#Zawgyi
အာကာသ မီးလျှံနေမင်းကျင့်စဉ်ဇွမ်ချီအဆင့်ကျင့်ကြံသူ၏ မှတ်ဥာဏ်များထဲမှာ မတူညီသော အမျိုးအစားများနှင့် အလွန်တရာ အစွမ်းထက်သော ကျင့်စဉ်များ ပါဝင်သည်။
သေမင်းရွက်ကြွေဟု ခေါ်သော ဓားကျင့်စဉ်တစ်ခုလည်း ရှိ၏။ ၎င်းက လူများကို သတ်ဖြတ်ရာအတွက် အထူးတီထွင်ထားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
ကမ္ဘာမြေတစ်ခုလုံးကို အေးခဲသွားစေသည့် ရေခဲကျင့်စဉ်တစ်ခုလည်း ရှိသည်။ ဤကျင့်စဉ်က ပြိုင်ဘက်များ၏ သန့်စင်သောချီများကို အေးခဲသွားစေနိုင်သည်။
သေသူကို ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်သည်အထိ အစွမ်းထက်သော ဆေးပညာရပ်တစ်မျိုးလည်း ရှိသည်။ ထိုပညာရပ်ကို တတ်ကျွမ်းသောသူက သေနေသောလူတစ်ယောက်ကို သက်ရှိကမ္ဘာသို့ ချက်ချင်းဆောင်ကြဉ်းပေးနိုင်၏။ ထိုပညာရပ်က သန့်စင်သောချီများကို အသုံးပြုပြီး ဒဏ်ရာများကို ကုသပေးခြင်းဖြစ်သည်။ ထိုပညာရပ်ကို လေ့ကျင့်သောသူကား အလွန်တရာ နည်းပါး၏။
ဤကဲ့သို့ အံ့မခန်းဆေးပညာရပ်ကို သိသောလူများသည် တခြားကျင်ကြံသူများ၏ နှစ်သက်သဘောကျခြင်းကို ခံရသည်။ လူအများစုက သူတို့အသက်ကို ကယ်တင်ပေးရန် ထိုသူတို့၏မျက်နှာသာပေးခြင်း ခံရအောင် ကြိုးစားလေ့ရှိသည်။
ထို့ပြင် တိုက်ပွဲမှာ ဒဏ်ရာရရှိသည့်အခါ အထူးသဖြင့် ထိုဒဏ်ရာက ပြင်းထန်လွန်းနေလျှင် သာမန်ကုသခြင်းမျိုးဖြင့် ကျင့်ကြံသူကို သက်သာအောင် မပြုလုပ်နိုင်ချေ။ ပြင်ပခန္ဓာကိုယ်က လုံးဝပျောက်ကင်းသွားမယ်ဆိုလျှင်ပင် ကျင့်ကြံရာတွင် ဒဏ်ရာများရလာစေနိုင်သည်။
သို့သော် လင်းဖန်က ဆေးပညာရပ်ကို စိတ်မဝင်စားပေ။ သူ့မှာ သူတော်စင်တစ်ယောက်၏ နှလုံးသား မရှိချေ။
ထိုပညာရပ်က သူ့အနာဂတ်ကို လွှမ်းမိုးသွားလိမ့်မည်ဖြစ်ပြီး သူ့ကံကြမ္မာကိုပင် ပြောင်းလဲသွားစေနိုင်သည်။ သို့ဖြစ်ရာ လင်းဖန်က ကျင့်စဉ်ကို အထူးသတိထား၍ ရွေးချယ်နေ၏။
ဇွမ်ချီအဆင့်ကျင့်ကြံသူ၏ မှတ်ဥာဏ်များတွင် အလွန်အဆင့်မြင်သော ကျင့်စဉ်များ ပါဝင်၏။ လင်းဖန်အနေဖြင့် ဇွမ်ချီအဆင့်ကို မရောက်ခင် ထိုကျင့်စဉ်အသစ်တစ်မျိုးကို လေ့ကျင့်ရန် မလိုအပ်ပေ။ သူ့အတွက် ဒဏ္ဍာရီတစ်ခုဖြစ်သော ဇွမ်ချီအဆင့်ကျင့်ကြံသူ၏ အဆင့်ကို မှီရန် အလွန်တရာ ဝေးကွာလွန်းနေသည်။