အပိုင်း ( ၃၁၃ )

1.2K 157 2
                                    

လင်းဖန်ဆိုတာ ငါပဲ။

ရိန်ချင်းကွမ်က လင်းဖန်ကို ကြည့်ကာ တွေးနေမိ၏။ မည်မျှရဲရင့်ပြီး ရည်မှန်းချက်ကြီးမားလိုက်သော လူငယ်နည်း။ လင်းဖန်နောက်ကို သူလိုက်ခဲ့စဉ်တည်းက လင်းဖန်က သွေးနီတပ်ဖွဲ့ကို အလွန်တရာကြောက်ရွံ့ခြင်းကင်းမဲ့သော တပ်ဖွဲ့တစ်ခုဖြစ်အောင် ပြုလုပ်ပေးလိမ့်မည်ဟု သူတွေးထင်ထားပြီးဖြစ်သည်။

လင်းဖန်က အနာဂတ်မှာ အလွန်တရာ ခက်ခဲသောအလုပ်ကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမျှော်လင့်နေခဲ့၏။  သို့ရာတွင် ဤမျှတိုးတောင်းသော အချိန်လေးအတွင်းမှာ ဆေးလုံးတစ်သိန်းနှစ်သောင်းကို ရှာဖွေခဲ့ပြီး တပ်သားသုံးသောင်းကို နောက်တစ်ဆင့်သို့ ရောက်ရှိသွားစေခဲ့ခြင်းက သူ့ကို တအံ့တသြဖြစ်သွားစေသည်။ ထိုကဲ့သို့ဖြစ်ရန် သူကြိုးစားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၏။ လင်းဖန်၏ ခိုင်မာပြတ်သားသောစိတ်ဓာတ်နှင့် အလုပ်ကြိုးစားမှုကြောင့် အလွန်တိုတောင်းသောအချိန်တွင်းမှာ သူလုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

ထို့ပြင် လင်းဖန်က ရရှိလာသောဆေးလုံးများကို ရိန်ချင်းကွမ်အား ပေးပြီး ကြီးမားသောတာဝန်တစ်ခုကို ထမ်းဆောင်စေလိုက်သည်။

“ ဦးလေးရိန်၊ သခင်ချီနဲ့ သခင်ဟောင်တို့က ဦးလေးတို့ကို ရွှမ်ချီအဆင့်ရောက်ရှိသွားအောင် ကူညီပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့ တပ်စုက အဲ့ဒီလိုနဲ့ အများကြီးသန်မာလာလိမ့်မယ် ”
လင်းဖန်ကပြောလိုက်ရာ ရွှမ်ချီအဆင့်ဆိုသောစကားလုံးကြောင့် ခေါင်းဆောင်သုံးယောက်လုံး စကားမပြောနိုင်လောက်အောင် ဆွံ့အသွား၏။

ဘယ်သူက အံ့မခန်းအစွမ်းထက်လာမှာကို ငြင်းဆန်လိမ့်မည်နည်း။

“ သခင်ချီ၊ သခင်ဟောင် ”
လင်းဖန်က အဘိုးအိုနှစ်ယောက်ကို လှည့်ကြည့်လိုက်၏။ အဘိုးအိုနှစ်ယောက်က စဉ်းစားတွေးတောနေသည့်အသွင်ကို သူမြင်လိုက်ရသည်။ ထို့နောက် သူတို့က ပြောလာ၏။
“ ငါတို့အဖြေရှာလိုက်မယ် ”

“ ကောင်းပြီ ”
လင်းဖန်က ပြောလိုက်ပြီး ချက်ချင်းပင် ရိန်ချင်းကွမ်ကို ကြည့်ကာ ဆက်လက်ပြောလိုက်သည်။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ