Zawgyi
နဂါးကိုးကောင် တောင်တန်း
“ ဟုတ်တယ်။ တိုက်ခိုက်ပြီးတော့ သူထွက်သွားတယ် ”
လင်းဖန်က သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုအလား ပြောဆိုလိုက်၏။ ထို့နောက် သူက သွမ့်ရှင်းရဲ့ဘက်သို့ လှည့်လိုက်ပြီး
“ ဒီနေရာကနေ အော်ရွှယ်နဲ့ငါ အတူတူသွားလိုက်မယ်။ ရှင်းရဲ့ ပြန်လို့ရပြီ ”ဟု ပြောလိုက်ရာ
“ အင်း ”
သွမ့်ရှင်းရဲ့က ချစ်စရာကောင်းစွာ ခေါင်းလေးကို ညိတ်လိုက်ရင်း ပြောလိုက်လေ၏။ သို့သော် သူမက လင်းဖန်၏လက်ကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ဆက်လက်ပြောကြားလိုက်သည်။
“ ကောင်းကောင်းဂရုစိုက်နော် ”
“ မစိုးရိမ်နဲ့ ”
လင်းဖန်က ကြင်နာစွာပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်၏လက်တွေ ကွာသွားလေသည်။ သွမ့်ရှင်းရဲ့က လင်းဖန်အဝေးသို့ ပြေးသွားပြီး ဘယ်တော့မှ ပြန်မလာမှာကို ကြောက်ရွံ့သည့်အလား ခေါင်းလေးကို တစ်ဖက်သို့ လှည့်သွား၏။
လင်းဖန်က သူမကို ကတိတစ်ခုပေးထားခဲ့သော်အလည်း သူ့ကိုဆုံးရှုံးရမှာ သူမ ကြောက်ရွံ့နေမိဆဲ။ သူမ၏စိတ်ထဲမှာ သူ့ကိုဆုံးရှုံးရမည်ဆိုသော စိတ်များက သူမကို ဆိုးရွားစွာ ခြောက်လှန့်နေလေသည်။
လင်းဖန်က တစ်ချိန်လုံးပြုံးနေ၏။ သွမ့်ရှင်းရဲ့၏ပုံရိပ်ပျောက်ကွယ်သွားသောအခါမှသာ လင်းဖန်က ခေါင်းကိုပြန်လှည့်လိုက်သည်။ ထိုစဉ် ဝမ်အော်ရွှယ်၏မျက်နှာက မရယ်မပြုံးဖြင့် ဒွဟဖြစ်နေပုံပေါ်၏။
သူနှင့်လင်းဖန် မတွေ့ရသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်သော်လည်း လင်းဖန်က ရွှမ်ချီအဆင့်သို့ ရောက်ရှိနေပြီး သင်တန်းကျောင်း၏ ထိပ်ဆုံးကျောင်းသားဖြစ်နေသည်။ လူပေါင်းများစွာက သူ့ကို လေးစားနေကြပြီး မင်းသမီး၏နှလုံးသားကိုပင် သိမ်းယူနိုင်ခဲ့၏။ လင်းဖန်က ကောင်းမွန်သော ဘဝကို အမှန်တကယ် ပိုင်ဆိုင်နေသည်။
“ ဘာလို့ မြင်းလှည်းယူခဲ့တာလဲ ”
လင်းဖန်ကမေးလိုက်ရာ ဝမ်အော်ရွှယ်၏မျက်နှာထက်မှ ဒွိဟဖြစ်သော အပြုံးမှာ ပျောက်ကွယ်သွားလေ၏။ လင်းဖန်က မြင်းလှည်းကိုကြည့်နေသည်။ သူက မိန်းကလေးတစ်ယောက်မဟုတ်ပါဘဲ ဝမ်အော်ရွှယ်က သူ့ကိုခေါ်ရန် မြင်းလှည်းကို ယူလာခဲ့၏။
