အပိုင်း ( ၃၂၀ )

1.1K 129 0
                                        

တော်ဝင်မျိုးနွယ်စုဝင်တစ်ယောက် သေဆုံးခြင်း

လျှပ်တစ်ပြက်အတွင်း လူများပြန့်ကျဲသွားပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တကွဲတပြားထွက်ပြေးသွားကြလေရာ သွမ့်လိုင်၏မျက်ခုံးမွှေးများ တွန့်ကွေးသွား၏။

“ ပြီးသွားပြီ…တကယ်ပြီးသွားပြီ… ”
သွမ့်လိုင်က ပြောလိုက်သည်။ လင်းဖန်ကား အလွန်တရာ အစွမ်းထက်၏။ သူအကြောက်ရွံ့ဆုံးအရာ ရောက်ရှိလာချေပြီ။  စကားမပြောနိုင်အောင် အံ့အားသင့်နေ၏။

ထိုစိတ်ဝိညာဉ်ကား အံ့အားသင့်စရာကောင်းလောက်အောင် ခရမ်းရောင်မြွေတစ်ထောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လူများကို ဝါးမြိုနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းလေစွ။ ထိုအစွမ်းကို လင်းဖန်အသုံးပြုလိုက်လျှင် လူသန်းပေါင်းများစွာပင် ရှိနေပါစေ…သူရင်ဆိုင်နိုင်၏။

လင်းဖန်က သေမင်းနတ်ဘုရား။ သို့တည်းမဟုတ် သေဆုံးခြင်း၏ဝိညာဉ်။

ထိုလူများအားလုံးသာ အံ့အားသင့်နေသည်မဟုတ်ပေ။ လင်းဖန်ကိုယ်တိုင်ပင် သူ၏အစွမ်းအသစ်ကြောင့် အံ့သြမှင်တက်နေ၏။ ဇွမ်ချီအဆင့်ကျင့်ကြံသူက သူ့ကို ဘာကြောင့် ပိုလျှံသက်စောင့်ဝိညာဉ် ပညာရပ်အား အရင်ဆုံးပေးခဲ့ရလဲဆိုတာ အခု သူနားလည်သွားသည်။

ထိုပညာရပ်သည် ကျင့်ကြံရာတွင် အလွန်နာကျင်သော်လည်း ယခုအခါ လင်းဖန်သည် သူ၏သက်စောင့်ဝိညာဉ်အစွမ်းနှင့် ပိုလျှံသက်စောင့်ဝိညာဉ်တစ်ထောင်ကို ထုတ်ဖော်နိုင်လာ၏။ ဤပိုလျှံသက်စောင့်ဝိညာဉ်တစ်ထောင်သည် သူ၏ခရမ်းရောင်နဂါးဝိညာဉ်ကို အသုံးပြုကာ ခရမ်းရောင်မြွေတစ်ထောင်အဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့ကို ပြဿနာမရှိစေဘဲ ယခု သူထိန်းချုပ်နိုင်လာပြီဖြစ်၏။ တဒင်္ဂအတွင်း လူတစ်ထောင်ကို သူသတ်နိုင်လာပြီ။

သို့ဖြစ်ရာ တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရမှာကို လင်းဖန်ကြောက်ရွံ့ခြင်း မရှိတော့ပေ။ လူဘယ်လောက်များနေပါစေ သူတို့အားလုံးကို သူသတ်နိုင်သည်။

ထို့ပြင် ထိုပညာရပ်ကို အချိန်ကြာမြင့်စွာ သူမလေ့ကျင့်ရသေးပေ။ အကယ်၍ တစ်နေ့မှာ ပိုလျှံသက်စောင့်ဝိညာဉ် တစ်သောင်းကို သူဖန်တီးနိုင်လာခဲ့လျှင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။ သူသာ ခရမ်းရောင်မြွေဝိညာဉ် တစ်သောင်းကို သူဖန်တီးနိုင်ခဲ့လျှင် မျက်တောင်တစ်ချက်ခတ်အတွင်းမှာ လူပေါင်းတစ်သောင်းကို သူသတ်နိုင်လာလိမ့်မည်။ သူ့ကို ဘယ်သူရပ်တန့်နိုင်မလဲ။

PMG အတွဲ ( ၂ )Dove le storie prendono vita. Scoprilo ora