အပိုင်း ( ၂၈၄ )

1.3K 177 1
                                        

ချေမှုန်းခြင်း

“ ဝိုင်းထားလိုက်ကြ ”
သိန်းငှက်ရဲတိုက်၏ဒုတိယခေါင်းဆောင်က ပြောလိုက်ရာ မြင်းများက ကောင်းကင်နန်းစားသောက်ဆိုင်ကို ချက်ချင်းပင် ဝန်းရံထားလေ၏။ ဒုတိယခေါင်းဆောင်က အတန်ငယ်ဝေးသောနေရာမှနေ၍ စားသောက်ဆိုင်ကို သတ်ဖြတ်ချင်သောအငွေ့အသက်များ ထွက်ပေါ်နေလျက် ကြည့်နေသည်။

“ အထဲဝင်ပြီး သူ့ကို ဖမ်းလိုက်ကြ။ သူ့ကို အသက်ရှင်ရက် ငါလိုချင်တယ် ”
ဒုတိယခေါင်းဆောင်က ပြောလိုက်သည်။

“ အမိန့်အတိုင်းပါ ”
သိန်းငှက်ရဲတိုက်အဖွဲ့ဝင်အချို့က ပြိုင်တူပြောဆိုလိုက်၏။ သူတို့က စားသောက်ဆိုင်ဝင်ပေါက်သို့ ချက်ချင်းဝင်ရောက်လာသည်။ ထို့နောက် စားသောက်ဆိုင်၏အလယ်သို့ သူတို့ရောက်သွားသည်။

သို့သော်လည်း စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် အံ့မခန်းများပြားလှသော စွမ်းအင်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်လာရာ သူတို့၏နှလုံးခုန်နှုန်းများ မြန်ဆန်သွားရသည်။

လေပွေတစ်ခုတိုက်ခိုက်လိုက်သည့်ပမာ အံ့မခန်းစွမ်းအင်များနှင့် ပြည့်နေသော နှစ်ဖက်သွားဓားတစ်လက်ပေါ်ထွက်လာ၏။

သည်းခြေခိုက်လုမတတ် အံ့မခန်းနာကျင်စွာအော်သံများက ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်သွားသည်။ အုပ်စု၏နောက်မှာ ရှိနေသောလူများကား စားသောက်ဆိုင်အပြင်ဘက်သို့ လွင့်စဉ်သွား၏။ ရှေ့မှာ ရှိနေသောလူများသည် ထွက်ခွာသွာသော်ချင်သော်လည်း သူတို့နောက်မှာရှိသော လူများက ဟန့်တားထားရာ အခြေအနေတစ်ခုလုံးက ပရမ်းပတာ ဖြစ်နေသည်။ သွေးများက နေရာတိုင်းသို့ ပျံ့ကျဲသွားသည်။

ပေါက်ကွဲသံများက အဆမပြတ်ထွက်ပေါ်လာ၏။ စားသောက်ဆိုင်ထဲသို့ ပထမဦးစွာဝင်ရောက်လာသော လူများအပါအဝင် လူအများစုမှာ ကြမ်းပြင်ထက်တွင် လဲကျနေသည်။

ထိုမြင်ကွင်းက လူအုပ်ကြီးကို တအံ့တသြဖြစ်သွားစေ၏။ လင်းဖန်သည် သိန်းငှက်ရဲတိုက်မှလူများကို စားသောက်ဆိုင်အတွင်းထဲသို့ ဝင်ရောက်လာအောင် လုပ်ခဲ့ပြီး သတ်ပစ်ခဲ့သည်။

သိန်းငှက်ရဲတိုက်မှလူများမှာ စားသောက်ဆိုင်ထဲသို့ ထပ်မံဝင်ရောက်ခြင်းမပြုရဲတော့ချေ။ ထိုအစား သူတို့က စားသောက်ဆိုင်ဝင်ပေါက်ရှေ့မှာ ချီတုံချတုံဖြစ်လျက် ရှိနေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now