အပိုင်း ( ၂၆၉ )

1.3K 169 0
                                        

နှစ်ဖက်သွားဓားသခင်

ကောင်းကင်အဏ္ဏဝါမြို့နှင့်အနီးဆုံးကျောင်းတော်မှာ ဟောက်ယွဲ့ကျောင်းတော်ဖြစ်သည်။ ဒုတိယအနီးဆုံးက နှင်းရေခဲတောင်ရွာဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်အဏ္ဏဝါမြို့မှာ ဟောက်ယွဲ့ကျောင်းတော်နှင့် နှင်းရေခဲတောင်ရွာမှ ကျောင်းသားများ အမြဲတမ်းရှိနေသည်။

ကောင်းကင်အဏ္ဏဝါမြို့မှာ သူတို့လိုချင်တာကို ရရှိနိုင်သည့်အတွက်ကြောင့်လည်း ဤနေရာမှာအချိန်ကုန်ဆုံးရတာကို သူတို့သဘောကျနှစ်သက်ကြသည်။

လွန်ခဲ့သောတစ်နှစ်က ယွမ်ဟိုင်ကျောင်းတော်ချေမှုန်းခံလိုက်ရပြီး အနာဂတ်သစ်အဖွဲ့ ဖွဲ့စည်းလာခဲ့သည်။ တချိန်တည်းမှာ ဟောက်ယွဲ့ကျောင်းတော်နှင့် နှင်းရေခဲတောင်ရွာ၏ အထူးချွန်ဆုံးကျောင်းတော်သားများကို အနာဂတ်သစ်အဖွဲ့သို့ ပေးအပ်လိုက်ရသည့်အတွက် တစ်နှစ်အတွင်းမှာ နိုင်ငံ၏အကြီးဆုံးကျောင်းတော်များမှာ အင်အားချည့်နဲ့သွားရသည်။

ဥပမာအနေဖြင့် ဟောက်ယွဲ့ကျောင်းတော်၏ အထူးချွန်ဆုံးကျောင်းသားမှာ ကျန်းရှန်ဖြစ်ပြီး ဒုတိယက နှစ်ဖက်သွားဓားသခင် လိန်ယွဲ့ဖြစ်သည်။ နှင်းရေခဲတောင်ရွာရှိကျောင်းတော်သားများအနက် ပင်းယွမ်က အထူးချွန်ဆုံးကျောင်းသားတွေထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့အားလုံးက အရည်အချင်းရှိသော ကျောင်းသားများ ဖြစ်သည့်အတွက် တလက်လက်ထနေသော ကြယ်ပွင့်လေးများပမာ ဖြစ်နေသည်။

သူတို့အားလုံးထဲမှာ နှစ်ဖက်သွားဓားသခင်၏အစွမ်းက တမူထူးခြားသည်။ ကျန်းရှန်ထက်ပင် ပို၍ ကြောက်မက်ဖွဝ်ကောင်းသည်။ လိန်ယွဲ့၏ဓားက အပ်ကလေးများကဲ့သို့ အရိုးသို့တိုင် အေးစက်စွာဖြင့် ထိုးဖောက်သည်။ လိန်ယွဲ့သည် တိုက်ခိုက်ရာတွင် ဒုတိယဓားချက်ကို ထုတ်ဖော်အသုံးပြုခြင်းမရှိချေ။ သူ၏ပထမဓားချက်သည်ပင် သူ့ပြိုင်ဘက်အတွက် လုံလောက်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် ရံဖန်ရံခါမှာတော့ သူက သူ၏နှစ်ဖက်သွားဓားကို ထုတ်ကာတိုက်ခိုက်ခြင်းပင် မပြုချေ။

နှစ်ဖက်သွားဓားသခင်၏ဓားအစွမ်းက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ လင်းချီစုဆောင်းမှုအဆင့်သုံးသို့ သူရောက်ရှိနေစဉ်တည်းက နှစ်ဖက်သွားဓား၏စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ နားလည်ခဲ့ပြီး လင်းချီစုဆောင်းမှုအဆင့်သို့ ခြောက်သို့ ရောက်သောအခါ စွမ်းအင်သုံးတိုက်ခိုက်ခြင်းတွေအကြောင်းကို နားလည်ခဲ့သည်။ ယခုအခါ သူသည် လင်းချီစုဆောင်းမှုအဆင့်ရှစ်သို့ ရောက်နေပြီဖြစ်ကာ စွမ်းအင်သုံးတိုက်ခိုက်ခြင်းနှင့် ပေါင်းစပ်လိုက်လျှင် လင်းချီစုဆောင်းမှု အဆင့်ကိုးသို့ ရောက်နေသူတစ်ယောက်ကို တိုက်ခိုက်နိုင်၏။ သို့ဖြစ်ရာ သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်ဝံ့သူကား လွန်စွာရှားပါးလှသည်။

လိန်ယွဲ့၏နှစ်ဖက်သွားဓားက အမြဲတမ်းထွက်ပေါ်လာခြင်းမရှိချေ။ သူ၏နှစ်ဖက်သွားဓားထွက်ပေါ်လာသည်နှင့် သူ့ပြိုင်ဘက်ကို သတ်ဖြတ်ပြီးသား ဖြစ်နေသည်။ ထို့ကြောင့် ခြောက်လခန့် အချိန်တိုလေးအတွင်းမှာ သူက “ နှစ်ဖက်သွားဓားသခင် ” ဟူသောဂုဏ်ပုဒ်ကို ရရှိလာခဲ့သည်။

PMG အတွဲ ( ၂ )Tempat di mana cerita hidup. Terokai sekarang