#Zawgyi
ပိတ်ပင်ခြင်း
“ ဘယ်သူလဲ ”
ယွီကျုန်းက ဒေါသတကြီး အော်ပြောလိုက်၏။
ရောင်စုံကြိုးလေးများက အရပ်လေးမျက်နှာမှ သူ့ထံသို့ မြားတွေအလား ပြေးဝင်လာ၏။ ၎င်းအရာများက မြားတွေထက်ပင် ချွန်ထက်နေပြီး သူ့ကို နောက်သို့ဆုတ်ခွာရန် တွန်းအားပေးနေသည်။ အကယ်၍ သူသာရှောင်တိမ်းချင်လျှင် ကောင်းကင်ယံသို့ ပျံသန်းနိုင်မှသာ ဖြစ်နိုင်၏။
ယွီကျုံးကို တစ်ယောက်မှ ပြန်မဖြေကြပေ။ ရောင်စုံအဝတ်စလေးခုသာ တလက်လက်တောက်ပလျက် သူ့ကို တိုက်ခိုက်နေ၏။
ယွီကျုံးက သေမင်းအဝတ်စများကို ရှောင်တိမ်းရန် ကောင်းကင်ထက်သို့ မြင့်မြင့်ပျံသန်းလိုက်သည်။
“ ခလွက် ”
အက်ကွဲသောအသံများ ထွက်ပေါ်လာ၏။ ထိုရောင်စုံအဝတ်စများက တစ်ခုနှင့်တစ်ခု အံ့သြစရာကောင်းအောင် တစ်ခုနှင့်တစ်ခု ထိတွေ့သွားသည်။ သို့သော် လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်ရပြန်၏။ ထိုရောင်စုံအဝတ်စများက ပရမ်းပတာ ဖြစ်မသွားဘဲ ပို၍များပြားသော အဝတ်စများအဖြစ်သို့ အသွင်ပြောင်းသွားပြီး ယွီကျုံးရှိရာသို့ ဆက်လက်ရွေ့လျားလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရောင်စုံအဝတ်စများဖြင့် ပြည့်နေပြီး လှပနေ၏။
“ ဘုန်း ”
ယွီကျုံးမှာ ဒေါသများဖြင့် တောင်လောင်လာ၏။ လူတစ်ယောက်က အံ့အားသင့်စရာကောင်းအောင် လင်းဖန်ကို သတ်ဖြတ်ခြင်းမှ သူ့အား ဟန့်တားဝံ့နေသည်။
ယခုအချိန်မှာ ယွီကျုံးသည် သူ့ကိုတိုက်ခိုက်နေသူအား မတွေ့မြင်နိုင်ရာ သူ၏အသံလှိုင်းများသည်လည်း ရည်ရွယ်ချက်ကင်းမဲ့သွားရသည်။
“ ဒီနေရာကို ထွက်လာခဲ့စမ်း ”
ယွီကျုံးက အလွန်တရာ ခက်ထန်တင်းမာစွာဖြင့် အော်ပြောလိုက်၏။ သူ၏သန့်စင်သောချီများသည် ချွန်ထက်သော လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ပတ်လည်ရှိ အလင်းတန်းများဆီသို့ ရွေ့လျားသွားသည်။ အသံလှိုင်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့ကာ ထွက်ပေါ်နေခဲ့သော်လည်း ရောင်စုံအဝတ်စများက လှပစွာ လှုပ်ရှားနေ၏။ ရောင်စုံအဝတ်စဆယ်ခုက တစ်ရာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ပြင်တစ်ခုလုံးတွင် ရောင်စုံပန်းများ စိုက်ပျိုးထားသည့်အလား ဖြစ်နေပြီး ယွီကျုံး၏ခန္ဓာကိုယ်ကို လွှမ်းခြုံနေသည်။
“ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့ ထိန်းချုပ်စွမ်းရည်လဲ ”
လူအုပ်ထဲရှိ လူများ၏နှလုံးခုန်နှုန်းများမှာ ရပ်တန့်သွားရပြီး တွေးနေမိ၏။ ယွီကျုန်းကို တိုက်ခိုက်နေသူက ဘယ်သူမှန်း သူတို့မသိသော်လည်း ထိုလူက အလွန်အစွမ်းထက်မည်မှာ သေချာသည်။ ယွီကျုံးမှာ ထိုများစွာသော ရောင်စုံအဝတ်စများကို ပြန်လည်တိုက်ခိုက်ခြင်းပင် မပြုနိုင်ချေ။
