အပိုင်း ( ၃၆၅ )

373 39 0
                                        

Zawgyi

ပညာသင်ဖက်များ

သွမ့်ရှင်းရဲ့သည် လင်းဖန်ထံမှ အေးစက်သောစွမ်းအင်များကို မြင်သောအခါ လင်းဖန်၏လက်ကို ပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး သူ့ကိုနူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ ဒီကမ္ဘာမှာ လူအများစုက တခြားလူရဲ့မာနကို ချိုးဖျက်ဖို့ သူနဲ့ပတ်သက်တဲ့လူတွေကို သတ်ပစ်ဖို့ကြိုးစားလိမ့်မည်။ သူတို့အားလုံးက သူတို့ကိုယ်သူတို့ အရမ်းအစွမ်းထက်တယ်လို့ ထင်နေကြသလို လူတွေရဲ့အသက်ကို တန်ဖိုးမထားကြဘူး ”

သွမ့်ရှင်းရဲ့သည် လင်းဖန်က လွတ်လပ်စွာနေပြီး ရံဖန်ရံခါ အေးစက်တင်းမာကာ သူသတ်ခဲ့သည့်လူများအပေါ်တွင် သနားကြင်နာစိတ်မပြသော်လည်း သူ့နှလုံးသားထဲတွင် မေတ္တာတရားရှိနေသေးကြောင်း ကောင်းစွာသိ၏။ ထိုသို့မဟုတ်လျှင် တပ်သားများအသတ်ခံလိုက်ရခြင်းအတွက် ဒေါသထွက်နေလိမ့်မည်မဟုတ်ပေ။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသတွင် ရိုးသားပြီး စိတ်သဘောထားကောင်းကာ ပါရမီရှိသော လူများစွာ ရှိ၏။ သို့ရာတွင် သူတို့က လောကကြီး၏ ရက်စက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့လိုက်ရသောအခါ ရွေးချယ်စရာမရှိတော့ဘဲ ဓားကိုကိုင်ဆွဲကာ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်သုံးရတော့သည်။

လင်းဖန်၏နှလုံးသားထဲမှာလည်း တူညီသော ပြဿနာတစ်ရပ်ကို ဖြတ်သန်းခဲ့ရသည်။ လျန်ချန်းလန်ပင် ထိုကဲ့သို့ ခံစားချက်များ ရှိ၏။

“ ဒါပေမယ့် အရေးကြီးဆုံးက ရှင့်နှလုံးသား မပြောင်းလဲဖို့ပဲ။ ရှင့်နှလုံးသားသာ မပြောင်းမလဲရှိနေရင် ကျွန်မရဲ့နှလုံးသားကလည်း အမြဲတမ်းရှင့်အတွက် ဖြစ်နေလိမ့်မယ်  ”
သွမ့်ရှင်းရဲ့က လင်းဖန်ကို တည်ငြိမ်သွားစေရန် ကြိုးစားနေသည့်အလား သူမ၏မျက်နှာတွင် နူးညံ့သောအပြုံးလေး ထွက်ပေါ်လာသည်။

သွမ့်ရှင်းရဲ့၏အပြုံးကို မြင်သောအခါ လင်းဖန် ပြုံးလိုက်သည်။ သွမ့်ရှင်းရဲ့က လူများတစ်ယောက်နှင့်တစ်ယောက် အကွက်ချကာ လုပ်ကြံနေကြသည်ကို တွေ့ကြုံနေရသူဖြစ်၏။

သို့သော် သွမ့်ရှင်းရဲ့က သူမ၏နှလုံးသားကို မည်သည့်အရာနှင့်မျှ ညစ်ညမ်းသွားစေရန် ပြုလုပ်ခွင့်မပြုသည့်အတွက်ကြောင့် သူမ၏အပြုံးက နူးညံ့ပြီး သန့်စင်နေသည်။

PMG အတွဲ ( ၂ )Dove le storie prendono vita. Scoprilo ora