အပိုင်း ( ၃၀၂ )

1.2K 153 3
                                    

ဆေးလုံးတစ်သိန်းနှစ်သောင်း

လင်းဖန်နှုတ်ခမ်းသားတွေ၏အထိအတွေ့ကို မိန်ချင်းခံစားမိသောအခါ သူမ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။ အနမ်းတစ်ပွင့်အောက်တွင် အဆုံးအစမဲ့ရေခဲများ အရည်ပျော်သွားပုံပေါ်သည်။

သူမ၏ဘဝတွင် ထိုကဲ့သို့ ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးခဲ့ချေ။ လင်းဖန်၏အနားတွင် ထာဝရနေခွင့်ရရန် သူမမျှော်လင့်နေပြီး ထိုအရာက သူမ၏စစ်မှန်သော ပျော်ရွှင်မှုဖြစ်လိမ့်မည်။

လင်းဖန်၏လက်များက မိန်ချင်း၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားဆဲဖြစ်ပြီး သူမကို လွှတ်ပေးရန် ဆန္ဒမရှိသည့်အလား ငြိမ်သက်နေ၏။ သူ့နှလုံးသားက အချစ်စိတ်များပြည့်နေပြီး သူ့လက်များက မိန်ချင်း၏ ပြစ်မျိုးမှဲ့မထင် လှပသော ခန္ဓာကိုယ်ပေါ်တွင် ရွေ့လျားသွားလာနေသည်။

လင်းဖန်လက်များ၏ အထိအတွေ့ကို မိန်ချင်းခံစားမိသောအခါ အနည်းငယ် တုန်ခါသွားရ၏။ သူမက လင်းဖန်၏လက်များကို လှုပ်ရှားခြင်းမရှိအောင် ချက်ချင်းဆုပ်ကိုင်ထားလိုက်သည်။

သူတို့၏နှုတ်ခမ်းအစုံ ကွာသွား၏။ လင်းဖန်၏လက်များက ယခင်အတိုင်း မိန်ချင်း၏ကိုယ်ပေါ်တွင် ရှိနေဆဲ။ မိန်ချင်း၏မျက်နှာလေးက အေးစက်ခြင်းမရှိတော့ဘဲ နူးညံ့ပျော့ပျောင်းသော အရိပ်အယောင်တစ်ခုရှိနေပြီး ပန်းရောင်ယှက်သန်းနေ၏။ ထိုအခိုက်တွင် သူမကို ကြည့်ရသည်မှာ လွန်စွာ လှပနေသည်။

ထိုစဉ် လင်းဖန်က တစ်စုံတစ်ခုကို ပြုမူရန် ပြင်လိုက်စဉ်မှာ မိန်ချင်း၏နှုတ်ခမ်းလေးထက်မှ စကားလုံးတို့ ထွက်ကျလာ၏။
“ လင်းဖန်…ကျွန်မ ပုံပြင်နားထောင်ချင်လို့ ”

“ ပုံပြင် ”
လင်းဖန်၏မျက်လုံးများတွင် အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ နူးညံ့ချိုမြသော မျက်နှာလေးကိုကြည့်ကာ သူ့မှာ ငြင်းဆန်ရန်အင်အား မရှိတော့ချေ။

“ ဘယ်လိုပုံပြင်မျိုး ကြားချင်လဲ ”
လင်းဖန်က သူမ၏ကြည်လင်တောက်ပနေသော မျက်လုံးလေးများကို ကြည့်ရင်း မေးလိုက်သည်။

“ ဒဏ္ဍာရီလာမြေခွေးပုံပြင် ”
မိန်ချင်းက လင်းဖန်၏ပုခုံးထက်တွင် မှီနေရင်း တိုးတိတ်ညင်သာစွာ ပြောလိုက်လေ၏။ ယခုအချိန်တွင် သူမ၏ပုံစံက အေးစက်တင်းမာနေသည့်အသွင်မဟုတ်တော့ဘဲ နူးညံ့သည့်အသွင်ဖြစ်နေသည်။

PMG အတွဲ ( ၂ )Tempat cerita menjadi hidup. Temukan sekarang