အပိုင်း ( ၂၅၆ )

1.3K 151 5
                                    

သူ့ကိုလာတောင်းပန်ခိုင်းလိုက်…!!!

နှစ်ကုန်ဆုံးချိန်တွင် ရန်ကျုံးမြို့ကား ကျင့်ကြံရာမှ ပြန်လာကြသော မျိုးဆက်သစ်များနှင့် လွန်စွာ သက်ဝင်လှုပ်ရှားနေလေ၏။

အစောင့်အကြပ်များက မြို့ရိုးထိပ်မှာ ခေါင်းကိုမော့ကာ အရာရာကို စီရင်နေသည့်အသွင်ဖြင့် မြို့ကို စောင့်ကြပ်ပေးနေသည်။

မြို့အတွင်းမှာ လူများက လမ်းလျှောက်သွားနေကြရင်း အကြောင်းအရာမျိုးစုံကို ပြောဆိုနေကြ၏။

“ လင်းမျိုးနွယ်စုရဲ့ပါရမီရှင် လင်းချန်က ရန်ကျုံးမြို့ကို ပြန်ရောက်နေတာ မင်းကြားပြီးပြီလား? အခုလင်းချန်က အနာဂတ်သစ်အဖွဲ့ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေပြီ။ မျိုးနွယ်စုထဲမှာရှိတဲ့အကြီးအကဲတွေထက်တောင် အစွမ်းထက်တယ်လို့ ပြောကြတယ်။ ဒါ့အပြင် လင်းချန်နှင့်အတူ အနာဂတ်သစ်အဖွဲ့က ကျောင်းသားတချို့လည်း ပါလာတယ်။ ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတာပဲ ”
လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ သူတို့ကိုကြည့်ရသည်မှာ မနာလိုနေသည့်ဟန် ရှိပေသည်။ လင်းချန်က အံ့မခန်းအစွမ်းထက်လာပြီး လင်းမျိုးနွယ်စုအတွက် ဂုဏ်ယူစရာဖြစ်နေ၏။ သူမ၏ကျေးဇူးကြောင့် လင်းမျိုးနွယ်စုသည်လည်း ဂုဏ်တက်လာရသည်။

“ ဟဲ ဟဲ..အဲ့ဒီတော့ ဘာဖြစ်လဲ? နလန်ဖန်းပြန်လာတဲ့အတွက် နလန်ရှုန်က မြင့်မြတ်တဲ့ လူတွေကို ဖိတ်ကြားပြီး ကြီးကျယ်တဲ့ ဂုဏ်ပြုပွဲလုပ်ပေးတာကို မင်းမသိဘူးလား? ဒါ့အပြင် လင်းမျိုးနွယ်စုကိုလည်း မဖိတ်ကြားခဲ့ဘူး။ နလန်ရှုန်က လူငယ်တစ်ယောက်ကို အတူခေါ်လာခဲ့တယ်။ သူ့နာမည်က ဒူဂူရှောက်ဖြစ်တယ်။ သူက နန်းတွင်းအမတ်အချို့နဲ့ သွေးသားတော်စပ်တယ်တဲ့။ အဲ့ဒီလိုလူမျိုးကို ငါတွေးတောင်မကြည့်ဝံ့ဘူး ”

သူတို့ဘေးမှာ ရှိသော လူတစ်ယောက်က ပြောလိုက်ရာ သူတို့အားလုံး အံ့အားသင့်သွား၏။ ရွှီယွဲ့နိုင်ငံအတွင်းမှာ နန်းတွင်းအမတ်များသည် လွန်စွာမြင့်မားသော ပုံရိပ်ရှိပြီး သာမန်ထက်ထူးကဲ့သည့်လူများ ဖြစ်သည်။ နလန်ဖန်းက နန်းတွင်းအမတ်များနှင့် သွေးသားတော်စပ်သည့် လူတစ်ယောက်နှင့် ရင်နှီးကျွမ်းဝင်ရာ အနာဂတ်မှာ နလန်မျိုးနွယ်စုက ပိုမိုအဆင့်မြင့်မားနိုင်၏။

“ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ! နလန်မျိုးနွယ်စုနဲ့ လင်းမျိုးနွယ်စုက အချိန်ကြာလာရင် တိုးတက်မြင့်မားလာကြလိမ့်မယ်။ အခြားမျိုးနွယ်စုနှစ်ခုက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့လုပ်နိုင်တာက နလန်မျိုးနွယ်စုဖြစ်ဖြစ်..လင်းမျိုးနွယ်စုဖြစ်ဖြစ်..အဲ့ဒီမျိုးနွယ်စုနှစ်ခုထဲက တစ်ခုခုနဲ့ ပူးပေါင်းလိုက်တာပဲ ”

“ သေချာတာပေါ့..အရင်နှစ်ရန်ကျုံးမြို့ရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ နလန်ဖန်းနဲ့ လင်းချန်တို့က အံ့မခန်းအစွမ်းထက်မြခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ထက် သာတဲ့ ပိုင်ယွမ်ဟောက်ဆိုတဲ့ လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်။ အိုး..လင်းဖန်ဆိုတဲ့တစ်ယောက်ကိုလည်း ငါမှတ်မိပြီ။ လင်းမျိုးနွယ်စုက ထုတ်ခံလိုက်ရတဲ့တစ်ယောက်လေ။ မကြာခင်ကာလအတွင်းမှာ ထပ်ပြီးတော့ ဘာတွေလုပ်ပြမလဲ ငါ မသိဘူး ”

“ လင်းဖန်လား? သူက ဘာလုပ်နိုင်မှာမို့လို့လဲ? သူ့မှာ မြင့်မားတဲ့ပုံရိပ်လည်း မရှိဘူး။ ကလေကချေဘဝရောက်ပြီး လမ်းဘေးရောက်နေလောက်ပေါ့။ လင်းချန်နဲ့ နလန်ဖန်းက သူ့ကို သတ်ပစ်ထားလောက်ပြီ။ တကယ်လို့ မလုပ်ရသေးဘူးဆိုရင်လည်း အခုချိန်မှာ လင်းဖန်အနေနဲ့ နလန်ဖန်းနဲ့ လင်းချန်တို့ကို တိုက်ခိုက်ဖို့မပြောနဲ့..လိုက်ဖမ်းရင်တောင် မိမှာ မဟုတ်ဘူး ”
လူတစ်ယောက်က သက်ပြင်းချလိုက်ရင်း ခေါင်းကိုခါယမ်းလျက် ပြောလိုက်သည်။

မနှစ်က ရန်ကျုံးမြို့နှစ်ပတ်လည်ပြိုင်ပွဲမှာ အတောက်ပဆုံးစွမ်းရည်ရှိသူက နလန်ဖန်းလည်းမဟုတ် လင်းချန်လည်း မဟုတ်ခဲ့ဘဲ အလွန်တရာရဲရင့်သော လူငယ်လေး လင်းဖန်ဖြစ်ခဲ့သည်။

PMG အတွဲ ( ၂ )Where stories live. Discover now