အပိုင်း ( ၂၈၅ )

1.4K 172 3
                                    

ဝိုင်းရံထားခြင်း

အနက်ရောင်မြင်းများသည် ရူးသွပ်သွားသည့်ပမာ မြင်းဟီသံပေးလျက် ကဆုန်စိုင်းထွက်ခွာနေ၏။ လင်းဖန်တို့သည် လွန်စွာအစွမ်းထက်မြက်လှသည်။ သူတို့တိုက်ခိုက်လိုက်သောအချိန်တိုင်း လူတစ်ယောက်သေဆုံးသွားရသည်။

အထူးသဖြင့် ထူးဆန်းသည့်မိန်းမပျိုက အစွမ်းထက်ဆုံးဖြစ်သည်။ အကယ်၍ သူမ၏အနားသို့ မည်သူမဆိုနီးကပ်လာခဲ့လျှင် နေရာမှာပင် အေးခဲသွားတော့မည်ကဲ့သို့ ထင်မြင်လာ၏။ သူမက ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်မှာ ထင်ရှားသည်။

ကြေးမျက်နှာဖုံးကို တပ်ဆင်ထားသော လူက သူတို့ထဲတွင် အစွမ်းနိမ့်ဆုံးဖြစ်၏။ သို့သော်လည်း လင်းချီစုဆောင်းမှုအဆင့် ၇ သို့ ရောက်ရှိနေသူဖြစ်သည်။ ထို့ပြင် အံ့အားသင့်ဖွယ် နှစ်ဖက်သွားဓားစွမ်းရည်ကိုလည်း ထိန်းချုပ်နိုင်၏။ လင်းဖန်က များသောအားဖြင့် လွတ်လပ်ပေါ့ပါးစွာနေသော်လည်း မည်သည့်ကိစ္စတွင်မဆို အံ့မခန်းသူ၏စွမ်းအင်ကို ထုတ်ဖော်ပြသလေ့ရှိသည်။

ကောင်းကင်နန်းစားသောက်ဆိုင်၏အပြင်ဘက်တွင် အလောင်းပုံကြီးတစ်ခု ထွက်ပေါ်လာသည်။ အရင်ဆုံး ထွက်ပြေးရန်ကြိုးစားသူအချို့အပြင် အခြားသူများသည်လည်း သေဆုံးသွားရ၏။ သူတို့က ဝင့်ကြွားစွာဖြင့် လာခဲ့သော်လည်း ဤနေရာက သူတို့အတွက် နောက်ဆုံးအနားယူရာ နေရာတစ်ခု ဖြစ်သွားသည်။ ရွှမ်ချီအဆင့်သို့ ရောက်နေသော သိန်းငှက်ရဲတိုက်၏ ဒုတိယခေါင်းဆောင်လည်း အပါအဝင်ဖြစ်သည်။

“ အစွမ်းထက်လိုက်တာ ”
လင်းဖန်ကို ကြည့်ကာ လူအုပ်ကြီးမှာ တွေးလိုက်မိ၏။ ယခုအချိန်မှာ သူတို့၏မျက်လုံးများကိုပင် ယုံကြည်နိုင်ရန် ခက်ခဲနေသည်။ လင်းဖန်နှင့် သူ၏သူငယ်ချင်းများက ဤမျှအစွမ်းထက်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ပေ။

အဝေးသို့ သူထွက်ပြေးသွားခြင်းမရှိသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ သူမှာ အလွန်တရာအစွမ်းထက်သောစွမ်းအား ရှိသောကြောင့် သူ့ကိုလာရောက်တိုက်ခိုက်သော မည်သည့်ပြိုင်ဘက်ကိုမဆို မကြောက်ရွံ့ခြင်းလည်း ဖြစ်သည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora