အပိုင်း ( ၃၀၈ )

1.1K 136 0
                                        

ဘဝ၏မတည်မြဲသော သဘောတရား

လင်းဖန်က သူ့ကို ဟန့်တားလာသူအား ကြည့်လိုက်၏။ လင်းဖန်၏မျက်လုံးများတွင် သဘောမကျသည့်လက္ခဏာများ ပေါ်ထွက်လာသည်။

ထိုလူက လှံဖြင့် ဝိညာဉ်နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ကာ လူအုပ်စုကို ဘုရင်အားတိုက်ခိုက်ရန် စိတ်ဓာတ်မြှင့်တင်ပေးခဲ့သူဖြစ်၏။ သို့ရာတွင် သူက ထိုနေရာမှာ ရှိနေခဲ့ပြီး တိုက်ခိုက်ခြင်းမပြုခဲ့သည့်အပြင် သူ့ကိုပင် ထွက်ခွာနေခြင်းမှ ဟန့်တားလာသည်။

လင်းဖန်သည် သူ၏ပတ်လည်ကို ကြည့်လိုက်သောအခါ တခဏမျှနှလုံးခုန်နှုန်းမြန်ဆန်သွား၏။ သူ့ပတ်လည်တွင် လှံတံကျင့်ကြံသူတစ်ယောက်တည်းသာမက တခြားခုနစ်ယောက်လည်း ရှိနေ၏။ သူတို့အားလုံးက အနက်ရောင်အင်္ကျီများကို ဝတ်ဆင်ထားပြီး သူတို့လက်ထဲတွင် လှံတံများ ရှိနေသည်။ သူတို့က ချီများကို ထုတ်ဖော်ထားခြင်း မရှိသော်လည်း သူတို့၏တိတ်ဆိတ်ငြိမ်သက်နေမှုနှင့် ရိုးတွင်းခြင်ဆီသို့တိုင် ထိုးဖောက်လာနေသည့် အေးစိမ့်မှုကို အခြေခံကာ အလွန်တရာ အစွမ်းထက်သူများဖြစ်ကြောင်း လင်းဖန်အာရုံခံစားမိသည်။

“ သူ့ကို သွားခွင့်ပြုလိုက်ပါ ”
ထိုစဉ် ပျော့ပျောင်းခြင်းလည်းမဆိုသာ တင်းမာသည်လည်းမဆိုသာသော အသံတစ်သံ လွင့်ပျံလာ၏။ ချက်ချင်းပင် လင်းဖန်၏လမ်းကို ပိတ်ဆို့ထားသောလူက လင်းဖန်ကို လေးစားစွာကြည့်လိုက်ပြီး လင်းဖန်ထွက်သွားရန် လမ်းဖယ်ပေးလိုက်သည်။

လင်းဖန်က ထိုလူ၏မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး ကောင်းကင်အဏ္ဏဝါမြို့ရှိရာသို့ ကြည့်လိုက်၏။ မြို့ရိုးထိပ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေသည်။ ထိုလူ၏ခန္ဓာကိုယ်နှင့် မျက်နှာများကိုပါ အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားပြီး သူ့ပုံစံက ထူးဆန်းနေ၏။

ထိုလူသည် ခေါင်းကိုငုံ့ထားပြီး အဖြစ်အပျက်များက သူနှင့်မသက်ဆိုင်သည့်အလား တည်ငြိမ်စွာ မြို့ရိုးထိပ်မှာ ရပ်နေသည်။

အနက်ရောင်ဝတ်စုံနှင့်လူကို သေချာအကဲခတ်ပြီးနောက် အခြေအနေက မူလက သူထင်ထားသည်ထက် များစွာရှုပ်ထွေးနေကြောင်း လင်းဖန်နားလည်သွား၏။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя