သူမသေဘူး။
“ ငါ့ကိုသတ်ဖို့ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။ဤအရာက သေချာအစီအစဉ်ဆွဲပြီးလုပ်ထားတာ ဖြစ်သည်။ လင်းချီစုဆောင်းမှုအဆင့်မှာရှိသော ကျင့်ကြံသူများက လင်းဖန်ကို သတ်ရန်လာခဲ့သည်။ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့ကို ရှေ့မှတိုက်ခိုက်ခဲ့ပြီး လုပ်ကြံသူတစ်ယောက်ဖြစ်သော တခြားတစ်ယောက်က လင်းဖန်၏နောက်ကျောမှ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားနေသည်။ ဤကဲ့သို့ တိုက်ခိုက်လာမှုများက လွန်စွာကြောက်မက်ဖွယ်ကောင်း၏။ သူတို့က လင်းဖန်ကို အသေသတ်ချင်နေသည်မှာ ထင်ရှားသည်။
ထိုအစွမ်းထက်သော ကျင့်ကြံသူအုပ်စုက ယနေ့မှာ လင်းဖန်သေချာပေါက် သေလိမ့်မည်ဟု တွက်ထားပုံရသည်။
ကံကောင်းသည်မှာ လင်းဖန်၏လက်ထဲမှာ ဝှက်ဖဲများရှိနေ၏။ ထိုလူအုပ်စုက အလွန်တရာ အစွမ်းထက်သော်လည်း လင်းဖန်ကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအစီအစဉ်ကို ရေးဆွဲခဲ့သူက သူတွေးထင်ထားသည့်အတိုင်း ဖြစ်မလာဘူးလို့ ဘယ်တော့မှ တွေးထားလိမ့်မည် မဟုတ်ချေ။
အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ထောင်ချောက်တွေနှင့် ရင်ဆိုင်တွေ့ရသော်လည်း လင်းဖန်ကား အသက်ရှင်နေဆဲပင်။ လခြမ်းဓားလေးတွေကြောင့် သူပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ၎င်းလခြမ်းဓားလေးများက ပုံရိပ်ယောင်များ မဟုတ်ဘဲ အံ့မခန်းအစွမ်းထက်၏။ သူ့အသားတွေကို ထိုးဖောက်သွားခဲ့သည်။ အကယ်၍ သူ၏စိတ်ဝိညာဉ်ကို အသုံးပြုပြိး ထိုလခြမ်းဓားများကို တုန့်နှေးသွားစေခြင်းနှင့် သူလျင်မြန်စွာ လှုပ်ရှားခြင်းတို့ မရှိခဲ့လျှင် ဒဏ်ရာက ပို၍ပင် ပြင်းထန်လာလိမ့်မည်။။ ယခုအချိန်မှာ သူဆက်လက်တိုက်ခိုက်နိုင်သေးလားဆိုတာ သူမသိတော့ချေ။
ကျန်နေသေးသော ရွှမ်ချီအဆင့်ကျင့်ကြံသူ၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူ့ပုံစံက တစ်စုံတစ်ခုကို တွေးမိလိုက်သည့်အလား မျက်လုံးများ တလက်လက်တောက်ပလာ၏။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)