အပိုင်း ( ၃၄၀ )

472 49 0
                                        

#Zawgyi

အခွင့်အရေး

ယွီတျန်ရှင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အဆိပ်ရှိသော မြွေတစ်ကောင်ပမာ ဖြစ်သွားသည်။
“ ငါ့ကို သတ်ချင်နေတယ်လို့ မင်းပြောနေတာလား ”
“ ဟုတ်တယ်။ တခြားနည်းမရှိဘူး။ ဒီနေ့မှာ မင်းကို ငါသတ်ရမယ်။ ဒီလိုမှမဟုတ်ရင် ငါက သူရဲဘောကြောင်တဲ့ကောင်တစ်ယောက်နဲ့ တူသွားလိမ့်မယ် ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်သည်။
“ ကောင်းပြီလေ။ မင်းအခု ဘာလို့ ငါ့ကို မတိုက်ခိုက်သေးတာလဲ ”
လင်းဖန်သည် တံတားပေါ်၌ မတ်တတ်ရပ်နေသည်မှာ ကြာနေပြီဖြစ်သော်လည်း အဖျက်အဆီးချီများကိုသာ ထုတ်လွှတ်ထားသည့်အတွက် ယွီတျန်ရှင်းက မေးမြန်းလိုက်၏။
“ ဘာလို့လဲဆိုတော့ မင်းကို အခွင့်အရေးပေးချင်လို့ပဲ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်ရင်း ဆက်လက်၍
“ ငါက မင်းကို စကားပြောဖို့ အခွင့်အရေးပေးခဲ့ပေမယ့် မင်းရဲ့မျိုးနွယ်စု ဘယ်လောက်အရှိန်အဝါကြီးကြောင်းတွေ ပြောပြီး ငါ့ကို တစ်ချိန်လုံး ခြိမ်းခြောက်နေခဲ့တယ်။ အဲ့ဒီလိုဆိုမှတော့ ဘာပြောဖို့လိုဦးမှာလဲ ”
လင်းဖန်က စကားဆုံးသည်နှင့် ယွီတျန်ရှင်းရှိရာသို့ တဖြည်းဖြည်းလျှောက်သွား၏။
စောစောကအချိန်တိုလေးအတွင်းမှာ ယွီတျန်ရှင်းကို သူ့အမှားများအတွက် တောင်းပန်ရန် လင်းဖန် အခွင့်အရေးပေးခဲ့သည်။
ယွီမျိုးနွယ်စုသည် အလွန်တရာ အစွမ်းထက်ရာ လင်းဖန်အနေဖြင့် သူတို့ကို မယှဉ်ပြိုင်နိုင်ပေ။ သူ့အတွက် အချိန်များစွာ လိုအပ်၏။ ယွီမျိုးနွယ်စုကို စောစီးစွာ ရန်စခြင်းက သူ့အတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။
ကံမကောင်းပင်စွာပင် ယွီတျန်ရှင်းက လင်းဖန်ကို တောင်းပန်ခြင်းပင်မပြုဘဲ သူ့မျိုးနွယ်စုအရှိန်အဝါ ဘယ်လောက်ကြီးမားကြောင်းပြောပြကာ လင်းဖန်ကို ခြိမ်းခြောက်နေခဲ့ရာ လင်းဖန်ကို ဒေါသထွက်သွားစေခဲ့သည်။ ယွီမျိုးနွယ်စုက အံ့မခန်းအစွမ်းထက်နေခဲ့လျှင်ပင် လင်းဖန်အနေဖြင့် သူ့အားသတ်ရန် ယွီတျန်ရှင်းကို အလွယ်တကူ ခွင့်ပြုလိုက်ရမှာလား။
သူ့ဘက်က တိုက်ခိုက်ခြင်းမရှိဘဲ ယွီမျိုးနွယ်စုက သူ့လာသတ်မှာကို စောင့်နေရမှာလား။
လင်းဖန်၏စကားကို ကြားသောအခါ ယွီတျန်ရှင်းတုန်ခါသွားရသည်။
စောစောက လင်းဖန်အနေဖြင့် ယွီတျန်ရှင်းကို သတ်ဖြတ်ချင်နေသည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယွီမျိုးနွယ်စုက မည်သို့မျှ ခွင့်လွှတ်မည်မဟုတ်ပေ။ ယွီတျန်ရှင်းကလည်း ကြေအေးရန် တောင်းပန်လာခြင်းမပြုသည့်အတွက် လင်းဖန်မှာ ရွေးချယ်စရာ မရှိတော့ပေ။
ထိုစဉ်က ယွီတျန်ရှင်းသည်လည်း သူ့မျက်နှာပျက်မှာကို စိုးရိမ်သည့်အတွက် လင်းဖန်ကို ခြိမ်းခြောက်ကာ ယွီမျိုးနွယ်စု မည်မျှအစွမ်းထက်ကြောင်း ပြောပြခဲ့သည်။ ထို့ပြင် လင်းဖန်ကို သူကြောက်ရွံ့နေသော်လည်း သူက ယွီမျိုးနွယ်စုအဖွဲ့ဝင်တစ်ယောက် ဖြစ်သည့်အတွက် သူ့ကို လင်းဖန်သတ်ရဲမှာ မဟုတ်ဘူးဟူ၍လည်း တွေးထင်နေခဲ့၏၊။
သို့သော် ယခုအချိန်မှာ လင်းဖန်၏အဖျက်အဆီးချီများက ပိုမိုပြင်းထန်လာတာကို သူခံစားမိလာပြီး သူ၏ယုံကြည်ချက်များသည်လည်း စတင်ပြိုကွဲလာရသည်။ လင်းဖန်က သူ့ကို သတ်ချင်သည့်လူများအား သတ်ဝံ့သည့်လူတစ်ယောက်ဖြစ်၏။
ယွီတျန်ရှင်းသည် သူ့ထံသို့ တရွေ့ရွေ့တိုးလာသော လင်းဖန်ကို ကြည့်လိုက်သည်။ လင်းဖန်၏ခြေတစ်လှမ်းစီတိုင်းက သူ့ယုံကြည်ချက်များကို တစ်စစီနင်းခြေနေသည့်ပမာ ခံစားနေရသည်။
“ လင်းဖန် ”
နောက်ဆုံးတွင် ယွီတျန်ရှင်းက သူ၏ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ထံသို့ လျှောက်လာသော လင်းဖန်ကို ကြည့်ကာ ပြောလိုက်၏။
“ လင်းဖန်…တကယ်လို့ မင်းငါ့ကို မသတ်ဘူးဆိုရင် ဒီနေ့ကစပြီး ယွီမျိုးနွယ်စုနဲ့ မင်းရဲ့ကြားမှာ ဘာပြဿနာမရှိစေရဘူးလို့ ငါအာမခံတယ် ”
လင်းဖန်က လမ်းလျှောက်လာရာမှ ရပ်တန့်လိုက်ပြီး ယွီတျန်ရှင်းကို အေးစက်စက် ကြည့်လိုက်သည်။
“ မင်းက ဝင့်ကြွားလွန်းတယ်။ ဒီနေ့ ငါက အခွင့်အရေးပေးခဲ့ပေမယ့် မင်းက မရယူနိုင်ခဲ့ဘူး။ နောက်ကျသွားပြီ ”
ထို့နောက် လင်းဖန်က ဆက်လက်၍ လျှောက်လာရာ ယွီတျန်ရှင်း၏နှလုံးသားမှာ နာကျင်မှုများကို ခံစားလာရသည်။ လင်းဖန်က သူ့ကို အခွင့်အရေးတစ်ခုပေးခဲ့သော်လည်း သူက မှားယွင်းစွာ ရွေးချယ်ခဲ့မိရာ နောက်ထပ်ကတိစကားများ မလိုအပ်တော့ပေ။
“ လင်းဖန်..ယွီမျိုးနွယ်စုရဲ့ဒေါသကို ဘယ်တော့မှ မင်းထိန်ချုပ်နိုင်မှာ မဟုတ်ဘူး ”
ယွီတျန်ရှင်း၏မျက်နှာမှာ ဆိုးရွားစွာ ပျက်လာရပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။
လင်းဖန်က ယွီတျန်ရှင်းမည်သို့ပြောလာပါစေ ယခုအချိန်မှာ အသုံးမဝင်သည့်အတွက်ကြောင့် သူ့စကားကို လျစ်လျူရှုထားသည်။ ယွီတျန်ရှင်းကား လင်းဖန်၏သားကောင်ဖြစ်လာခဲ့လေပြီ။
ယွီတျန်ရှင်းသည် လင်းဖန်ချဉ်းကပ်လာတာကို မြင်သောအခါ သူ့နှလုံးခုန်နှုန်းများ မြန်ဆန်သွားရသည်။ အဖျက်အဆီးစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ပတ်လည်ကို ဝန်းရံလာခဲ့၏။
တခြားသူများမှာ စကားမပြောနိုင်လောက်အောင် အံ့သြမှင်တက်သွားသည်။ လင်းဖန်က ယွီမျိုးနွယ်စု၏ဒေါထွက်လာအောင် လုပ်ဝံ့သည့်အပြင် ယွီတျန်ရှင်းကိုလည်း သတ်ဖြတ်ရဲသည်လား။
ယွဲ့တျန်ချိန်သည် နောက်သို့ အနည်းငယ် ဆုတ်ခွှာလိုက်၏။ ယခုတစ်ကြိမ်တွင် သူသည် ယွီတျန်ရှင်းဘက်မှ ရပ်တည်ခြင်းမရှိတော့ပေ။ လင်းဖန်ကို တိုက်ရိုက်ရင်ဆိုင်မည့် ယွီတျန်ရှင်းကို သူစွန့်ခွာလိုက်သည်။ ယွဲ့တျန်ချိန်၏မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး အေးစက်စက်ပြုံးနေ၏။
ယွီတျန်ရှင်းနှင့် ယွဲ့တျန်ရှင်းတို့သည် သူငယ်ချင်းများ မဟုတ်ကြပေ။ သူတို့အတူတကွ ပူးပေါင်းနေကြသည်မှာ သူတို့နှစ်ယောက်၏အဓိကရန်သူက လင်းဖန်ဖြစ်နေသောကြောင့်ပင်။
သူတို့နှစ်ယောက်လုံးက လင်းဖန်ကို အရိုးစွဲအောင် မုန်းတီးကြပြီး သေသွားစေရန်သာ မျှော်လင့်နေကြ၏။
သို့သော် ယခုအချိန်တွင် လင်းဖန်က ယွီတျန်ရှင်းကို သတ်ချင်နေခဲ့သော်လည်း ယွဲ့တျန်ချိန်က ဝင်ရောက်ဟန့်တားခြင်းမရှိချေ။ သူ့ရင်ထဲမှာ ကြိတ်ရယ်နေ၏။ အကယ်၍ လင်းဖန်သာ ယွီတျန်ရှင်းကို သတ်ဖြတ်လျှင် ယွီမျိုးနွယ်စု ဒေါသထွက်သွားလိမ့်မည်။
ယွီမျိုးနွယ်စုကို လင်းဖန်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ယွီတျန်ရှင်းသာ သေသွားခဲ့လျှင် ဒုတိယမင်းသားလေးသာမက ဘယ်သူမှ လင်းဖန်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
ယွီမျိုးနွယ်စုက သူတို့၏အဖွဲ့ဝင်တစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခြင်းအား ဘယ်တော့မှ ခွင့်လွှတ်တတ်သူမဟုတ်ရာ အကယ်၍ လင်းဖန်သာ ယွီတျန်ရှင်းကို သတ်လိုက်လျှင် ကိုယ့်သေတွင်းကိုယ် တူးနေသည်နှင့် တူသွားလိမ့်မည်။
ထို့အတွက်ကြောင့်လည်း ယွဲ့တျန်ချိန်ပျော်ရွှင်နေခြင်းဖြစ်၏။
ထိုစဉ် ယွီတျန်ရှင်းသည် ယွဲ့တျန်ချိန်က သူ့ကို စွန့်ခွာသွားတာမြင်သောအခါ သူ့နှလုံးသားထဲမှာ အေးစက်ခြင်းများ ရိုက်ခတ်လာ၏။ တစ်ယောက်တည်းဖြစ်သည့်ပမာ ခံစားလာရပြီး ဝမ်းနည်းလာသည်။ လင်းဖန်က သူ့ကိုသတ်ချင်နေသော်လည်း ဘယ်သူမှ သူ့ကို ကူညီခြင်းမရှိပေ။ ယခုအချိန်မှာ လင်းဖန်ကိုတားဆီးရန် ဘယ်သူ့မှာ အစွမ်းရှိပါသလဲ။
ထို့ပြင် ယွီတျန်ရှင်းသည် ထိုအခြေအနေသို့ ရောက်မည်ကိုလည်း ကောင်းစွာနားလည်ထား၏။ သို့ရာတွင် ယွီမျိုးနွယ်စု၏အရှိန်အဝါက လင်းဖန်ကို ကြောက်ရွံ့သွားစေရန် ပြုလုပ်ပေးလိမ့်မည်ဟု အံ့သြစရာကောင်းအောင် သူထင်နေခဲ့သည်။
“ လင်းဖန် ငါ့စကားလုံးတွေကို မယုံကြည်သေးဘူးဆိုရင် ငါကျိန်ပြောတယ်။ ငါ့မျိုးနွယ်စုက မင်းကို ဘယ်တော့မှ အန္တရာယ်မပေးလာစေရဘူး ”
ယွီတျန်ရှင်းမှာ အလွန်ကြောက်ရွံ့တုန်လှုပ်လာရပြီး ပြောကြားလိုက်၏။ ယခုအချိန်မှာ အစွမ်းမဲ့နေသည့်ပမာ သူခံစားနေရပြီး လင်းဖန်က သူနှင့်ခြေလှမ်းဆယ်လှမ်းသာ ဝေးကွာတော့သည်။
နောက်ဆုံးတွင် ယနေ့ သူသေရတော့မည်ဟု နားလည်သွား၏။ အဖျက်အဆီးချီများ၏ အငွေ့အသက်များက ပိုမိုထူထပ်လာပြီး အချိန်မရွေးသေဆုံးသွားစေနိုင်ကြောင်း သူသိလာသည်။
လင်းဖန်က အရင်အတိုင်းသူ့ကို လျစ်လျူရှထား၏။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းဖန်၏ခြေသံသာ ထွက်ပေါ်နေရာ ယွီတျန်ရှင်း၏နှလုံးခုန်နှုန်းများ မြန်ဆန်နေရသည်။
သူသေရတော့မည်ဆိုသောအခါမှ ပြောသောကတိစကားကို လင်းဖန်က ယုံကြည်လိမ့်မလား။
သူက လင်းဖန်အပေါ် အမှားများစွာ ပြုလုပ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့သည်။ လင်းဖန်က သူ့ကို နောက်ထပ်အခွင့်အရေးများ ပေးလိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင် လင်းဖန်က လျှောက်လာနေရာမှ ရပ်တန့်လိုက်၏။ သူနှင့် ယွီတျန်ရှင်းကြားတွင် ခြေလှမ်းခုနစ်လှမ်းသာ ကျန်တော့သည်။ အရာအားလုံးဖြစ်ပွားခဲ့သည်မှာ လျင်မြန်လွန်းလှပြီး လျှပ်ပြက်သည့်အလား ထင်ရ၏။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ခန္ဓာကိုယ်ပတ်လည်တွင် နေအလင်းရောင်ကဲ့သို့ တလက်လက်တောက်ပသော အလင်းရောင်တစ်ခု လက်လာပြီး ထိုအလင်းရောင်တွင် သတ်ဖြတ်ချင်သော အငွေ့အသက်များနှင့် အဖျက်အဆီးချီများဖြင့် ပြည့်လာ၏။
ယွီတျန်ရှင်းသည် လင်းဖန်၏ချီများကို အာရုံခံမိသောအခါ နှလုံးခုန်ရပ်တန့်သွားတော့မည်ကဲ့သို့ ခံစားလာရပြီး နောက်သို့ ဒရောသောပါး ဆုတ်ခွာလိုက်သည်။
လင်းဖန်၏ချီမှာ ရွှမ်ချီအဆင့်အစွမ်းများ ပါဝင်နေ၏။ လင်းဖန်က လင်းချီစုဆောင်းမှုအဆင့်မှ ရွှမ်ချီအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာသည်။
“ အံ့သြစရာ မရှိဘူး။ အဲ့ဒီလူတွေအားလုံး ပြန်မလာတာ အံ့သြစရာမဟုတ်ဘူး ”
ယွီတျန်ရှင်း၏နှလုံးသားမှာ အရှိန်ပြင်းစွာ လှုပ်ခတ်သွားရပြီး မုန်းတီးခြင်းများဖြင့် ပြည့်လာ၏။ ယွီတျန်ရှင်းသည် ယွီမျိုးနွယ်စု၏ သခင်လေးငါးသာ ဖြစ်သည့်အတွက် ရွှမ်ချီအဆင့်တစ်နှင့်အထက် ကျင့်ကြံသူများကို စေလွှတ်ရန် သူ့မှာ အာဏာမရှိချေ။ သို့ဖြစ်ရာ လင်းဖန်ကို ဘယ်တော့မှ သတ်နိုင်တော့မည်မဟုတ်ချေ။ သူသည် ဆင်ခြင်တုံတရားကင်းမဲ့စွာပင် သူ့ကိုယ်သူ ဤအခြေအနေသို့ ရောက်အောင် ဆွဲခေါ်သွားခဲ့ပေသည်။
လင်းဖန်၏လက်ထဲတွင် သန့်စင်သောချီများဖြင့် ပြုလုပ်ထားသော ဓားတစ်လက် ရှိနေ၏။ ထိုစဉ် ယွီတျန်ရှင်းက ကတိုက်ကရိုက် အော်ပြောလိုက်သည်။
“ မင်းင့ါကို သတ်ရင် ယွီမျိုးနွယ်စုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး ”
“ မင်းက မောက်မာဝင့်ကြွားသလို အသိဉာဏ်ကင်းမဲ့တဲ့ကောင်ပဲ ”
လင်းဖန်က ခေါင်းကိုခါယမ်းလိုက်ရင်း ပြောလိုက်၏။ သူက သန့်စင်သောချီဖြင့် ပြုလုပ်ခားသော ဓားကို မြှောက်လိုက်ရင်း
“ တကယ်လို့ မင်းကို ငါမသတ်ဘူးဆိုရင်တောင် ယွီမျိုးနွယ်စုက ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ ယွီမျိုးနွယ်စုက ငါ့ရန်သူဖြစ်နေမှတော့ ဒီနေ့ကိစ္စကို စဉ်းစားကြည့်ရင် ဘယ်လိုလုပ် မင်းအသက်ရှင်ရက် လွတ်မြောက်နိုင်မှာလဲ ”ဟု ဆက်လက်ပြောလိုက်သည်။
ထိုစဉ် လူအားလုံးက လင်းဖန်၏ဓားကို ကြည့်နေကြသည်။ အကယ်၍ ထိုဓားသာလှုပ်ရှားသွားလျှင် ယွီတျန်ရှင်း သေလိမ့်မည်။
လူအုပ်ကြီးမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သော ပြင်းထန်သည့် ဖိအားအောက်မှာ အသက်ရှူကြပ်နေသည့်ပမာ ခံစားလာရ၏။ လင်းဖန်၏လက်ထဲမှ ဓားက အပေါ်မှ တရွေ့ရွေ့ကျဆင်းလာနေသည်။
“ ရပ်လိုက် ”
အလွန်တရာ ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီး အဖျက်အဆီးချီများသည်လည်း လေထဲသို့ ရိုက်ခတ်သွား၏။
ထိုခက်ထန်တင်းမာသော လေသံက လေထုကို တုန်ခါသွားစေပြီး ၎င်းမှာပါဝင်သော ချီတစ်ခုက လင်းဖန်၏နားစည်အတွင်းသို့ ဝင်ရောက်သွားကာ လင်းဖန်ကို တဒင်္ဂမျှ မှင်တက်သွားစေသည်။
သူ့ဓားက အောက်သို့ ဆက်လက်ကျဆင်းလာခြင်းမရှိတော့ဘဲ ယွီတျန်ရှင်း၏ခေါင်းအထက်လေထုထဲမှာ ရပ်တန့်နေ၏။
“ ယွီကျုံး ”
လင်းဖန်က ချာခနဲလှည့်ကာ အေးစက်စက်ပြောလိုက်သည်။
ထိုဒေါသတကြီး အော်ပြောလိုက်သောအသံတွင် ချီတစ်ချို့ပါဝင်နေပြီး ကောင်းကင်ဘုံသင်တန်းကျောင်းတွင် ဟဲမိုနှင့်တိုက်ခိုက်စဉ်က နှောင့်ယှက်ခံရပုံမျိုးနှင့် ဆင်တူနေ၏။ ထိုအသံပိုင်ရှင်ကား ယွီမျိုးနွယ်စု၏တတိယမြောက် အကြီးအကဲ ယွီကျုံးဖြစ်ပေသည်။
လင်းဖန်နှင့် ဟဲမိုတို့တိုက်ခိုက်ခဲ့စဉ်က ယွီကျုံး၏အသံကြောင့် လင်းဖန်ဒဏ်ရာရရှိခဲ့ရသည်။
ယွီတျန်ရှင်းသည် ယွီကျုံးကိုမြင်သောအခါ သူ့မျက်လုံးများက ချက်ချင်းပျော်ရွှင်သွားသည့်အရိပ်အယောင်များ ထွက်ပေါ်လာပြီး
“ ဦးလေးသုံး၊ ကျွန်တော့်ကို ကယ်ပါဦး ”ဟု အော်ပြောလိုက်လေ၏။
ယွီကျုံးက တံတားပေါ်မှ လျှောက်လာသည်။ သူ၏ဘယ်ဘက်နှင့် ညာဘက်တွင် လူတစ်ယောက်စီလိုက်ပါလာပြီး သူတို့နှစ်ယောက်လုံးထံမှ များပြားအစွမ်းထက်သော ချီများ ထွက်ပေါ်လနေ၏။
ထိုသုံးယောက်လုံးက ယွီမျိုးနွယ်စုမှ ရွှမ်ချီအဆင့်ကျင့်ကြံသူများ ဖြစ်သည်။
ဤတစ်ကြိမ်မှာတော့ လင်းဖန်ကံမကောင်းနိုင်တော့ချေ။
ယနေ့မှာ သေချာပေါက် လင်းဖန်သေရလိမ့်မည်။
လင်းဖန်က ယွီမျိုးနွယ်စုကို ဒေါသထွက်အောင် ပြုလုပ်ခဲ့သည်ဟု လူအများစု တွေးနေကြ၏။
“ ရပ်လိုက် ”
လူအုပ်ကြီး တွေးနေစဉ်မှာလင်းဖန်ထံမှ အသံထွက်ပေါ်လာသည်။ လင်းဖန်၏လေသံက ရေခဲတမျှ အေးစက်တင်းမာနေ၏။
ထို့ပြင် တစ်ချိန်တည်းမှာ လင်းဖန်၏လက်က ဆက်လက်ရွေ့လျားသွားပြီး ယွဲ့တျန်ရှင်းထံသို့ သူ၏ဓားရောက်ရှိသွားရာ ယွီတျန်ရှင်းထံမှ နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ယွီကျုံးနှင့် တခြားနှစ်ယောက်မှာ အံ့သြမှင်တက်သွားကြကာ လှမ်းလက်စခြေလှမ်းကိုပင် ရပ်တန့်သွားရ၏။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora