အပိုင်း ( ၃၄၇ )

405 47 0
                                        

#Zawgyi

အနက်ရောင် ကြာပွင့်

လင်းဖန်၏မျက်လုံးထဲရှိ အနက်ရောင်မီးတောက်များသည် တခဏမျှကြာသောအခါ ပျောက်ကွယ်သွား၏။ လင်းဖန်၏မျက်နှာအသွင်အပြင်က မည်းမှောင်နေရာမှ ပုံမှန်အတိုင်း ပြန်လည်ပြောင်းလဲသွားသည်။ ထို့နောက် သူက လူအုပ်ကြီးကို ကြည့်လိုက်ရာ အံ့အားသင့်သွား၏။

ယခုအချိန်မှာ လူအားလုံးကို သူ့ကိုကြည့်နေကြသော်လည်း ယွီကျုံးကား ပျောက်ကွယ်သွားသည်။

“ ဘာဖြစ်နေတာလဲ ”
လင်းဖန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးမြန်းလိုက်၏။ ရောင်စုံအဝတ်စလေးစ ထွက်ပေါ်လာတာကို သူရှင်းရှင်းလင်းလင်း သိမြင်ခဲ့သော်လည်း အမှောင်ကမ္ဘာထဲရှိ မြင့်မြတ်သောစာအုပ်ထဲသို့ သူရောက်ရှိသွားပြီးနောက် ဘာဖြစ်သွားလဲဆိုတာ သူမသိတော့ပေ။

“ အဟွတ် ”
လင်းဖန်ချောင်းဆိုးလိုက်ရာ သွေးများပါလာ၏။ သူ့ခြေထောက်အောက်ရှိ သန့်စင်သောချီများသည် တဖြည်းဖြည်းအားနည်းလာပြီး သူ၏အလေးချိန်ကို မခံနိုင်တော့ပေ။ ထို့နောက် လင်းဖန်က ကောင်းကင်ယံမှ လန်ကျောက်၏ဘေးသို့ ဆင်းသက်လာပြီး လျင်မြန်စွာ မေးမြန်းလိုက်သည်။

“ ယွီကျုံး ဘယ်မှာလဲ ”

“ သူသေသွားပြီ ”

လန်ကျောက်ကာ အံ့အားသင့်လျက် ပြန်လည်ဖြေကြားလိုက်၏။ လင်းဖန်ကား အံ့အားသင့်စရာကောင်းလောက်အောင်ပင် ယွီကျုံးက သူ့ကိုသတ်ချင်နေစဉ်မှာ နောက်တစ်ဆင့်သို့ တက်ရေးအတွက် အာရုံစူးစိုက်နေချေသည်။ သူပုံမှန်ဟုတ်ပုံမရချေ။

“ စောစောက ထွက်ပေါ်လာခဲ့တဲ့ မိန်းမပျိုလေးယောက်က ယွီကျုံးရဲ့စိတ်စွမ်းအားကို ချိုးဖျက်ခဲ့တဲ့အပြင် ယွီမျိုးနွယ်စုကိုလည်း အလွမ်းတောအုပ်ကို မလာရဘူးလို့ ကြေညာသွားတယ်။ အဲ့ဒီနောက် မင်းသားရဲ့အစောင့်အရှောက်တွေထဲက တစ်ယောက်က ယွီကျုံးကို သတ်ပစ်လိုက်တာပဲ ”

လန်ကျောက်က သွမ့်ဝူရကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ လင်းဖန်စဉ်းစားရခက်သွား၏။ ယွီကျုံးက သူ့ကိုသတ်ချင်နေခဲ့သော်လည်း အဆုံးသတ်မှာ သေဆုံးသွားခဲ့ရ၏။ သွမ့်ဝူရက သူ့ကိုဤနေရာသို့ ဖိတ်ကြားခဲ့ခြင်းမှာ ဆိုးရွားသည့်အရာ ဘာမှဖြစ်လာနိုင်မည်မဟုတ်မှန်း သူသိသော်လည်း ယွီကျုံးသေသွားရလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။

PMG အတွဲ ( ၂ )Where stories live. Discover now