အပိုင်း ( ၃၁၁ )

1.2K 173 1
                                        

စိန်ခေါ်ခြင်း

ရန်ကျုံးမြို့သည် လှုပ်ရှားသက်ဝင်နေ၏။ မြို့ရိုးထိပ်တွင် အစောင့်အကြပ်များကို ကြည့်ရသည်မှာ အေးစက်တင်းမာကာ ခက်ထန်သောမျက်နှာအသွင် ရှိနေသည်။ မြို့အပြင်ဘက်ရှိ မြို့ရိုးအရှေ့မှာ သွေးနီမြင်းနှစ်ကောင်သည် ကောင်းကင်ယံကို မော့ကြည့်ကာ ဟီနေ၏။

ထိုမြင်းနှစ်ကောင်အပြင် အသက်ရှိနေသည့်အလား ကြေးရောင်ရုပ်တုနှစ်ခု ရှိနေ၏။ ထိုနှစ်ရုပ်အနက် တစ်ရုပ်မှာ သွေးနီမြင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သော လျန်ချန်းလန်၏ရုပ်တုဖြစ်သည်။

လျန်ချန်းလန်ကိုကြည့်ရသည်မှာ ရဲရင့်တည်ကြည်နေ၏။ ထိုရုပ်တုပတ်လည်တွင် ချီများဝန်းရံထားသည်။ ထိုချီများသည် လျန်ချန်းလန်၏ချီများနှင့် ဆင်တူရာ ရုပ်တုကို ပို၍အသက်ဝင်စေ၏။

တခြားရုပ်တုတစ်ခုမှာ လူငယ်တစ်ယောက်ကို ကိုယ်စားပြုနေ၏။ ထိုလူငယ်ကိုကြည့်ရသည်မှာ တည်ငြိမ်အေးချမ်းပြီး ယောက်ျားပီသချောမောသည်။ သူ့မျက်လုံးများက မှိတ်ထားပြီး မျက်နှာသွင်ပြင်က အဓိပ္ပာယ်ရှိသောအသွင်တစ်ခုကို ဖော်ပြထားရာ ရုပ်တုကို အသက်ဝင်နေစေ၏။ ထိုရုပ်တုမှ မာနကြီးသည့်အရိပ်အယောင်တချို့လည်း ထွက်ပေါ်နေသည်။ ထိုလူငယ်၏ပုံစံက ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသော သူရဲကောင်းတစ်ယောက်၏အသွင်ကို ဖော်ပြနေ၏။ ထိုလူငယ်ကား ရန်ကျုံးမြို့စား၊ သွေးနီတပ်ဖွဲ့၏ခေါင်းဆောင် လင်းဖန်ဖြစ်ပေသည်။

ထိုရုပ်တုနှစ်ခုမှာ အထိမ်းအမှန်ရုပ်တုများဖြစ်ပြီး အစွမ်းထက်သော ဗိုလ်ချုပ်နှစ်ယောက်က ရန်ကျုံးမြို့ကို စောင့်ရှောက်နေသည်ဟူသော ရည်ရွယ်ချက်ဖြစ်၏။

မြို့၏အပြင်ဘက်တွင် လူအများစုက ထိုရုပ်တုနှစ်ခုကို အရိုအသေပေးနေကြသည်။ နတ်မြားရှင်လျန်ချန်းလန်ကို လူအများစုက သူရဲကောင်းအဖြစ် လက်ခံထားကြ၏။ အင်ပါယာမျိုးနွယ်စု၏သတ်ဖြတ်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သော သူရဲကောင်းတစ်ယောက်။ ဘဝက သူ့အပေါ်မှာ အမှန်တကယ် ရက်စက်လှသည်။

ရန်ကျုံးမြို့မှလူများသည် ပျော်ပျော်ပါးပါးရယ်မောကာ စကားပြောနေကြ၏။ သူတို့အားလုံးကိုကြည့်ရသည်မှာ ပျော်ရွှင်နေကြသည့်ပုံပေါ်သည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora