အပိုင်း ( ၂၆၁ )

1.3K 193 3
                                        

ကျုပ်…လင်းဖန်..သေချင်တယ်။

လင်းမျိုးနွယ်စု၏နှစ်ပတ်လည်တွေ့ဆုံပွဲကို နှစ်ကုန်ဆုံးသွားချိန်တိုင်းမှာ ကျင်းပလေ့ရှိသည်။ ယခုအခါ လင်းသောက်၏သားလင်းဟုန်က လင်းမျိုးနွယ်စုမှတခြားမျိုးဆက်သစ်တစ်ယောက်ကို လက်သီးဖြင့်ထိုးနေလေသည်။ သူ့လက်သီးချက်တွင် ပြင်းထန်သောရေခဲဓာတ်များ ပါဝင်နေ၏။ များမကြာမီ လင်းဟုန်၏ပြိုင်ဘက်ထံမှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာတာကို လူအားလုံးကြားလိုက်ရလေသည်။

“ ဝိုး….ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲကွာ..အဖေတူသားဆိုတာ ဒါမျိုးပြောတာပဲ။ လင်းဟုန်က အင်မတန်အစွမ်းထက်မြက်တာပဲ ”

“ ဟုတ်တယ်..ဒါက လင်းဟိုင်နဲ့ လင်းဖန်တို့ထွက်သွားလိုက်တာရဲ့ ကောင်းကျိုးပဲ။ အခုငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကလေးနှစ်ယောက်လုံးက ပါရမီရှင်တွေ။ လင်းချန်က ပါရမီရှင်လို့ကျော်ကြားပေမယ့် လင်းဟုန်လည်း မညံ့ဘူး။ အစွမ်းထက်တယ်။ လင်းချန်ကလွဲရင် မျိုးနွယ်စုထဲမှာ ရှိတဲ့ ဘယ်သူကမှ သူ့ကို မယှဉ်နိုင်ဘူး။ သူတို့နှစ်ယောက်လုံးက မျိုးနွယ်စုအကြီးအကဲတွေနီးပါး အစွမ်းထက်နေကြတယ် ”
အကြီးအကဲတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။ သူ၏အသံက ကြည်လင်ပြတ်သားစွာဖြင့် ထွက်ပေါ်လာရာ သူပြောတာကို လူအားလုံးရှင်းလင်းပြတ်သားစွာ ကြားလိုက်ကြရသည်။

သူ့စကားကို ကြားလိုက်ရသူများထဲတွင် လင်းမျိုးနွယ်စု၏ပိုင်နက်အတွင်းသို့ တည်ငြိမ်စွာလျှောက်လာနေသော လင်းဖန်လည်း အပါအဝင်ဖြစ်ပေသည်။

ယခုအချိန်ထိ လူတွေက သူနှင့်သူ့အဖေကို ဝေဖန်ရှုတ်ချပြီး လင်းဖသောက်ကို ကပ်ဖားရပ်ဖားလုပ်နေကြလိမ့်မည်ဟူ၍ လင်းဖန်မျှော်လင့်မထားခဲ့ပေ။ ထိန်းချုပ်ထားနိုင်ခြင်းငှာ မစွမ်းသာတော့ဘဲ သူပြုံးလိုက်မိသည်။ ထို့နောက် ခေါင်းကိုမော့ကာ ရှေ့တူရှူရှိ လူအားလုံးထံသို့ ကြည့်လိုက်ပြီး သရော်လှောင်ပြောင်သည့်အသံဖြင့် ပြောလိုက်လေ၏။
“ အိုး…အဲ့ဒီလောက်တောင်လား ”

သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း လူအားလုံးရှင်းလင်းပြတ်သားစွာ ကြားနိုင်သည်။

လူများမှာ အံ့သြမှင်တက်သွားပြီး လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ရင်းနှီးနေသည့်ပုံစံရှိသည့် လူငယ်တစ်ယောက်ကို တွေ့မြင်လိုက်ကြရသည်။

ထိုရင်းနှီးသောအသွင်ရှိသည့်လူငယ်ကား လူအားလုံးက အသုံးမကျသောကောင်ဟူ၍ ခေါ်ခဲ့သောသူဖြစ်သည်။ သို့ရာတွင် သူက မနှစ်က မျိုးနွယ်စု၏နှစ်ပတ်လည်တွေ့ဆုံပွဲမှာ သူ၏အံ့မခန်းစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။ ထို့ပြင် ရန်ကျုံးမြို့၏ယှဉ်ပြိုင်ပွဲမှာလည်း အံ့အားသင့်ဖွယ်စွမ်းရည်ကို ပြသခဲ့သည်။ လူအားလုံးမှာ သူဘယ်လောက်အစွမ်းထက်လဲဆိုတာကို သိခဲ့သော်လည်း ထိုအချိန်မှာ သူ့ကို လင်းမျိုးနွယ်စုမှ ထုတ်ပယ်ပြီးသွားခဲ့လေပြီ။

တချိန်တည်းမှာ မျိုးနွယ်စုက လင်းဖန်အစားလင်းချန်ကို ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ လင်းချန်က လင်းဖန်ထက်များစွာ အစွမ်းထက်မြက်ပြီး အနာဂတ်မှာ မျိုးနွယ်စုကို တောက်ပအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟူ၍ လူအားလုံးထင်မှတ်ထားကြသည်။ လင်းချန်သာရှိနေလျှင် မျိုးနွယ်စုက လျင်မြန်စွာတိုးတက်လာလိမ့်မည်ဖြစ်ပြီး တနေ့မှာ မျိုးနွယ်စုခေါင်းဆောင်အဖြစ် သူမက ဆောင်ရွက်လိမ့်မည့်သူဟူ၍ တထစ်ချယုံကြည်ထား၏။

“ အဲ့ဒါ လင်းဖန်ပဲ ”

“ လင်းဖန်က ပြန်လာတယ်ပေါ့။ လင်းမျိုးနွယ်စုကို သူပြန်လာဝံ့သေးတာလား ”
လူအများစုမှာ လင်းဖန်ကို မြင်သောအခါ တအံ့တသြဖြစ်သွားကြသည်။ သူ့ပုံစံက ယခင်ကဲ့သို့ ကလေးမျက်နှာနှင့် မဟုတ်တော့ဘဲ ပိုမိုယောက်ျားပီသလာကာ ခန့်ညားလာသည်။ အရင်ကထက် ပိုမိုရင့်ကျက်လာသည့်ပုံစံ ရှိပေသည်။ သူ့ပုံစံက တည်ငြိမ်နေသော်လည်း သူ၏မျက်နှာအမူအရာက အလွန်တရာအေးစက်တင်းမာနေသည်။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ