တပ်ကို အမြစ်ဖြုတ်မယ်...
ပရမ်းပတာဖြစ်နေခြင်း.....
နှစ်နိုင်ငံလုံးမှတပ်သားများသည် အကြောက်အရွံ့မရှိတိုက်ခိုက်နေကြ၏။ စစ်မြေပြင်က တပ်သားများ၏အလောင်းများနှသ့် ဖုံးလွှမ်းလာသည်။ မိုယွဲ့တပ်သားများသည် မြို့ထဲမှပြေးထွက်ကာ ရွှီယွဲ့တပ်သားများကို ပြေးဝင်တိုက်ခိုက်နေလေပြီ။
မိုယွဲ့တပ်သည် အစွမ်းထက်မြက်သည့်တပ်ဖြစ်ပြီး သူတို့၏လှံတံများမှအရောင်များသည်လည်း သတ်ဖြတ်ချင်စိတ်ဖြင့် အမှောင်ထုထဲမှာ တလက်လက်တောက်ပနေသည်။ နှစ်ဖက်စစ်တပ်များတိုက်ခိုက်ရာမှ သံသံချင်းထိခတ်သံများထွက်ပေါ်နေပြီး လက်နက်အပျက်အစီးများက မြေပြင်မှာများပြားလာ၏။
မြို့၏နှစ်ဘက်တွင်ရှိနေသောသွေးနီတပ်များသည် စစ်မြေပြင်ရှိတစ်နေရာတည်းသို့ စုစည်းလာခဲ့သည်။ ထို့နောက် သူတို့က မိုယွဲ့တပ်များထံသို့ မြားတွေကိုထပ်မံပစ်လွှတ်လိုက်၏။ တောက်လောင်နေသောမီးတောင်နှင့်အတူ မြားတွေက အရာအားလုံးကိုထိုးဖောင်ဝင်ရောက်နေလေရာ မိုယွဲ့တပ်သားများမှာ မည်သို့ခုခံရမည်မှန်းမသိချေ။ တချိန်တည်းမှာပင် မိုယွဲ့တပ်သားများကြားတွင် အဖျက်အဆီးချီစွမ်းအားများထွက်ပေါ်လျက် တလက်လက်တောက်ပနေသော ဓားတစ်ချောင်းထွက်ပေါ်လာ၏။ ဓားက တပ်သားတစ်ရာခန့်မျှကို လိုက်လံသတ်ဖြတ်နေခဲ့လေသည်။ ထိုဓားပိုင်ရှင်ကား လင်းဖန်....
ထိုဓားချက်ထွက်ပေါ်လာပြီးနောက် မိုယွဲ့တပ်သားများကြားတွင်ရောက်ရှိနေသည့် သွေးနီတပ်သားများ၏ အကြင်နာတရားကင်းမဲ့စွာသတ်ဖြတ်သည့်ဓားချက်များ ထွက်ပေါ်လာသည်။ ဤအခြင်းအရာက တပ်အတွင်းမှာ ရုန့်ရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးနေပေ၏။ သို့ရာတွင် သွေးနီတပ်သားများက အမိန့်များကိုလိုက်နာကာ သူတို့၏အသက်ကိုမထိခိုက်အောင်နေကြသည်။
ယခုအချိန်တွင် မိုယွဲ့တပ်မှာ တပ်သားနှစ်သိန်းငါးသောင်းကျန်ရှိပြီး ရွှီယွဲ့တပ်တွင်တပ်သားတစ်သိန်းအောက်သာ ကျန်ရှိ၏။ မိုယွဲ့တပ်က မြို့အတွင်းမှာပျက်စီးဆုံးရှုံးခြင်းများသော်လည်း ရွှီယွဲ့တပ်နှင့်ယှဉ်လျှင် များစွာကျန်ရှိနေသေးသည်။
