အပိုင်း ( ၂၂၈ )

1.3K 135 2
                                        

ခရမ်းရောင်ချေမှုန်းတိုက်ကွက်

“ အစွမ်းထက်လိုက်တာ...ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ လူငယ်လဲ ”

လူအုပ်ကြီးထဲမှ လူအများစုမှာ တအံ့တဩဖြစ်နေကြ၏။ သူတို့၏နှလုံးများလည်း ခုန်နေသည်။ လင်းဖန်က အသက်ဘယ်လောက်ရှိနေပြီလဲ။

ကျစ်ကျုန်းထက်ပင် ငယ်မည့်ပုံပေါ်၏။ သို့သော် ရွှေရောင်မိုးစက်ဓားသခင် လင်းဟောက်ကျဲနှင့် ကျစ်အုပ်စိုးသူနယ်မြေမှ လူအချို့ကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်နေသော ကျင့်ကြံသူတသ်ယောက်ကို နောက်ဆုတ်အောင်တိုက်ခိုက်ရင်း ကျစ်ကျုန်းအား သတ်ပစ်လိုက်၏။

“ မွန်းစတားစွမ်းရည် ” ဟုသောစကားလုံးမှသာ လင်းဖန်၏အစွမ်းကို ဖော်ပြရန်လုံလောက်ပေသည်။ ကျစ်အုပ်စိုးသူနယ်မြေက ဤဒေသတစ်ခုလုံးတွင် တန်ခိုးအာဏာအရှိဆုံးဖြစ်၏။

ထို့အပြင် လင်းဖန်က အသက်ငယ်ငယ်လေးသာရှိသော်လည်း ကျစ်အုပ်စိုးသူနယ်မြေမှလူများစွာကို သတ်ဖြတ်ခဲ့လေသည်။ သူ့ကိုဟန့်တားလာသူမှန်သမျှအား လုံးဝချေမှုန်းပစ်နေ၏။

ကျစ်လင်းနှင့်ကျစ်ယီတို့မှာ သူမတို့၏မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူတို့အိပ်မက်မက်နေသလားဟုပင် ထင်နေ၏။

လင်းဖန်ကိုအသုံးမကျသူဟူ၍ သူမတို့ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်တွင် လင်းဟောက်ကျဲထက်များစွာအစွမ်းထက်သူဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်ပင်ကိုယ်ပါရမီ ရှိသူဖြစ်နေသည်။ သူက ကျစ်ယင်ကိုပင် နောက်ဆုတ်အောင် ပြုလုပ်နိုင်ခဲ့၏။

လင်းဖန်၏နောက်ကျောကိုကြည့်ကာ သွမ့်ရှင်းရဲ့၏အပြုံးမှာ ပိုမိုအသက်ဝင်လာသည်။ လင်းဖန်က မည်မျှခိုင်မာပြတ်သားပြီး သွေးဆူသောလူတစ်ယောက်ဆိုတာကို သူမသိနေ၏။ ထိုနေ့က သူမကိုကယ်ရန်အတွက် လင်းဖန်က အံ့မခန်းအစွမ်းထက်သော ကျင့်ကြံသူငါးယောက်ကို သတ်ဖြတ်ခဲ့သည်။

ထိုလူရှစ်ယောက်လုံးက လင်းဖန်ထက် အစွမ်းထက်သူများဖြစ်၏။ သူတို့အားလုံးက လင်းချီစုဆောင်းမှုအဆင့် ၇ သို့ရောက်ရှိနေကြသည်။ လင်းဖန်က သူ၏အကြောက်အလန့်မရှိသောစိတ်အပေါ်အားပြုကာ စစ်နတ်ဘုရားတစ်ပါးပမာ အနက်ရောင်အစောင့်အရှောက်တပ်မှူးများကို သတ်ဖြတ်ခဲ့၏။ အဆုံးသတ်တွင် အသက်ရှင်ကျန်ခဲ့သူက သူသာလျှင်ဖြစ်ခဲ့လေသည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя