ဇွမ်ချီအဆင့်
ပိုလျှံသက်စောင့်ဝိညာဉ်များအတွက် ကျင့်ကြံခြင်းနည်းလမ်းက လင်းဖန်၏နှလုံးသားကို သက်ရောက်စေသည်သာမက တခြားသောမှတ်ဥာဏ်အသစ်များကလည်း လင်းဖန်၏နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေလေသည်။
သူက အစွမ်းထက်သောကျင့်ကြံသူ၏မှတ်ဥာဏ်အားလုံးကို ပိုင်ဆိုင်ခဲ့သည့်အတွက် ထိုလူဘယ်လောက်အစွမ်းထက်လဲဆိုတာကို သူသိနေသည်။
သူက တျန်ချီအဆင့်ထက်ပိုမြင့်သော ဇွမ်ချီအဆင့်မှာရှိနေလေ၏။
သူ၏လက်သီးတစ်ချက် တောင်တစ်လုံးကို ကြေမွသွားစေနိုင်သလို သူ့ဓားတစ်ချက်ကလည်း မြစ်သို့မဟုတ် ရေကန်ကို ထက်ခြမ်းခွဲသွားစေနိုင်သည်။
နောက်ဆုံးတွင် လင်းဖန်က ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးမှာ ဖြစ်နိုင်တာများကို နားလည်သွား၏။ လင်းချီအဆင့်ကဲ့သို့ ရွှမ်ချီအဆင့်ကို ကိုးဆင့်ပိုင်းခြားထားသည်။
ရွှမ်ချီအဆင့်ပြီးနောက် တျန်ချီအဆင့်လာ၏။
တျန်ချီအဆင့်ပြီးနောက် ဇွမ်ချီအဆင့်ရှိလေသည်။ ဇွမ်ချီအဆင့်ကျင့်ကြံသူများက ကျင့်ကြံခြင်းကမ္ဘာမှာ ဝါရင့်သူများဖြစ်ပေ၏။ ရွှမ်ချီအဆင့်ရှိကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ရန်အတွက်ပင် လင်းဖန်အတွက် အလွန်ခက်ခဲလေသည်။ ဇွမ်ချီအဆင့်ဆိုလျှင်ကား သူနှင့်အလှမ်းဝေးကွာလွန်းပေသည်။
လင်းဖန်က ချာခနဲလှည့်ကာ အသက်မရှူတော့သော အလောင်းကို ကြည့်ကာ သက်ပြင်းချလိုက်၏။ ဇွမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်က လင်းချီစုဆောင်းမှုမျှသာရှိသော သူ့ရှေ့မှာ ရှိနေသည်။ လင်းဖန်ဆိုတာ ဇွမ်ချီအဆင့်ရောက်နေသူအတွက် ကြိုက်သလိုလုပ်နိုင်သော အဆင့်မျှသာရှိ၏။
ရွှမ်ချီအဆင့် ကျင့်ကြံသူများကို ရွှီယွဲ့နိုင်ငံနှင့် မိုယွဲ့နိုင်ငံမှာ အလွန်တရာအစွမ်းထက်သော ကျင့်ကြံသူများဟူ၍ သတ်မှတ်ထားသည်။ ရွှီယွဲ့သို့မဟုတ် မိုယွဲ့နိုင်ငံမှာ တျန်ချီအဆင့်ကျင့်ကြံသူများပင် ရှိသည်ဟူ၍ သူမကြားခဲ့ဖူးချေ။
ဇွမ်ချီအဆင့်ကျင့်ကြံသူများက တိုင်းပြည်တစ်ခုလုံးကို သူတို့၏လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ပျက်စီးအောင် ပြုလုပ်နိုင်သည်ဆိုတာ သေချာ၏။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)