အပိုင်း ( ၂၂၇ )

1.3K 131 0
                                        

မင်းသမီးအတွက် အမျက်ထွက်ခြင်း

ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းအဆင့်က ကျင့်ကြံသူအများစု၏ဘဝတစ်လျှောက်လုံးမှာပင် နားမလည်နိုင်သောအဆင့်တစ်ခုဖြစ်သည်။ ရွှမ်ချီအဆင့်ရောက်နေသော အလွန်အစွမ်းထက်သည့် ကျင့်ကြံသူများပင် ကံကောင်းထောက်မပြီး ဥာဏ်အလင်းပွင့်သောအခါမှသာလျှင် ကမ္ဘာမြေနှင့်ပေါင်းစပ်သည့်အဆင့်ကို နားလည်၏။

ကျင့်ကြံသူတစ်ယောက်က ကမ္ဘာမြေနှင့်တသားတည်းဖြစ်သွားသောအခါ ကမ္ဘာမြေမှစွမ်းအားများကို အလိုအလျောက်စုပ်ယူနိုင်လာသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ပြီးပြည့်စုံစွာဖြင့် အလိုက်သင့်အသုံးချတတ်လာ၏။

လင်းဖန်၏ဓားက တလက်လက်တောက်ပနေပြီး လေထုကို ကွေးညွတ်၍ ရိုက်ခတ်နေသည်။ လင်းဖန်ကို တိုက်ခိုက်နေကြသူများမှာ ထိုအလင်းရောင်အောက်မှာ လွှမ်းခြုံသွားတော့၏။ လင်းဖန်၏ဓားစွမ်းအင်များက ရှုထောင့်မျိုးစုံမှ ထွက်ပေါ်နေသည်။

များမကြာမီ လင်းဖန်က သူ့ကိုတိုက်ခိုက်လာသူများကို တိုက်ခိုက်လိုက်ရာ တစ်ယောက်မကျန် လဲကျသွား၏။ လျှပ်တပြက်အတွင်း သူတို့အားလုံး သေဆုံးသွားလေသည်။

ဓားတစ်ချက်တည်းဖြင့် သူတို့အားလုံးကို ချေမှုန်းရန် လုံလောက်ခဲ့၏။ ကံမကောင်းစွာပင် မည်သူမျှ လွန်မြောက်သွားခဲ့ခြင်းမရှိပေ။

လူအုပ်ထဲမှာရှိနေသော လူများ၏ နှလုံးများ ခုန်လာသည်။ ကျစ်အုပ်စိုးသူနယ်မြေ၏အစွမ်းထက်သောအဖွဲ့ဝင်တစ်ချို့က လင်းဖန်၏ဓားချက်အောက်တွင် အသက်ပေးသွားခဲ့ရလေပြီ။ သူက စစ်မှန်သောဓားသခင် တစ်ယောက်ဖြစ်ပေ၏။ လင်းဖန်၏ရှေ့မှာ လင်းဟောက်ကျဲ၏ဓားအသုံးပြုပုံက အမှန်တကယ်ပင် ဓားအသုံးပြုသူများကို အရှက်ခွဲလိုက်ခြင်းဖြစ်ပေသည်။

သူ၏ရွှေရောင်မိုးစက်ဓားကွက်သည် လင်းဖန်၏ဓားစွမ်းရည်နှင့်ယှဉ်လျှင် အလှပြကွက်တစ်ခုပမာဖြစ်သွား၏။ လင်းဖန်၏ဓားကွက်က ပြင်းထန်နေပြီး လျှပ်တပြက်အတွင်း လူများကို သတ်ဖြတ်နိုင်သည်။

ကျစ်ယင်နှင့် ကျစ်ကျုန်းမှာ အံ့သြမှင်တက်သွား၏။ အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်ကာ သူတို့နှစ်ယောက်လုံး ဒေါသထွက်နေသည်။

ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ…

လင်းဖန်နှင့်တိုက်ခိုက်လျှင် သေချာပေါက် သူသေလိမ့်မည်ဆိုတာကို ကျစ်ကျုန်းသိနေ၏။ ပြန်တိုက်ခိုက်ရန်အခွင့်အရေးပင်ရှိမည်မဟုတ်ချေ။ လင်းဟောက်ကျဲလိုသာ သူသေဆုံးသွားရပေလိမ့်မည်။ တိုက်ကွက်တစ်ကွက်ကိုပင် သူခံနိုင်လိမ့်မည်မဟုတ်ပေ…။

ကျစ်ကျုန်းနှင့်ကျစ်ရှာက သူတို့၏အဖေကျစ်ယင်ကို လှည့်ကြည့်လိုက်သည်။ ကျစ်ယင်သာ လင်းဖန်ကို သတ်နိုင်ပေမည်။

သူတို့သာမဟုတ် လူအားလုံးကလည်း ကျစ်ယင်ကို ကြည့်လာကြသည်။ သူက ကျစ်အုပ်စိုးသူနယ်မြေ၏ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လင်းဖန်က ထင်သလိုပြုမူနေတာကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ရသနည်း။

“ မင်းရဲ့ သိုင်းကွက်က မဆိုးဘူးကိုး ”
ကျစ်ယင်က လင်းဖန်ကိုကြည့်ကာ အေးစက်စက်ပြောလိုက်၏။ ကျစ်ယင်က လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိနေသည်။ ရွှမ်အဆင့်သို့ အချိန်မရွေးရောက်နိုင်သည့်အဆင့်မှာ ရှိနေ၏။

လင်းဖန်၏စွမ်းရည်ကို သူအာရုံခံလိုက်သည်။ လင်းဖန်၏ဓားကွက်များက ရိုးရှင်းလှသည်ဟု တွေးနေ၏။ သူက သေချာပေါက် လှည့်ဖြားခြင်းလုပ်ခဲ့တာသာဖြစ်ရမည်။ တစ်နည်းပြောရလျှင် သူက အလွန်အစွမ်းထက်သော ဓားကွက်များကို ရိုးရှင်းသောဓားကွက်အသွင်အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ထင်နေခြင်းပင်။

“ သိုင်းကွက်လား?”
အလွန်ရယ်စရာကောင်းသောအရာကို ကြားလိုက်ရသည့်အလား လင်းဖန်၏မျက်နှာတွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။ သူက မည်သည့်သိုင်းကွက်ကိုမျှထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိပေ။ ကမ္ဘာမြေနှင့်ပေါင်းစပ်သည့်အဆင့်ကို အသုံးပြုလိုက်ပြီး ရိုးရှင်းသောဓားချက်များကိုသာ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပေ၏။

ထိုဓားချက်များက ကျင့်ကြံခြင်းအဆင့်၏ပိုမြင့်သောအဆင့်မှာပါဝင်သည်။

“ ခင်ဗျားက နားမလည်ဘူးပဲ ”
လင်းဖန်က မထူးခြားသည့်အသံဖြင့် ပြောလိုက်၏။ ကျစ်ယင်နားလည်သည့်ကျင့်ကြံခြင်းအဆင့်က များစွာမမြင့်မားသေးပေ။ ကမ္ဘာမြေနှင့်ပေါင်းစပ်သည့်အဆင့်သို့ ရောက်သွားသူများသာ ထိုအကြောင်းကို သိကြပြီး တိုက်ကွက်တစ်ကွက်မှာ ပါဝင်သောစွမ်းအားကို ခန့်မှန်းနိုင်ကြသည်။

ဥပမာအနေဖြင့် လင်းဖန်က သူ၏စိတ်ဝိညာဉ်ကို ထုတ်ဖော်ခြင်းမပြုဘဲ မျက်လုံးမှိတ်ထားလျက်နှင့် အဝေးတစ်နေရာမှ သစ်ရွက်ကြွေကျတာကို အာရုံခံစားနိုင်၏။ သူ့ပတ်လည်မှာရှိနေသမျှအရာအားလုံးကို သူအာရုံခံစားနိုင်သည်။ ကျစ်ယင်က ထိုအရာကို မလုပ်နိုင်ပေ။ အမြဲတမ်းမှန်ကန်ခြင်းမရှိသည့် သူ့စိတ်အပေါ်မှာသာ ယုံကြည်နေ၏။ အကယ်၍ လူအချို့က ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းအဆင့်ကို အသုံးပြုနေမည်ဆိုလျှင်သော်မှ ထိုအရာကို သူနားလည်နိုင်မှာမဟုတ်သလို ဘာကိုမှအာရုံခံ၍လည်း ရမည်မဟုတ်ပေ။ သူက အခြေခံသဘောတရားများကို နားလည်ခြင်းမရှိခဲ့သည်မှာ ထင်ရှား၏။

“ ခင်ဗျားက နားမလည်ဘူးပဲ ” ဟူ၍ လင်းဖန်က ယုံကြည်ချက်ရှိစွာဖြင့်ပြောလိုက်သောစကားကို ကြားသောအခါ ကျစ်ယင်မှာ စိတ်မသက်မသာသလိုခံစားလိုက်ရသည်။

ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ဝါနုသူတစ်ယောက်က သူ့ကို လူအများရှေ့မှာ နားမလည်ဘူးဟု သူအပြောခံလိုက်ရခြင်းက အလွန်အသိဥာဏ်ကင်းမဲ့သူတစ်ယောက်ပမာ သူ့ကို ဖြစ်သွားစေ၏။

“ ငါကနားမလည်ဘူးပေါ့?”
ကျစ်ယင်က အေးစက်စက်ပြုံးလိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
“ မင်းက ကလေးတစ်ယောက်သာရှိသေးပေမယ့် မောက်မာဝံ့ကြွားနေတယ်။ ကမ္ဘာကြီးဘယ်လောက်ကျယ်လဲဆိုတာ မသိသေးဘူးပဲ ဒီနေရာကို ဒုက္ခတွေဖြစ်အောင် မင်းလုပ်ခဲ့တယ်။ ကျစ်အုပ်စိုးသူနယ်မြေကလူတွေကိုလည်း သတ်ခဲ့ပြီး အရှက်ခွဲခဲ့တယ်။ မင်းကို သာမန်အတိုင်းမသတ်တော့ဘူး ”

“ မင်းရဲ့စိတ်စွမ်းအားကို ဖျက်ဆီးပစ်မယ်။ မင်းရဲ့တစ်ဘဝလုံးဝမ်းနည်းယူကြုံးမရဖြစ်နေစေရမယ်။ သေခြင်းထက်ပိုဆိုးတဲ့ဘဝကို ရောက်သွားစေရမယ် ”
ကျစ်ယင်၏အသံက အေးစက်တင်းမာနေသည်။ လူအုပ်ကြီးမှာ ကျစ်ယင်ထံမှ အေးစက်သောစွမ်းအားများ ထွက်ပေါ်လာတာကို ခံစားလိုက်ရ၏။

လင်းဖန်က ကျစ်ယင်ကို ကြည့်နေ၏။ ချက်ချင်းပင် သူ့မျက်နှာက ရယ်စရာပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ပြုံးသွားသည်။

“ မင်းဘာလို့ ပြုံးနေတာလဲ?”
ကျစ်ယစ်က အလွန်တရာခက်ထန်တင်းမာစွာဖြင့် မေးလိုက်၏။

“ ခင်ဗျားက ကျွန်တော့်ကို ကြောက်နေတယ်ဆိုတာ ထင်ရှားနေတာပဲ ”
လင်းဖန်က ယခင်အတိုင်းတည်ငြိမ်စွာပြောလိုက်ပြီး ဆက်လက်၍

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora