အပိုင်း ( ၃၂၂ )

1K 120 3
                                        

ပါရမီရှင်များ၏ခေတ်

ကောင်းကင်ဘုံသင်တန်းကျောင်းသို့ လင်းဖန်ရောက်ရှိလာသော အချိန်မှာ သတင်းနှစ်ခုက လူအများ၏နားသို့  ပျံ့နှံ့ရောက်ရှိလာ၏။

ပထမတစ်ခုမှာ လင်းဖန်က ဝမ်ရိန်ရန်နှင့်သွမ့်ယွီ၏ မင်္ဂလာပွဲနေ့ရက်မှာ ဝမ်ရိန်ရန်နှင့် သွမ့်လိုင်ကို သတ်ပစ်ခဲ့သည်ဆိုသော သတင်းပင်။ သူက အလွန်တရာ ရဲတင်းလွန်းလှပြီး ထိုအကြောင်းကို မြို့ထဲရှိ လူအားလုံး သိနေကြသည်။

ဒုတိယတစ်ခုမှာ ကွပ်မျက်လုနီးပါးဖြစ်ခဲ့ရပြီး လင်းဖန်ကြောင့် လွတ်မြောက်သွားခဲ့ရသော လျန်ချန်းလန်သည် အင်ပါယာမြို့သို့ ပြန်လည်ရောက်ရှိလာပြီဆိုသော သတင်းဖြစ်သည်။

အမှန်တကယ်တော့ ဒုတိယအကြောင်းကို လူအများစု မသိကြပေ။ အရှိန်အဝါမြင့်မားသော လူများသာ သိနေကြ၏။

လျန်ချန်းလန်သည် သွမ့်တျန်းလန်၏ ကွပ်မျက်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သော်လည်း လင်းဖန်က အရေးကြီးသော အခြေအနေမှာ ရောက်ရှိလာခဲ့ပြီး လျန်ချန်းလန်ကို ကယ်တင်သွားခဲ့သည်။ သို့ရာတွင် လျန်ချန်းလန်၏ ကျင့်ကြံခြင်းကို ပိတ်နှောင်ခံထားလိုက်ရ၏။ ထို့ပြင် လျန်ချန်းလန်နှင့် သွမ့်တျန်းလန်၏ကြားရှိ အမုန်းတရားသည်လည်း အဆုံးအစမရှိ ကြီးမားလာခဲ့သည်။

ထိုပြစ်မှုမှ သွမ့်တျန်းလန်၏သား သွမ့်ဟန်လည်း သေဆုံးသွားခဲ့သည်။

သွမ့်တျန်းလန်သည် လျန်ချန်းလန်အပေါ် မှားယွင်းသော အပြုအမူများဖြစ်အောင် ဖန်တီးခဲ့ပြီး လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သော်လည်း လျန်ချန်းလန်နှင့် လင်းဖန်အပေါ် သူ၏အမုန်းတရားများကို ချေဖျက်နိုင်ခြင်း မရှိသေးချေ။ အကယ်၍ သူ့မှာ အခွင့်အရေးရှိလာခဲ့လျှင် လျန်ချန်းလန်နှင့် လင်းဖန်ကို တွေဝေမနေဘဲ သတ်ဖြတ်ပစ်မည်မှာ သေချာ၏။

ထိုကဲ့သို့ အခြေအနေများအောက်မှာ လျန်ချန်းလန်က အံ့အားသင့်စရာကောင်းအောင် အင်ပါယာမြို့သို့ အကြောက်အလန့်မရှိ ပြန်လာခဲ့သည်။ သူသေရမှာကို မကြောက်လေသလား။

ထိုသတင်းက နောက်ကွယ်တွင် တိတ်ဆိတ်စွာ ပျံ့နှံ့နေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။

PMG အတွဲ ( ၂ )Where stories live. Discover now