အပိုင်း ( ၂၇၄ )

1.3K 166 0
                                    

ရှေးဟောင်းဆေးအမြုတေအိုး

ပင်းယွမ်၏အပြုံးက တင်းမာခက်ထန်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပေါက်ကွဲသံတစ်သံထွက်ပေါ်လာ၏။ အခန်းသုံးခန်းလုံးက အကာများလွင့်စဉ်သွားပြီး တစ်ခုနှင့်တစ်ခုကို ရှင်းလင်းပြတ်သားစွာ တွြေ့မင်နိုင်သည်။

ယခုအခါ နှင်းရေခဲတောင်ရွာ၏အဓိကကိုယ်စားပြုသူက ပင်းယွမ်ဖြစ်သည်။ ဟောက်ယွဲ့ကျောင်းတော်အတွက် နှစ်ဖက်သွားဓားသခင်လိန်ယွဲ့ဖြစ်သည်။ သူတို့အပြင် နေရာ၏ရှေ့မှာ မတ်တတ်ရပ်နေသော လူတစ်ယောက်နှင့် ထိုင်ခုံမှာ ထိုင်နေသော မိန်းကလေးနှင့် ယောက်ျားလေးတစ်ယောက်လည်း ရှိသည်။ သူတို့နှစ်ယောက်က ထိုင်ခုံထက်မှာ တည်ငြိမ်စွာ ထိုင်နေကြပြီး တခြားသူများကို လျစ်လျူရှုထားသည်။ လက်တစ်ချောင်းမျှ သူတို့မလှုပ်ရှားဘဲ စကားသာပြောနေသည်။ ထို့အပြင် ထိုမိန်းကလေး၏မျက်နှာတွင် ဇာပဝါကို လွှမ်းခြုံထားပြီး စွဲမက်ဖွယ်အလှတရားရှိသည့်အသွင် ရှိသည်။

“ ပင်းယွမ်….မင်းက ငါ့ကို အတိုက်အခံလုပ်နေတာလား ”
လိန်ယွဲ့က ခပ်ထေ့ထေ့အသံဖြင့် ပြောလိုက်သည်။ ပင်းယွမ်က သူ့ကို တစ်ချိန်လုံးရန်စနေခဲ့သည်။ လင်းဖန်နှင့် သူ့ကိုတိုက်ခိုက်ချင်နေခဲ့သော်လည်း ရလဒ်က သူတို့နှစ်ယောက်လုံးကို အရှက်ခွဲလိုက်ခြင်းဖြစ်သည်။

“ ဟမ့် ”

ပင်းယွမ်က စိတ်ထိခိုက်စွာဖြင့် ပြုံးလိုက်သည်။ သူက လင်းဖန်ကို မျက်နှာသာပေးခဲ့သော်လည်း ပထမဆုံးအကြိမ်မှာ သူ၏ပညာသင်ဖက်ညီနောင်တစ်ယောက်ကို သတ်ကာ သူ့ကို အရှက်ခွဲခဲ့ပြီး ဒုတိယအကြိမ်မှာလည်း သူ့ကို အရှက်ခွဲလိုက်ပြန်ပြီ။

“ အကိုလိန်ယွဲ့….သူ့ကို ဘယ်လိုကျုပ်တို့ ဘယ်လိုလုပ်သင့်လဲ။ အကိုပဲ ဆုံးဖြတ်ပါ ”
ပင်းယွမ်က လင်းဖန်ကို တိုက်ခိုက်တော့မည့်အလား ရက်စက်စွာပြုမူတော့မည့်လေသံဖြင့် ပြောလိုက်သည်။

“ ဘယ်သူက မင်းရဲ့ အစ်ကိုလဲ။ သူပြောတာမှန်တယ်။ နှင်းရေခဲတောင်ရွာရဲ့လူတွေအားလုံးက သူရဲဘောကြောင်တဲ့သူတွေပဲ။ ငါတို့က ညီအကိုတွေဖြစ်နိုင်တယ်လို့ ဘယ်လိုလုပ်ပြီးမင်းက ထင်နေရတာလဲ ” လိန်ယွဲ့က ပြောလိုက်သည်။ ပင်းယွမ်မှာ အံ့သြမှင်တက်သွားသည်။ လူအားလုံးက သူ့ကို စူးစိုက်၍ ကြည့်နေသည်ဟု ထင်နေပြီး အရှက်ခွဲခံရမှုကြောင့် သူ့တစ်ကိုယ်လုံး လွင့်မျောသွားသလို ခံစားလိုက်ရသည်။ လေတွေက သူ့အဆုတ်တွင်းသို့ မရောက်တော့သည့်ပမာ ဖြစ်လာပြီး အသက်ရှူကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ