အပိုင်း ( ၂၉၀ )

1.2K 162 0
                                        

ထပ်မံရောက်ရှိလာသောအဖွဲ့

တိုက်ခိုက်မှုများက ဆက်လက်ဖြစ်ပွားနေ၏။ မိုချန်းလန်နှင့် သခင်ဟောင်တို့၏ တိုက်ပွဲက ပြင်းထန်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် မကောင်းဆိုးဝါးချီများနှင့် မီးတောက်ချီများ ရိုတ်ခတ်နေကာ ဘယ်သူနိုင်မလဲဆိုတာကိုပင် ပြောပြရန် ခက်ခဲသည်။

မိုချန်းလန်၏ ကျင့်စဉ်များသည် ရက်စက်သည်။ သခင်ဟောင်၏ကျင့်စဉ်များက တိကျသေသပ်သည်။ ပင်းယဲတျန်း၏ ကျင့်ကြံခြင်းအဆင့်က မိန်ချင်းထက်မြင့်မားသော်လည်း သူမ၏တိုက်ခိုက်စွမ်းအားက ခန့်မှန်းထားသည်ထက် များစွာသာလွန်နေသည်။ ထို့အပြင် စောစောက သူမ၏တိုက်ခိုက်မှုကြောင့် သူဒဏ်ရာရသွား၏။ သို့ဖြစ်ရာ မိန်ချင်းကို မည်သို့မျှ သူအနိုင်မယူနိုင်တော့ပေ။

သိန်းငှက်ရဲတိုက်အဖွဲ့ဝင်များကို ကြည့်လျှင် လင်းဖန်အနီးမှာ သွားမနေချင်ပေ။ သူ၏အာရုံစိုက်ခြင်းခံရမှာကို ကြောက်ရွံ့နေ၏။

သူ၏ခရမ်းရောင်ဝိညာဉ်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ လူများကို အစအနမကျန်အောင် ဝါးမြိုနိုင်စွမ်းရှိသည်။

“ ဒီနေ့ လင်းဖန်သေမှာ မဟုတ်ဘူး ”ဟု လူအုပ်ကြီးတွေးနေမိ၏။ ပင်းဟဲတျန်းနှင့် မိုချန်းလန်တို့က အတူတကွ တိုက်ခိုက်သော်လည်း သူ့အား မသတ်နိုင်ပေ။ သူ့ကံကြမ္မာက ယနေ့သေရမှာ မဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ့ကိုသတ်ရန် လုံလောက်သောအစွမ်း မရှိတာလည်း ဖြစ်နိုင်၏။

လူအုပ်ကြီးက အတန်ငယ်ဝေးသောနေရာမှ နေကာ အခြေအနေကို သုံးသပ်နေစဉ် အဖြူရောင်ဝေါယာဉ်တစ်ခု ဆိုက်ရောက်လာသည်။

ထိုအဖြူရောင်ဝေါယာဉ်ထက်တွင် အဖြူရောင်ဇာပဝါကို လွှမ်းခြုံထားသော အမျိုးသမီးတစ်ယောက် လိုက်ပါလာ၏။ လူလေးယောက်က ထိုဝေါယာဉ်ကို သယ်ဆောင်လာပြီး ဝေါယာဉ်၏နောက်တွင် လူများက လျင်မြန်စွာ ပြေးလိုက်လာသည်။ သူတို့ကို ကြည့်ရသည်မှာ အလွန်လျင်မြန်လှပြီး ခြေထောက်နှင့်မြေကြီး မထိသည့်အလား ထင်ရသည်။

လျှပ်တစ်ပြက်အတွင်း လူအုပ်စုက တိုက်ပွဲကျင်းပသော နေရာသို့ ရောက်ရှိလာ၏။ သို့တိုင်အောင် သူတို့က တိုက်ပွဲထဲ ပါဝင်ခြင်း မရှိချေ။

PMG အတွဲ ( ၂ )Where stories live. Discover now