အပိုင်း ( ၂၆၇ )

1.4K 173 0
                                        

နန်းတော်ကိုးခု

လင်းဖန်သည်မိန်ချင်းကို ကြားလေသွေး၍ မခွဲနိုင်သည့်အလား တင်းကြပ်စွာဖက်ထား၏။ မိန်ချင်းမှာ ခေါင်းမှ ခြေဖျားသို့တိုင် တုန်ယင်နေသည်။ သူမတွင် အားအင်များပျောက်ဆုံးသွားရပြီး ဘာတစ်ခုမျှ မလုပ်နိုင်ဘဲ  လင်းဖန်လှုပ်ရှားရာအတိုင်းသာ လိုက်လျောကာ သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေ၏။

မိန်ချင်းက ရင်ခွင်ထဲမှ နေ၍ ခေါင်းလေးကိုမော့ပြီး လင်းဖန်အား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏မျက်နှာများက အလွန်နီးကပ်နေ၏။ ထိုစဉ် အလွန်တရာရှားပါးလှသော အဖြစ်အပျက်လေးတစ်ခု ဖြစ်ပေါ်လာသည်။ မိန်ချင်း၏မျက်လုံးလေးများထဲတွင် ခံစားချက်များဖြင့် လင်းလက်နေသည်။ သူမအသွင်က ရှက်ရွံ့နေသည့်ပုံစံရှိနေသည်။ သူမ၏နူးညံ့သန့်စင်သော မျက်နှာလေးက ချက်ချင်းနီရဲသွားရာ လင်းဖန်၏နှလုံးခုန်နှုန်းကို မြန်သွားစေသည်။

“ ဖယ်ပေးပါဦး ”

မိန်ချင်းက လင်းဖန်ထံမှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း လင်းဖန်က သူမကို တင်းကြပ်စွာဖက်ထားလေ၏။ ချက်ချင်းပင် သူမက ရုန်းထွက်ရန်ကြိုးစားနေရာမှ ရပ်လိုက်ပြီး လင်းဖန်၏ချစ်ရည်ရွှမ်းလဲ့နေသော မျက်လုံးများကို ရင်မဆိုင်ဝံ့သည့်အတွက် ခေါင်းလေးကို ငုံ့ထားသည်။

မိန်ချင်းက အလွန်အေးစက်သော်လည်း သူပြောတာကို နာခံဆဲဖြစ်ကြောင်း တွေ့ရသည့်အတွက် လင်းဖန်ပြုံးလိုက်သည်။

“ မင်းကို ဖက်ထားရတာ သဘောကျလို့ပါ ”
လင်းဖန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်ရာ မိန်ချင်းက ခေါင်းလေးကို မော့လိုက်ပြီး လင်းဖန်အား ကြည့်လိုက်လေသည်။ ယခုအခါ သူမ၏မျက်လုံးလေးတွေက သူမကိုဆန့်ကျင်နေ၏။

ထို့နောက် မိန်ချင်းက ငြိမ်သက်စွာဖြင့် လင်းဖန်၏ရင်ခွင်ထဲမှာ လဲလျောင်းနေလေသည်။ လင်းဖန်က သူမကို ဖက်ထားရာ သူမစိတ်ထဲတွင် သာယာပျော့ပြောင်းသောခံစားချက်လေးတစ်ခုကို ခံစားနေရသည်။

ထိုအချိန်ခဏလေးအတွင်းက အဆုံးအစမဲ့ကြာလွန်းလှသည်ဟူ၍ ထင်မှတ်ရသည်။ လင်းဖန်သည် နူးညံ့လှပလွန်းသော မိန်းမပျိုလေးကို ဖက်ထားရသည့်အတွက် သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ သို့ရာတွင် အမျိုးသားနှင့်အမျိုးသမီးကြားက ဆက်ဆံရေးမျိုးကို သူ့စိတ်ထဲမတွေးမိဘဲ သူ့ရင်ထဲမှာ မြင့်တက်လာသော  ထူးဆန်းသည့်အနွေးဓာတ်လေးကိုသာ ရရှိနေ၏။

“ မိန်ချင်း..ငါ့ကို ကြည့်ပါဦး ”
တခဏမျှတိတ်ဆိတ်နေပြီးနောက် လင်းဖန်က ပြောလိုက်သည်။

မိန်ချင်းက လင်းဖန်၏ရင်ခွင်ထဲမှာ လဲလျောင်းနေရင်းက ခေါင်းလေးကိုမော့ကာ လင်းဖန်အား ကြည့်လိုက်သည်။ သူမပုံစံက အနည်းငယ်အံ့အားသင့်သွားပုံရသည်။

“ မင်းက တကယ်လှတယ် ”
လင်းဖန်က ပြုံးလျက် ပြောလိုက်ရာ မိန်ချင်းမှာ အမျိုးအမည်မသိသော ခံစားချက်လေးတစ်ခုကို ခံစားလိုက်ရသည်။ နောက်တစ်ဖန် သူမရှက်ရွံ့သွားပုံရ၏။ မိန်ကလေးတိုင်းက သူတို့နှစ်သက်သော ယောက်ျားလေးတစ်ယောက်က သူတို့ကို လှသည်ဟုပြောလာလျှင် အလွန်သဘောကျသည်။

မိန်ချင်းက သာမန်နှင့်မတူသော မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမက မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ချစ်ချင်း၊ မုန်းခြင်းခံစားချက်များကို သူမနားလည်၏။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်မိသောအခါ အခြားသူများကဲ့သို့ပင် အချစ်နှင့်တွေ့လျှင် ကလေးတစ်ယောက်ပမာ ဖြစ်သွားသည်။

လင်းဖန်က ခေါင်းကို တဖြည်းဖြည်းနှိမ့်ကာ မိန်ချင်း၏မျက်နှာလေးနားသို့ တိုးကပ်လာ၏။ မိန်ချင်းမှာ အလွန်တရာ ရှက်ရွံ့သွားပုံရသည်။ သူမကိုယ်လုံးလေးက တုန်ယင်နေပြီး သူမ၏နှလုံးခုန်နှုန်းသည်လည်း မြန်ဆန်လာသည်။ ထိုအနေအထားမှ လွတ်မြောက်ချင်စိတ်များ ဖြစ်ပေါ်လာသလို တပြိုင်နက်တည်းမှာပင် ဤနေရာမှ ဘယ်ကိုမှမသွားချင်သော စိတ်ကလေးလည်း ဖြစ်ပေါ်လျက်ရှိသည်။
နောက်ဆုံးတွင် လင်းဖန်၏နှုတ်ခမ်းက မိန်ချင်း၏ရွှမ်းလက်နေသော နှုတ်ခမ်းဖူးဖူးလေးနှစ်ခုကို ထိကပ်သွားလေသည်။ မိန်ချင်းမှာ တုန်ယင်နေပြီး လျှပ်စစ်နှင့်ထိတွေ့လိုက်သည့်ပမာ ဖြစ်သွားသည်။ သူမ၏မျက်လုံးလေးများ ပြူးကျယ်နေပြီး သူမမျက်နှာက တောင့်တင်းသွားသည်။ မည်ကဲ့သို့ ဖြစ်ပျက်သွားလဲဆိုတာကို သူမ မသိတော့ချေ။ သို့ရာတွင် ထိုအရာက အမှန်တရားဖြစ်သည်။

သူတို့နှစ်ယောက်က ခဏကြာနမ်းပြီးနောက် လင်းဖန်က သူ၏ခေါင်းကို နောက်သို့ဆုတ်လိုက်ပြီး မိန်ချင်းအားကြည့်လိုက်သည်။ သူက မိန်ချင်းကို ရွှန်းရွှန်းစားစားကြည့်ရင်း ပြုံးနေသည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя