အပိုင်း ( ၃၅၈ )

370 36 0
                                    

Zawgyi

နှစ်ဖက်သွားဓားသခင်လိန်ယွဲ့

ငရဲမီးကြာပန်းသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ရှဲကျုံး၏နဂါးကို ဖျက်ဆီးကာ ရှဲကျုံးကို ရှုံးနိမ့်သွားစေခဲ့၏။

ထို့ပြင် ထိုမျှနှင့်မရပ်သေးဘဲ ငရဲမီးကြာပန်းက  ရှေ့သို့ ဆက်လက်တိုးဝင်လာပြီး ရှဲကျုံး၏လက်သီးနှင့်တွေ့ဆုံသွားလေသည်။

“ ဂျွတ်…. ဂျွတ်….”
အက်ကွဲသံများက ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာ၏။ ရှဲကျုံး၏သန့်စင်သောချီက အနက်ရောင်ကြာပန်းကို ထိတွေ့သွားပြီး ချက်ချင်းလွင့်ပျောက်သွားသည်။ အနက်ရောင်ကြာပန်းကို မည်သည့်အရာကမျှ ရပ်တန့်၍ရသည့်ပုံမပေါ်ချေ။

“ အား…….”
သည်းခြေခိုက်လုမတတ် နာကျင်စွာအော်ဟစ်လိုက်သော်အသံက လေထဲတွင် ပျံ့နှံ့လာ၏။ ရှဲကျုံး၏ခန္ဓာကိုယ်က နောက်သို့မီတာရာပေါင်းများစွာ လွင့်သွားသည်။ သူ့မျက်နှာက သွေးဆုတ်သည့်အလား ဖြူရောက်နေ၏။

ရှဲကျုံးက သူ၏လက်သီးကို မြှောက်ကြည့်လိုက်ရာ လုံးဝမည်းနက်နေသည်။ သူ၏မျက်နှာကြွက်သားများသည်လည်း အလွန်တရာနာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။

သူနမော်နမဲ့နိုင်လွန်းခဲသည်။ အစတည်းက သူ့လက်သီးချက်တစ်ချက်တည်းဖြင့် လင်းဖန်၏စိတ်စွမ်းအားကို ချိုးဖျက်နိုင်ခဲ့မည်ဟု ယူဆခဲ့သည်။ လင်းဖန်က သူ့ကို ဒဏ်ရာရစေလိမ့်မည်ဟု သူဘယ်တော့မှ ထင်မထားခဲ့ချေ။ အနက်ရောင်ကြာပွင့်၏ ကြောက်မက်ဖွယ်စွမ်းအားကို သူခံစားမိသောအခါ ရှောင်တိမ်းရန် နောက်ကျသွားခဲ့သည်။ အနက်ရောင်ကြာပွင့်က သူ၏လက်သီးကို ချေဖျက်ကာ သူ့အသားတွေကို လောင်မြိုက်သွားစေ၏။

ထိုအခြင်းအရာကို လူအုပ်ကြီးမြင်သောအခါ တိတ်ဆိတ်ငြိမ်သက်သွားသည်။ အထူးသဖြင့် မြင့်မြတ်သောလူငယ်များပင်။ ရှဲကျုံးတိုက်ခိုက်လိုက်တည်းက လင်းဖန်၏စိတ်စွမ်းအားကို ချိုးပစ်နိုင်မှာ သေချာသည်ဟု သူတို့တွေးထင်ခဲ့၏။ သို့ရာတွင် အမှန်တရားက လုံးဝကွဲပြားနေခဲ့သည်။

လင်းဖန်က အနက်ရောင်ကြာပွင့်ကို ထုတ်ဖော်လိုက်ပြီး ရှဲကျုံး၏လက်သီးကို လောင်ကျွမ်းသွားစေခဲ့သည်။

PMG အတွဲ ( ၂ )Where stories live. Discover now