အပိုင်း ( ၂၁၂ )

1.3K 142 0
                                        

အချိန်ကြာမြင့်စွာ နောက်မှပြေးလိုက်ခြင်း

လင်းဖန်၏နားတွေထဲသို့ လေများတဟူးဟူးရိုက်ခတ်နေသည်။ သူက သူရူးတစ်ယောက်ပမာ မြင်းကိုဒုန်းစိုင်းစီးနေ၏။

လူနှစ်ယောက်က သူတို့၏လှံတွေကို ဝှေ့ယမ်းလိုက်သည်။ သူတို့က လင်းဖန်ကိုတားဆီးချင်သော်လည်း သူ၏ဓားရောင် လက်ခနဲတောက်ပသွားတာကိုသာ မြင်လိုက်ရပြီး သူတို့နှစ်ယောက်လုံး မြေပြင်သို့လဲကျသေဆုံးသွားလေသည်။ ဤကဲ့သို့ ဆောင်ရွက်လာမှု့က လင်းဖန်၏အမြန်နှုန်းကို လျော့ကျသွားစေခြင်း မဖြစ်ခဲ့ပေ။ လင်းဖန်ကား သူ့ပတ်လည်တွင် လူများသေဆုံးနေကြသည့် စစ်မြေပြင်မှ မင်းသမီးနောက်သို့ ဆက်လက်လိုက်ပါနေဆဲပင်။

လင်းဖန်က မြင်းကို ဒုန်းစိုင်းစီးနင်းလာရာ သွမ့်ရိန်နယ်နိမိတ်ကို ရောက်ရှိလာ၏။ ဤလူကိုးယောက်က တွေဝေခြင်းမရှိဘဲ သွမ့်ရိန်နယ်နိမိတ်၏လမ်းကြောင်းလေးအတိုင်း ဝင်ရောက်သွားလေသည်။ လင်းဖန်ကလည်း သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေ၏။

သွမ့်ရိန်နယ်နိမိတ်က မိုယွဲ့တပ်သားများ၏ထိန်းချုပ်မှု့အောက်တွင် ရှိသော်လည်း လင်းဖန်က မိုယွဲ့တပ်သားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အတွက် သူတို့ထဲမှ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့ဖြစ်၍ ဘယ်သူကမှ လင်းဖန်ကို မတိုက်ခိုက်လာကြချေ။

လင်းဖန်အပြင် သူလိုက်နေသောအုပ်စုသည်လည်း သွမ့်ရိန်နယ်နိမိတ်၏လမ်းကြောင်းလေးအတိုင်း တုန့်ဆိုင်းခြင်းမရှိ ဖြတ်ကျော်သွားလေသည်။ သူတို့က လမ်းကြောင်းလေး၏ထွက်ပေါက်ကို ရောက်သောအခါ အလောင်းများကို မျက်စိတစ်စုံးမြင်နေရ၏။ မြေပြင်မှာလဲနေသော ဤလူသေအလောင်းများသည် ရွှီယွဲ့တပ်သားများ ဖြစ်ပေသည်။

“ မြန်လိုက်တဲ့ မြင်းတွေ ”
လင်းဖန်က မြင်းကို ကဆုန်စိုင်းစီးနင်းလာသော်လည်း အနက်ရောင်အစောင့်အရှောက်များကို မှီလာခြင်းမရှိချေ။ သူတို့က သွမ့်ရှင်းရဲ့နှင့်အတူစီးနင်းနေရသော်လည်း ဤအညိုရောင်မြင်းတွေက မိုယွဲ့တပ်သားများအသုံးပြုလေ့ရှိသည့် သာမန်မြင်းများထက် အဆများစွာပိုဆန်သည်။

သို့ရာတွင် လင်းဖန်က စွန့်လွှတ်ရန်စိတ်ကူးမရှိဘဲ ဆက်လက်လိုက်ပါနေ၏။
သူတို့က အချိန်အတော်ကြာသည်အထိ ဆက်လက်ခရီးနှင်ခဲ့လေ၏။ မည်သည့်အကွာအဝေးထိ ရောက်ရှိနေမှန်း လင်းဖန်မသိချေ။ အတန်ငယ်ဝေးသောနေရာတွင် မြူခိုးများကို တွေ့မြင်နေရသည်။

ယခုအချိန်တွင် လင်းဖန်က ရွှီယွဲ့နိုင်ငံကို ကျော်ဖြတ်၍ မိုယွဲ့နိုင်ငံတွင်းသို့ ရောက်ရှိနေပြီဖြစ်၏။

ထိုစဉ်လင်းဖန်စီးနေသောမြင်း၏ ပါးစပ်တွင် အမြှုပ်များထွက်နေပြီး ချွေးများဖြင့် ရွှဲနေသည်။ အလွန်တရာမောပန်းနေဟန်ရှိပေ၏။

ဤမြင်းက အံ့မခန်းခံနိုင်ရည်ရှိပြီး လျန်မြန်သည်။ သို့သော် ယခုအချိန်တွင် ဆက်လက်ပြေးလွှားနိုင်စွမ်းမရှိတော့ချေ။ အလွန်လျင်မြန်ဖြတ်လတ်သည့် မြင်းသည်လည်း မောပမ်းနေခဲ့လေပြီ။

သူ့ရန်သူများ၏အနီးတွင်ရှိကြောင်း လင်းဖန်အာရုံခံမိနေသည်။ နောက်ဆုံးတွင် ထိုလူများက မြင်းကိုကဆုန်စိုင်းစီးလာရာမှ ဖြည်းဖြည်းချင်းရပ်တန့်လိုက်၏။

လင်းဖန်က မြင်းဇက်ကြိုးကို ဆက်ခနဲဆွဲလိုက်ရာ မြင်းက ရပ်တန့်သွားသည်။ ရုတ်တရက် မြင်းဟီသံထွက်ပေါ်လာပြီး လင်းဖန်၏မြင်းက လဲကျသွားလေ၏။ လင်းဖန်က မြင်းဇက်ကြိုးကို ဆွဲလိုက်စဉ်တည်းကပင် မြင်းက အလွန်မောပမ်းနေခဲ့သည်။ ဆက်လက်ရှေ့ဆက်ရန် အားမရှိတော့ချေ။

လင်းဖန်က မြင်းပေါ်မှခုန်ဆင်းလိုက်သည်။

သူက ခေါင်းကိုမော့လိုက်ပြီး ချာခနဲလှည့်လာသောလူများကို ကြည့်လိုက်၏။ သူတို့က မြင်းပေါ်မှပင် လင်းဖန်ကို အေးစက်စက်ကြည့်နေသည်။

ထိုလူများ၏နောက်တွင် သွမ့်ရှင်းရဲ့က လင်းဖန်ကို စူးစိုင်၍ ကြည့်နေ၏။ သူမ၏ဆံပင်များက ရှုပ်ထွေးနေသော်လည်း လှပသောမျက်နှာလေးကို ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။ သူမ၏နူးညံ့ပျော့ပျောင်းသောမျက်နှာလေးက လင်းဖန်၏အပြုအမူများအပေါ် ကျေနပ်နှစ်သိမ့်နေကြောင်းဖော်ပြနေသည့်အပြင် သူမ၏မျက်နှာအမူအရာကလည်း ညှို့ငင်ဖမ်းစားနိုင်စွမ်းအပြည့်ရှိလှသည်။

PMG အတွဲ ( ၂ )Dove le storie prendono vita. Scoprilo ora