အပိုင်း ( ၂၁၄ )

1.3K 146 0
                                        

ကျိုးကြေသွားသောအရိုးများ

တပ်မှူးက လင်းဖန်၏ခံစားချက်ကင်းမဲ့နေသော မျက်လုံးများနှင့် သူ၏တိုးပွားလာသော ချီများကို ကြည့်နေသည်။ သူ၏မျက်နှာသွင်ပြင်က ပို၍လေးနက်လာပြီး သူ၏တောရိုင်းကောင်ဝိညာဉ်သည်လည်း ကျယ်လောင်စွာ မြည်ဟည်းလာ၏။

“ သေစမ်းကွာ!”
တပ်မှူးက အော်ပြောလိုက်သည်။ သူ၏လက်ဝါးက လင်းဖန်ထံသို့ ပြေးဝင်သွားသည်။ ၎င်းလက်ဝါးတွင် အလွန်တရာပြင်းထန်သော စွမ်းအားများပါဝင်နေပြီး ရုတ်တရက် ကြီးမားသော တောရိုင်းကောင်လက်ဝါးအဖြစ်သို့ ပြောင်းလဲသွား၏။ လင်းဖန်၏တစ်ကိုယ်လုံးကို ဖုံးအုပ်နိုင်သည်အထိကြီးမားသည်။ ၎င်းလက်ဝါးတွင် သူ၏စိတ်ဝိညာဉ်အစွမ်းများ ပါဝင်နေမည်မှာ သေချာလှသည်။

“ ဘုန်း!”

ဤအံ့မခန်းစွမ်းအားများသည် လင်းဖန်ဆီသို့ လေထုကိုတိုးခွင်း၍ လာနေ၏။ ပြင်းထန်သောဖိအားကြောင့် လင်းဖန်မှာ သူ့ခြေထောက်အောက်ရှိမြေပြင်က တုန်ခါနေသလိုဖြစ်နေပြီး သူကိုယ်တိုင်လွင့်မျောတော့မည်ကဲ့သို့ ခံစားလာရသည်။

သို့ရာတွင် သူ၏အတိုက်အခိုက်စွမ်းအင်ကတော့ ပျောက်ကွယ်သွားခြင်းမရှိပေ။ လင်းဖန်ကား အကြောက်အရွံ့ကင်းမဲ့နေ၏။ သူက လက်တစ်ချောင်းတည်းကို အသုံးပြုခြင်းအစား လက်သီးတစ်ခုလုံးမှာ စွမ်းအင်များစွာကို စုစည်းလိုက်ပြီး ဓားတစ်ချောင်းသဖွယ် ချွန်ထက်နေအောင် ပြုလုပ်လိုက်သည်။ သူ၏လက်သီးက ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှာရှိနေသမျှအရာအားလုံးကို ဖျက်ဆီးပစ်တော့မည်အလား ဖြစ်လာ၏။ တပ်မှူး၏လက်ဝါးနှင့် လင်းဖန်၏လက်သီးတို့ ထိပ်တိုက်ထိတွေ့မိရာမှ ပြင်းထန်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

“ ဘုန်း!”

လေထုထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာ၏။ လင်းဖန်၏ခြေထောက်အောက်ရှိမြေပြင်မှာ အက်ကွဲလာသည်။ တပ်မှူး၏အသွင်က တောရိုင်းကောင်ပမာဖြစ်လာပြီး လင်းဖန်အပေါ်သို့ တောင်ကြီးတစ်ခုပြိုကျလာသည့်ပမာ များပြားပြင်းထန်သောစွမ်းအားဖြင့် ဖိအားပေးလာသည်။

လင်းဖန်မှာ သူ၏အရိုးများနှင့်ကိုယ်တွင်းအင်္ဂါများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလာရ၏။ သူသည် ဆိုရွားစွာ ထိခိုက်ဒဏ်ရာရနေပြီ ဖြစ်သော်လည်း နေရာမှာပင် မြဲမြံခိုင်မာစွာ ရပ်နေရာ လူအားလုံးက သူ့အား ငေးကြည့်နေကြတော့သည်။

PMG အတွဲ ( ၂ )Where stories live. Discover now