်းဖန်ကို ရန်စခဲ့ခြင်းအတွက် ပြစ်ဒဏ်ကား သူ၏အသက်ဖြစ်နေသည်။

ထို့ပြင် လင်းဖန်သည် သူ၏ဓားကို အသုံးပြုသောအခါ ပိုမိုအစွမ်းထက်လာသည့်ပုံပေါ်၏။
“ သူက စစ်မှန်တဲ့ပါရမီရှင်ပဲ။ တကယ့်ကို သာမန်ထက်ထူးကဲတယ် ”
လူအုပ်ကြီးတွေးလိုက်မိ၏။ လင်းဖန်ကား အံ့သြစရာကောင်းလောက်အောင် ရက်အနည်းငယ်အတွင်းမှာ လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိသွားခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်မှာ သူ၏တိုးတက်နှုန်းက အလင်းပမာ လျင်မြန်လှသည်။

ထို့ပြင် လင်းဖန်လင်းချီစုဆောင်းမှုအဆင့်ရှစ်မှာ ရှိနေသည့်အချိန်က ရွှမ်ချီအဆင့်တစ်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်၏။ ယခုသူက ပိုမိုအစွမ်းထက်လာရာ ရွှမ်ချီအဆင့်တစ်ကျင့်ကြံသူများက သူ၏ပြိုင်ဘက်မဟုတ်နိုင်တော့ပေ။

သို့သော် အေးစက်စက်စွမ်းအင်များက လင်းဖန်၏ခန္ဓာကိုယ်ပတ်လည်တွင် တပြိုင်နက်တည်း ဝန်းရံလာရာ သူ၏နှလုံးသားကို အေးစက်စက်ဖြစ်သွားစေ၏။ လူပေါင်းများစွာကား သူ့ကို သတ်ချင်နေကြပေသည်။

ခေါင်းတလားဆယ့်နှစ်လုံးသည်ကား ဖြူလွလွ သဲသောင်ပြင်ထက် လွင့်မျောနေ၏။ ယခင်အတိုင်း သူတို့က တိတ်ဆိတ်ငြိမ်သက်နေရာ လူအုပ်ကြီးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

လောကတွင် ကြောက်စရာအကောင်းဆုံးမှာ နာမည်မသိသည့်လူများဖြစ်၏။

လင်းဖန်သတ်လိုက်သော လူသည်လည်း ကြောက်စရာကောင်းသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နက်မှောင်နေသော သံကြိုးများဖြင့် ဖုံးအုပ်ထားရာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ပုံစံဖြစ်နေ၏။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ