အပိုင်း ( ၂၅၇ )

1.3K 172 6
                                        

ဒူးထောက်တောင်းပန်ခိုင်းခြင်း

မြို့၏အပြင်ဘက်မှာ သွေးနီတပ်သားများက တည်ငြိမ်စွာ စောင့်နေလေသည်။

ထိုစဉ် မြို့တော်ဝန်၏နေအိမ်မှ အစောင့်အကြပ်တစ်ယောက် ပြန်လာလေသည်။ သူက မြို့ရိုးထက်သို့ တက်လိုက်ပြီး များပြားလှသော တပ်ကြီးကို ကြည့်ရင်း ခေါင်းမှခြေများသို့တိုင် တုန်ယင်လာသည်။

“ သူ့ကို ဒီနေရာလာပြီး သူ့အပြစ်အတွက်တောင်းပန်ရမယ်လို့ ပြောလိုက်..…”

အစောင့်အကြပ်မှာ ထိုစကားလုံးများကို စဉ်းစားရင်း သူ့ရင်ဘက်ကြီးက ဖားဖိုကြီးလိုပိန်လိုက်ဖောင်းလိုက် ဖြစ်နေ၏။ အကယ်၍ ထိုစကားလုံးများကိုသာ သူပြောလိုက်လျှင် သူတို့က သူ့ကို သတ်ပစ်လိမ့်မည်လား။

“ ဘာတဲ့လဲ ”
ခက်ထန်တင်းမာသော အသံတစ်သံက အစောင့်အကြပ်၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ အစောင့်အကြပ်မှာ တုန်ယင်သွားရ၏။ ချက်ချင်းပင် သူက မျက်စိကို စုံမှိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ မြို့တော်ရဲ့အကြီးအကဲက မင်းရဲ့အပြစ်အတွက် မင်းအနေနဲ့ သူ့ကိုလာတောင်းပန်ရမယ်လို့ ပြောလိုက်တယ် ”

ထိုစကားလုံးများကို ပြောပြီးသွားသည်နှင့် အစောင့်အကြပ်မှာ ဝန်ထုပ်ဝန်ပိုးကြီးလျော့ကျသွားသလို ခံစားလိုက်ရသည်။ သို့ရာတွင် အခြားအစောင့်အရှောက်များမှာ သူပြောတာကို ကြားရသောအခါ တအံ့တသြဖြစ်သွား၏။ တပ်ဖွဲ့ကြီးထံမှ တုန့်ပြန်လာမည့်အပြုအမူများကို တွေးတောကာ သူတို့၏ ခေါင်းမှခြေဖျားသို့တိုင် တုန်ခါလာလေသည်။ ဤအရူးကောင်က သွေးနီတပ်သားတွေကို ဘယ်လိုလုပ် ဤမျှကြမ်းကြုတ်သောစကားလုံးများကို ပြောဆိုဝံ့နေသနည်း။

ထိုစကားလုံးများကို သွေးနီတပ်သားများကြားသောအခါ သူတို့၏ကိုယ်မှ အလွန်တရာပြင်းထန်သော ချီစွမ်းအားများထွက်ပေါ်လာပြီး မြို့ရိုးသို့တိုင်ရိုက်ခတ်သွားလေသည်။ လူအားလုံးမှာ ချက်ချင်းပင် အေးစက်မှုကို ခံစားကြရ၏။

မည်မျှအေးစက်လိုက်ပါသနည်း။ ထိုချီများက အလွန်တရာအေးစက်လှရာ လူအားလုံးမှာ ရိုးတွင်းခြင်ဆီသို့တိုင် အေးခဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရလေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now