အပိုင်း ( ၃၂၄ )

1K 128 1
                                    

ကောင်းကင်နှင့်မြေကြီးက ရက်စက်သည်

တရွေ့ရွေ့နှင့် အချိန်နှစ်ရက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်၏။ ကျန်းပိလော်က ဒူပိ၊ ဝမ်အော်ရွှယ်နှင့်လင်းဖန်တို့ကို  စိန်ခေါ်သည့်သတင်းကလည်း သင်တန်းကျောင်းအတွင်း ပျံ့နှံ့နေခဲ့သည်။

လူအများစုက ထိုအကြောင်းကို ဆွေးနွေးနေကြပြီး သူတို့၏စကားဝိုင်းတွင် လင်းဖန်က အဓိက ပါဝင်နေခဲ့သည်။ ထိုအချိန်မှာ လင်းဖန်ကား ကျောက်သားတန်းလျားတစ်ခုထက်တွင် တည်ငြိမ်စွာ လဲလျောင်းနေ၏။ သူ့ဘေးတွင် မိန်ချင်းက သူမ၏ပုံစံအတိုင်း တည်ငြိမ်သည်လည်း မဆိုသာ နွေးထွေးလွန်းသည်လည်း မဟုတ်သော အမူအရာဖြင့် အဝေးကို ငေးကြည့်နေ၏။ သို့ရာတွင် သူမတွေးနေတာကို ပြောပြနိုင်ရန်ကား လုံးဝမဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာပင် လန်ကျောက်၊ကျင်းယွမ်နှင့် ယွမ်ရှီတို့သည်လည်း အခန်းအတွင်းမှာ ရှိနေပြီး လန်ကျောက်က တခြားမိန်းကလေးနှစ်ယောက်အား ကျင့်ကြံရာတွင် တွေ့ကြုံရသည့် ပြဿနာများကို ပြောပြနေ၏။ လင်းဖန်က မိန်းကလေးများကို ကြည့်လိုက်ရာ သူတို့သည် လန်ကျောက်၏စကားအပေါ်တွင် အာရုံစူးစိုက်နေသည်ကို တွေ့လိုက်ရသည်။

ထိုစဉ် အခန်းအပြင်ဘက်မှ လူတစ်ယောက်က တံခါးခေါက်လာ၏။

“ ဝင်ခဲ့ ”
လင်းဖန်က ပြောလိုက်ရာ ချက်ချင်းပင် ဝါးဦးထုပ်ကို ဆောင်းထားသော လူတစ်ယောက်က အခန်းတံခါးဝရှေ့မှာ ထွက်ပေါ်လာသည်။

ထိုလူက သူ၏ခေါင်းကို မော့လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ လင်းဖန်၏အမြင်အာရုံထဲတွင် ကြေးရောင်မျက်နှာဖုံးတစ်ခု ထွက်ပေါ်လာပြီး ထိုမျက်နှာဖုံးအောက်တွင် မျက်လုံးအစုံက တလက်လက်တောက်ပနေ၏။

“ အစ်ကိုလင်းဖန် ”
ထိုလူက လင်းဖန်၏နာမည်ကို အော်ခေါ်လိုက်သည်။ လင်းဖန်အံ့အားသင့်သွားပြီး မတ်တတ်ရပ်လိုက်၏။

“ ပိုဂျွန် ”

“ ဟုတ်တယ် အစ်ကိုလင်းဖန်..ကျွန်တော်ပါ ”
ပိုဂျွန်က ပြောလိုက်ရင်း အခန်းတွင်းသို့ ဝင်ခဲ့လိုက်သည်။ တံခါးက အလိုအလျောက် ပြန်ပိတ်သွားလေ၏။

“ ပိုဂျွန်..အင်ပါယာမြို့တော်ကို ဘယ်အချိန်တည်းက ရောက်နေခဲ့တာလဲ ”
လင်းဖန်က အံ့အားတသင့် မေးမြန်းလိုက်ပြီး ပိုဂျွန်ရှိရာသို့ လျှောက်လာ၏။ လျန်ချန်းလန်က လက်ရွေးသင်တပ်သားများကို လင်းဖန်နှင့်အတူ နေခဲ့ရန် ပြောကြားခဲ့သော်လည်း ပိုဂျွန်နှင့် ဟန်မန်းသည် လင်းဖန်နှင့်မနေခဲ့ဘဲ လျန်ချန်းလန်နှင့်အတူ လိုက်ပါသွားသည်။

PMG အတွဲ ( ၂ )حيث تعيش القصص. اكتشف الآن