အပိုင်း ( ၃၁၆ )

1K 146 0
                                    

လင်းဖန်ပြန်လာပြီ။

လူအုပ်ကြီးက စင်မြင့်ထက်ရှိ လင်းဖန်ကို မြင်သောအခါ အံ့သြမှင်တက်သွား၏။

“ ဒါဘယ်သူလဲ။ မိုက်ရိုင်းလိုက်တာ။ ဒီလိုနေရာမျိုးကိုလာပြီး ခက်ထန်တင်းမာနေရတယ်လို့ …”
လူအုပ်ထဲရှိ လူအများစု တွေးနေမိသည်။ သွမ့်လိုင်က ထိုကဲ့သို့ အပြုအမူမျိုးကို ဘယ်လိုလုပ်သည်းခံမည်နည်း။ ဖြစ်နိုင်တာကထိုလူ သေချင်နေတာလား။

လင်းဖန်ကိုမြင်ဖူးသည့်လူတချို့က ရင်းနှီးနေသည်ဟု ထင်မြင်နေကြ၏။

လွတ်လပ်ပွင့်လင်းစွာဖြင့် ရဲတင်းစွာပြုမူတတ်သောလူတစ်ယောက်။ လင်းဖန်၏နောက်ကျောကိုသာ တွေ့မြင်ရခြင်းနှင့်အတူ ခြောက်လကြာ ပျောက်နေခဲ့ခြင်းက လူအများစုမှာ လင်းဖန်ဖြစ်နိုင်သည်ဟု မတွေးမိကြချေ။

လူအုပ်ကြီးမှာ လင်းဖန်ကို မတွေ့မြင်နိုင်သော လင်းဖန်၏ရှေ့တွင်ရှိသော သွမ့်လိုင်၊ ဝမ်ရိန်ရန်၊ ယွဲ့တျန်ချိန်၊ ယွဲ့တျန်ရှင်းနှင့် စင်မြင့်ထက်ရှိလူများအားလုံး လင်းဖန်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။ သူတို့အားလုံး ထူးဆန်းစွာရင်းနှီးနေသည့် ခံစားချက်မျိုး ရရှိလိုက်၏။

သူတို့အလွန်တရာမုန်းတီးသော လူကား သူတို့ရှေ့တွင် ပေါ်ထွက်လာခဲ့လေပြီ။

အထူးသဖြင့် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော ဝမ်ရိန်ရန်သည် လင်းဖန်ကိုမြင်သောအခါ တုန်ခါသွားသည်။ အရင်တုန်းက ယွမ်ဟိုင်ကျောင်း၏ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ယူဆထားခဲ့၏။ မကြာခင်တုဖူကို ကျော်လွန်ပြီး လင်းဟူဟဲရှန်ကို ကျော်လွန်နိုင်လိမ့်မည်ဟု ယူဆထားခဲ့သည်။ သို့ရာတွင် လင်းဖန်ပေါ်ထွက်လာခြင်းနှင့်အတူ သူ၏ဂုဏ်သိက္ခာများ ပျက်စီးကာ အရှက်ကွဲခဲ့သည်။

လင်းဖန်ငယ်စဉ်တုန်းက လူအများစုက သူ့ကို အသုံးမကျသောကောင်ဟု ခေါ်ခဲ့ကြ၏။ သို့ရာတွင် ဝမ်ရိန်ရန်ကို လူအားလုံးရှေ့မှာ အနိုင်ယူပြကာ သူ၏ဒဏ္ဍာရီကို စတင်ဖွင့်လှစ်ပြခဲ့သည်။

ဝမ်ရိန်ရန်၏အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့ရပြီး သစ္စာဖောက်အဖြစ် ရွေးချယ်ကာ သွမ့်တျန်းလန်နောက်သို့ လိုက်ခဲ့သည်။ ထို့အတွက်ကြောင့် လင်းဖန်ကို သူရင်ထဲအသည်းထဲမှပင် နာကျည်းမုန်းတီးနေ၏။ ယွမ်ဟိုင်ကျောင်းတော်၏ကျင့်ကြံသူအားလုံးက လင်းဖန်အတွက်ကြောင့် သူတို့၏ အသက်များကို အဆုံးရှုံးခံခဲ့သည်။ သူတို့၏အသက်များဖြင့် လင်းဖန်ကို ကယ်ဆယ်ခဲ့၏။ ထိုကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်က လင်းဖန်သည် အလွန်အဖိုးတန်သောလူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

PMG အတွဲ ( ၂ )Hikayelerin yaşadığı yer. Şimdi keşfedin